အကြီးမားဆုံး ရရှိခဲ့တဲ့ နောင်တက ပြင်သစ်မှာ ဖြစ်ကြောင်း ရှင်းပြလိုက်တဲ့ ပက်ထရစ် အီဗရာ

0
193

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီး ပက်ထရစ် အီဗရာ က ပြင်သစ်အသင်း အတွက် ပါဝင် ကစားပေးခဲ့ရတာကို နောင်တရမိကြောင်း ပြန်လည် ပြင်ဆင်ခွင့်သာ ရှိခဲ့မယ်ဆိုရင် ဆီနီဂေါကို ကိုယ်စားပြု ကစားသွားမှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။




ဘယ်နောက်ခံ ကစားသမားဟောင်းကြီး အီဗရာဟာ ပြင်သစ် လက်ရွေးစင် ကစားသမားတစ်ဦး ဖြစ်ခဲ့ပေမယ့် ဆီနီဂေါ နိုင်ငံမှာ မွေးဖွားခဲ့သူ ဖြစ်ပြီး ခပ်ငယ်ငယ်မှာပဲ ပြင်သစ် နိုင်ငံကို ပြောင်းလဲ နေထိုင်ခဲ့ရတာ ဖြစ်ပါတယ်၊ ပြင်သစ်မှာပဲ ကြီးပြင်းခဲ့ပြီး ပြင်သစ်ကလပ် နိုက်စ်နဲ့ မိုနာကိုတို့မှာ စီနီယာ ကစားသမားဘဝကို သေသေချာချာလေး စတင်ခဲ့ရတဲ့




အီဗရာက သူကိုယ်စားပြုပြီး ပါဝင်ပေးသွားမယ့် နိုင်ငံကို ရွေးချယ်ရာမှာ မွေးရပ်မြေ ဆီနီဂေါထက် ပြင်သစ် လက်ရွေးစင်အသင်း အတွက်ကိုသာ ဦးစားပေး ရွေးချယ်သွားခဲ့ပါတယ်၊ ဒါပေမယ့် ဒီအချိန်မှာတော့ သူရဲ့ ရွေးချယ်မှုကို နောင်တရမိတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။




ဂါနာနိုင်ငံကို လာရောက် လည်ပတ်ရင်း ဂါနာ သမ္မတနဲ့ပါ တွေ့ဆုံနေတဲ့ အီဗရာက သူ့အနေနဲ့ ပြင်သစ်အသင်း အတွက် ကစားပေးခဲ့ရတာကို နောင်တရမိကြောင်း- ကျွန်တော်သာ နောက်ကြောင်း ပြန်သွားလို့ရရင် ကျွန်တော် ကိုယ်စားပြုမယ့် နိုင်ငံလက်ရွေးစင်အသင်း အဖြစ် ပြင်သစ်အစား ဆီနီဂေါကို




ရွေးချယ်လိုက်မှာ၊ ကျွန်တော်က ဆီနီဂေါနိုင်ငံ ဒါကာမှာ မွေးပြီး ပြင်သစ်မှာ ကြီးပြင်းခဲ့တယ်၊ ဒါပေမယ့် ကျွန်တော် ရွေးချယ်ချက်ကြောင့် နာကျင်မှုတွေနဲ့ ရင်းပြီး ရရှိလာခဲ့တဲ့ သင်ခန်းစာတွေထဲကမှ တစ်ခုကတော့ ခင်ဗျား ကောင်းကောင်း ကစားနိုင်ပြီး အောင်မြင်မှုတွေရခဲ့မယ် ဆိုရင် ပြင်သစ်သား တစ်ယောက် အဖြစ်နဲ့ ဂုဏ်ပြုခံရမယ်၊ အသင်းက ရှုံးနိမ့်ခဲ့မယ်




ဆိုရင်တော့ ခင်ဗျားက ဆီနီဂေါသား ဖြစ်နေတာကြောင့် ဆိုပြီး ပြောကြပါတယ်၊ လို့ ပြောဆိုသွားခဲ့ပါတယ်၊ ပြင်သစ်အသင်းမှာက အာဖရိနိုင်ငံဖွား ကစားသမားတွေ အများအပြား ပါဝင်လျက်ရှိပြီး ၂၀၁၈ ခုနှစ် ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ ပြင်သစ်အသင်းရဲ့ ကစားသမားတွေထဲက

၈၇% ဟာ အာဖရိက နိုင်ငံတွေမှာ ဖွားမြင်ခဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်၊ ဒါပေမယ့် အီဗရာကတော့ ၂၀၁၈ ခုနှစ် ပြင်သစ်အသင်းရဲ့ world cup squad မှာ ရွေးချယ်ခံခဲ့ရခြင်း မရှိလို့ ကမ္ဘာဖလား ချန်ပီယံဆုနဲ့ပါ လွဲချော်ခဲ့ရပါတယ်။

credit