ရော်နယ်ဒိုနဲ့ ပက်သက်ပြီး ပေါင် သန်း ၁၀၀ ခန့် ရဖို့ရှိနေတဲ့ တန်ဟက်ဂ်

လာမည်ြ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ကြယ်ပွင့် ကစားသမား ခရစ္စတီယာနို ရော်နယ်ဒို သာ အသင်းက ထွက်ခွာခဲ့ရင် မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး အဲရစ် တန်ဟက်ဂ် အနေနဲ့ အပြောင်းအရွှေ့ အသုံးစရိတ် ပေါင် သန်း ၁၀၀ ခန့် ထပ်မံ ရရှိသွားဖို့ ရှိနေပါတယ်။




အရင်းအမြစ် သတင်းတွေ အရ ဆောင်းရာသီ အပြောင်းအရွှေ့မှာ အသုံးစရိတ် ပေါင် သန်း ၇၀ ခန့် ထုတ်ပေးသွားဖို့ စီစဉ်ထားကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ပေါ်တူဂီ ဂန္တဝင်ကြီးသာ အသင်းကနေ ထွက်ခွာခဲ့မယ် ဆိုရင် နောက်ထပ် အသုံးစရိတ် ပေါင် သန်း ၃၀ ကို ထပ်မံ ရရှိသွားမှာ ဖြစ်ပါတယ်။




အဲရစ် တန်ဟက်ဂ် ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ကတည်းက ပေါင် သန်း ၂၃၀ အထိ အသုံးပြုခဲ့ပေမယ့် မန်ချက်စတာစီးတီး၊ လီဗာပူး တို့နဲ့ အပြိုင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပြန်လည် စိန်ခေါ်နိုင်ဖို့ နောက်ထပ် ကစားသမား ၃ ယောက်လောက်ထိ ခေါ်ယူသွားဖို့ ရှိနေတယ်လို့ သတင်းတွေက ဖော်ပြသွားခဲ့ပါတယ်။




တစ်ပါတ် ပေါင် ၄၅၀၀၀၀ ရရှိနေတဲ့ ချန်ပီယံလိဂ် ၅ ကြိမ် ဆုရှင်သာ ထွက်ခွာခဲ့မယ် ဆိုရင် ပေါင် သန်း ၃၀ လောက် အသုံးစရိတ် ပိုထွက်လာမှာ ဖြစ်တာကြောင့် နယ်သာလန်သား နည်းပြကြီး အနေနဲ့ ဆောင်းရာသီမှာ လိုအပ်တဲ့ ကစားသမားတွေကို ပိုမိုဝယ်ယူနိုင်တော့မှာလည်း ဖြစ်ပါတယ်။




ခရစ္စတီယာနို ရော်နယ်ဒို နဲ့ အိုးလ်ထရက်ဖို့ဒ် ရဲ့ အနာဂတ်က မတည်ငြိမ်းသေးပဲ ကနဦး ကမ်းလှမ်းမှုတွေသာ ရှိခဲ့ပါတယ်၊ နွေရာသီ အပြောင်းအရွှေ့မှာ ကတည်းက မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာဖို့ နီးစပ်ခဲ့ပေမယ့် ဘောလွန်းဒီအော ၅ ဆုရှင်ကို လေးလေးနက်နက် ကမ်းလှမ်းလာတာမျိုးတော့ မရှိခဲ့တာကြောင့်၂၀၂၃ မှ သက်တမ်း ကုန်ဆုံးမယ့် စာချုပ်အတိုင်း အသင်းမှာပဲ ဆက်နေနေခဲ့ရတာ ဖြစ်ပါတယ်။

credit