ရော်နယ်ဒိုနဲ့ ဆန်ချိုရဲ့ သွင်းဂိုး အပေါ် သူ့ရဲ့အမြင်ကို ထုတ်ပြောလိုက်တဲ့ မာတီနက်ဇ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယမန်နေ့ ညက ယူရိုပါလိဂ် ပွဲစဉ် ၂ အဖြစ် Sheriff အသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် မာတီနက်ဇ်က ရော်နယ်ဒိုနဲ့ ဆန်ချိုရဲ့ သွင်းဂိုး အပေါ် သူ့ရဲ့အမြင်ကို ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။




ကျွန်တော်တို့ အားလုံးက လေ့ကျင့်ရေးကွင်းမှာ နေ့တိုင်းလိုလို အပြင်းအထန် ကြိုးစားကြပါတယ်၊ ဒါနဲ့ ဒီနေ့ပွဲမှာ ဆန်ချိုက ထူးခြားတဲ့ သွင်းဂိုးကို သွင်းယူနိုင်ခဲ့တယ်၊ ဒါပေမယ့် ကျွန်တော်တို့ ကစားတဲ့ပုံစံကလည်း ထူးခြားမှု ရှိပါတယ်၊ ဘာလို့လဲ ဆိုရင် အဲ့သွင်းဂိုး အတွက် အသင်းသားတိုင်းရဲ့ ပေးပို့မှုတွေ ပါဝင်ပါတယ်။ နောက်တော့ ဆန်ချိုက အဆုံးသတ်ပေးနိုင်ခဲ့ပါတယ်။




ရော်နယ်ဒိုရဲ့ သွင်းဂိုးက ဘယ်လောက် အရေးပါလဲ ဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်၊ သူ့ရဲ့ ယုံကြည်မှု အတွက် ဂိုးသွင်းတာနိုင်တာက အသင်းအတွက် အထောက်အကူ ပြုလာမှာ အသေအချာပါပဲ၊ ပရိသတ်များရဲ့ အားပေးမှုလား? ကျွန်တော် အမှန်တကယ်ပဲ ပျော်ရွှင်မိပါတယ်၊ နောက်ပြီး သူတို့ရဲ့ အမာခံ အားပေးမှုနဲ့ ပတ်သတ်ပြီး ကျွန်တော်တောင် အံ့သြရပါတယ်။




ကမ္ဘာပေါ်မှာ အကောင်းဆုံး ဘောလုံးအသင်းမှာ ကစားခွင့်ရလို့လည်း ဂုဏ်ယူမိပါတယ်၊ နောက်ပြီး ပရိသတ်တွေက အာဂျင်တီးနား၊ အာဂျင်တီးနား ဆိုပြီးတော့ သီဆိုအားပေးကြတာလည်း အရမ်းပဲ ထူးခြားလွန်းတယ်၊ သူတို့တွေရဲ့ အားပေးမှု အတွက် ကျေးဇူးအထူး တင်ရှိပါတယ်၊ ပရိသတ်တွေ ကျွန်တော့် အတွက် သီချင်းဆိုပေးတဲ့ အပေါ် အရမ်းကို ဂုဏ်ယူမိပါတယ်။




ဒါမျိုး ခံစားရတဲ့ ပုံစံကို ကျွန်တော် နှစ်သက်ပါတယ်၊ အာဂျင်တီးနား၊ အာဂျင်တီးနား ဆိုပြီး သီဆိုခဲ့ကြတာ၊ ဘာလို့ဆို အဲ့နိုင်ငံ ကျွန်တော့် နိုင်ငံ၊ ကျွန်တော်က ကျွန်တော့်နိုင်ငံကို ချစ်တာမို့ သူတို့က ဒါမျိုး ဂုဏ်ပြုသီဆိုရင် အရမ်းကို သဘောကျမိပါတယ်၊ ကျွန်တော်ဟာ မန်ချက်စတာ ယူနိုက်တက် ကို

ရွေးချယ်ရတဲ့ အကြောင်းအရင်းကတော့ အကောင်းဆုံး ကလပ် ဖြစ်နေလို့ပါ၊ ဒါတွေကြောင့်ပဲ ဒီအရာက ကျွန်တော့် အတွက် ရိုးရှင်းခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ကလည်း ကမ္ဘာပေါ်မှာ အကောင်းဆုံး ကလပ်တွေထဲက တစ်သင်းပါ၊ ဒါမျိုးပုံစံကို အားပေးတဲ့ ပရိသတ်တွေထဲကနေ ခင်ဗျားခံစားလို့ရနိုင်ပါတယ်၊ ကျွန်တော်လည်း ပရိသတ်တွေ ဒါမျိုး သီချင်းဆိုသံ ကြားကြားခြင်း အံ့သြမိခဲ့တယ်။

ဘာလို့လဲဆို အင်္ဂလန်မှာ ဒါမျိုး သီဆိုကြတယ်လို့ ကျွန်တော် တစ်ခါမှ မကြားဘူးလို့ပါ၊ ဒါမျိူး ဂုဏ်ပြုသီဆိုတာက Old Trafford ကွင်းမှာတင် မဟုတ်ဘဲ ကစားတဲ့ ကွင်းတိုင်းမှာ ဒါမျိုး သီချင်းဆိုခဲ့ကြတယ်၊ ကွင်းတိုင်းမှာ ဒါမျိုးကြားရတာ မယုံနိုင်လောက်အောင်ကို ကောင်းပါတယ်။




credit