ဆန်ချိုရဲ့ ကစားပုံကို သုံးသပ်ပြလိုက်ပြီး အင်္ဂလန်အသင်း အတွက် မန်စီးတီး ကစားသမားကို ရွေးချယ်သွားတဲ့ ဆောက်ဂိတ်အပေါ် သူ့ရဲအမြင်ကို ထုတ်ပြောလိုက်တဲ့ ပေါလ်စခိုး

0
2751

ပေါလ်စခိုးလ်က ဆန်ချိုဟာ တောင်ပံကနေအတွင်းကို ၀င်ပြီး အဲရစ်ဆင်၊ ဖာနန်ဒက်စ်တို့နဲ့ တွဲဖက်ကစားတဲ့ အချိန်မှာ မန်ချက်စတာ ယူနိုက်တက် အတွက် အကောင်းဆုံး ပုံစံကို ပြသနိုင်တယ်လို့ ယုံကြည်နေပါတယ်၊ ဆန်ချိုဟာ မနေ့ညက ရှရစ်ဖ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ယူရိုပါလိဂ် အုပ်စုပွဲစဉ်မှာ




မန်ချက်စတာ ယူနိုက်တက် အတွက် အဖွင့်ဂိုး သွင်းပေးနိုင်ခဲ့ပြီး နောက်တစ်ဂိုးကိုတော့ ရော်နယ်ဒိုက ပင်နယ်တီကနေ သွင်းယူခဲ့ခြင်း ဖြစ်ပါတယ်၊ အဲရစ် တန်ဟက်ဂ် ရဲ့ အသင်းဟာ မော်ဒိုဗာမှာ သက်တောင့်သက်သာ အနိုင်ရရှိခဲ့ပါတယ်၊ အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ အပတ်တွေအတွင်း ပုံစံကောင်း ပြသလျက်ရှိနေပြီး နောက်ဆုံး ၆ ပွဲမှာ ၃ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ ပေါလ်စခိုးလ်က တန်းဟတ် အနေနဲ့




ဆန်ချိုကို တောင်ပံကစားသမား စစ်စစ် တစ်ဦးထက် စာရင် တောင်ပံကနေ အတွင်းကို ချိုး၀င်တဲ့ ပုံစံမျိုး ဆက်လက် ကစားခိုင်းသင့်တယ်လို့ ပြောလိုက်ပါတယ်၊ ဆက်လက်ပြီး ပေါလ်စခိုးလ်က ဆန်ချိုအနေနဲ့ မန်စီးတီးမှာ နေရာပျောက်နေတဲ့ ဂရီလစ်ခ်ျကို ကျော်ကာ အင်္ဂလန်ရဲ့ နောက်ဆုံး ထုတ်ပြန်တဲ့ လူစာရင်းမှာ ပါ၀င်သင့်တယ်လို့လည်း ဆိုခဲ့ပါသေးတယ်။




ဆောက်ဂိတ် ဟာ သူ့ အကြောင်းပြချက်နဲ့ သူ ကစားသမားတွေကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ squad တွေကို အခြေခံပြီး ရွေးတာလည်း ဖြစ်နိုင်ပါတယ်၊ ကျွန်တော်ကတော့ ဆန်ချိုဟာ ဒီအချိန်မှာ ဂရီလစ်ခ်ျကို ကျော်ကာ ရွေးချယ်ခံရဖို့ ထိုက်တန်တယ်လို့ ထင်ပါတယ်၊ ဆန်ချိုဟာ လီဗာပူးနဲ့ ပွဲမှာ တကယ်ကောင်းတဲ့ ဂိုးကို သွင်းယူထားခဲ့တဲ့ အပြင်




ဒီညမှာလည်း တကယ့်ကို ကောင်မွန်တဲ့ လက္ခဏာတွေကို ပြသခဲ့ပါတယ်၊ သူဟာ တောင်ပံကနေ အတွင်းကို ချိုး၀င်ပြီး အခြား ကစားသမားတွေနဲ့ ချိတ်ဆက် ကစားတဲ့ ပိုပြီး ကောင်းလာခဲ့ပါတယ်၊ သူဟာ ပြိုင်ဘက်တွေကို တောင်ပံကနေ ဒါမှမဟုတ် အတွင်းကနေ ကျော်ဖြတ်နိုင်တဲ့ လျှင်မြန်တဲ့ ပြေးအားကို မပိုင်ဆိုင်ထားပါဘူး။ ဒေါ့မွန်မှာ သူအကောင်းဆုံး ပုံစံ

ပြသခဲ့တဲ့ အချိန်ကို ကြည့်လိုက်ပါ၊ သူဟာ ဟာလန်း၊ ဟာခီမီ တို့နဲ့ ချိတ်ဆက် ကစားခဲ့တာ ဖြစ်ပါတယ်၊ အကယ်၍ သူဟာ ဖာနန်ဒက်စ် အဲရစ်ဆင် တို့ကို ရှာဖွေနိုင်မယ်ဆိုရင် သူဟာ မန်ချက်စတာ ယူနိုက်တက် မှာ ဒါမျိုး လုပ်နိုင်မှာပါ၊ သူဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ကောင်းမွန်တဲ့ ကစားသမား တစ်ဦး ဖြစ်လာနိုင်ပါတယ်လို့ ပြောဆိုလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူဟောင်း အို၀င်ဟားဂရေ့စ်ကလည်း ကျွန်တော်ကတော့ မန်ချက်စတာ ယူနိုက်တက် ဟာ ဆန်ချိုကို တောင်ပံကစားသမား အဖြစ် ခေါ်ယူခဲ့တာလို့ ထင်ပါတယ်၊ သူတို့ဟာ ဒေ့ါမွန်က ဆန်ချိုရဲ့ performance ကို တွေ့ခဲ့မှာပါ၊ ဒါပေမယ့် သူဟာ အတွင်းကို ၀င်ပြီး ဘရူနို၊ အဲရစ်ဆင် တို့နဲ့ ချိတ်ဆက် ကစားချင်နေတာပါ၊ အခုဆိုရင်

အဲရစ်ဆင် ဒီအသင်းမှာ ရှိနေတာကြောင့် မန်ချက်စတာ ယူနိုက်တက် ဟာ ဘောလုံး ပိုင်ဆိုင်မှု ပိုများလာမှာ ဖြစ်ပြီး ဆန်ချို အနေနဲ့ အတွင်းကို၀င်ပြီး ချိတ်ဆက်ကစားတဲ့အခါ သူ့ရဲ့ အကောင်းဆုံး အရည်အသွေးက ထွက်လာမှာပါ၊ သူဟာ ဒါကို လျှင်လျှင်မြန်မြန် လုပ်ချင်နေပါတယ်၊ ဆန်ချိုရဲ့ ဂိုးကို ကြည့်လိုက်ပါ၊ သူဟာ ဒီဧရိယာတွေမှာ ကောင်းတဲ့သူပါ။

အဲရစ်ဆင်၊ ဘရူနို၊ ခရစ်စတီယာနို တို့လည်း ရှိနေတာကြောင့် တိုက်စစ်ရဲ့ ဒီ ဧရိယာတွေမှာ အရမ်းကို ကောင်းတဲ့ option တွေ ရှိနေပါတယ်၊ သူရဲ့ ဂိုးဟာ တကယ့်ကို ကောင်းပြီး ဒါကို ကြည့်ရင် ဆန်ချိုရဲ့ အရည်အသွေးတွေကို ကောင်းကောင်း မြင်နိုင်ပါတယ်။ လို့ သုံးသပ်လိုက်ပါတယ်။




credit