ကွင်းလယ် သခင်ကြီးတောင် အံ့ဩခဲ့ရတဲ့ တိမ်မြုပ်နေတဲ့ အရာတခုကို တူးဖော် ပြသလိုက်တဲ့ ကတ်စ်မဲရိုး

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ကွင်းလယ် သခင်ကြီး တဦး ဖြစ်သလို လက်ရှိ ဘောလုံးလောက တိုးတက်ရေး အတွက် သုံးသပ်သူ တဦးအဖြစ် တစ်ဖက်တလမ်းက တာဝန်ထမ်းနေတဲ့ ပေါလ်စခိုးလ် က




ပြီးခဲ့တဲ့ ကြားရက်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရှရစ်ဖ် ၀-၂ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ လူစားဝင် ကစားသမား အဖြစ် ဝင်ရောက် ကစားခွင့်ရခဲ့ပြီးနောက် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ကွင်းလယ်လူ ကတ်စ်မဲရိုး ရဲ့ ခြေစွမ်းကို သဘောကျမိကြောင်း ချီးကျူးသွားခဲ့ပါတယ်။ ၃၀ အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား

ကတ်စ်မဲရိုး ဟာ ပြီးခဲ့တဲ့ နွေဈေးကွက် ပိတ်သိမ်းခါနီးမှာ ရီးရဲလ်မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀ ကျော်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၆ ခုနှစ်ထိ သက်တမ်းရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ဟာ သူတို့ အသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူ




တဦး ဖြစ်သူ မိုက်ကယ် ကာရစ် ကို ဆုံးရှုံးခဲ့ရပြီးနောက် ကမ္ဘာ့အဆင့် ကွင်းလယ်ခံစစ် ကစားသမား တဦးကို ထပ်မံ မပိုင်ဆိုင်ခဲ့ပဲ ယခုနှစ် ဘောလုံးရာသီ ရောက်မှသာ ကတ်စ်မဲရိုးကို ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကတ်စ်မဲရိုးဟာ ကမ္ဘာ့အဆင့် ကွင်းလယ်ခံစစ် ကစားသမား တဦး ဖြစ်ပေမယ့် အသင်းထံ ရာသီ စတင်ပြီးမှ ရောက်ရှိလာတာကြောင့် မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က ကတ်စ်မဲရိုးကို




အသင်းနဲ့ အသားကျအောင် လူစားဝင် ကစားသမား အဖြစ်သာ အသုံးပြုနေသေးပြီး ကတ်စ်မဲရိုးကလည်း ကစားခွင့်ရတဲ့ အချိန်တိုင်းမှာ သူဟာ ကမ္ဘာ့အဆင့် ကွင်းလယ်ခံစစ် ကစားသမား တဦး ဖြစ်ကြောင်းကို ကောင်းကောင်း သက်သေပြနိုင်ခဲ့ပါတယ်၊ ရှရစ်ဖ် ၀-၂ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ ကတ်စ်မဲရိုးဟာ ဒုတိယပိုင်းရောက်မှ ဝင်ရောက်ကစားခွင့် ရခဲ့ပေမယ့်




ကစားခွင့်ရတဲ့ အချိန် ခဏလေးမှာ ပြိုင်ဘက် တိုက်စစ်ကို အကြိမ်ပေါင်းများစွာ ဟန့်တားနိုင်ခဲ့သလို အသင်းရဲ့ တိုက်စစ်ကိုလည်း သူ့ရဲ့ တိကျတဲ့ ပေးပို့မှုတွေနဲ့ ကူညီနိုင်ခဲ့ပြီး ပေါလ်စခိုးလ်က သူဟာ ကတ်စ်မဲရိုးကို အဖျက်ကောင်းတဲ့ ကွင်းလယ်ခံစစ် ကစားသမား တဦးလို့ တွေးထားတာကြောင့်

ကတ်စ်မဲရိုးရဲ့ တိကျတဲ့ ပေးပို့မှုတွေကို မြင်တွေ့လိုက်ရချိန်မှာ အံ့အားသင့်ခဲ့ရကြောင်း ပြောကြားသွားပါတယ်။ ပေါလ်စခိုးလ်က – ကတ်စ်မဲရိုးက ကျွန်တော့်ကို သူ့ရဲ့ တိကျတဲ့ ပေးပို့နိုင်စွမ်းတွေနဲ့ အံ့အားသင့်သွားစေခဲ့ပါတယ်၊ တကယ်ပြောတာဗျ၊ ကျွန်တော်က ကတ်စ်မဲရိုးကို ဘောလုံးအဖျက် ကောင်းတဲ့ ကစားသမား တယောက်၊ ဘောလုံး ပြန်ဆယ်ပေးနိုင်တဲ့




ကွင်းလယ်လူ တယောက်လို့ပဲ ထင်ထားတာပါ၊ ပြီးခဲ့တဲ့နှစ်တွေမှာ တိုနီကရူးစ်နဲ့ မိုဒရစ်ကပဲ ရီးရဲလ်မက်ဒရစ်ရဲ့ ပေးပို့မှုတွေကို အများဆုံး လုပ်ခဲ့ကြတာပါ။ ဒီနေ့မှာတော့ ကတ်စ်မဲရိုးက သူ့ရဲ့ အရည်အသွေးတွေကို အကောင်းဆုံး သက်သေပြသွားတာပါပဲ။ လို့ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။

credit