ဂါနာချိုကို အသင်းကထွက်ဖို့ တိုက်တွန်းခဲ့တဲ့ မက်ဂွိုင်းယား၊ ပရီးမီးယားလိဂ် ကလပ် တသင်းရဲ့ နည်းပြ ဖြစ်လာဦးမယ့် ဆိုးလ်ရှားနဲ့ နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းများ

(၁)

လူငယ် အကယ်ဒမီမှာ နာမည်ကြီးနေတဲ့ အသက် 14 နှစ်အရွယ် တိုက်စစ် ကစားသမားလေးဟာ ဒီကနေ့ မန်ချက်စတာ ယူနိုက်တက် ယူ 18 အသင်း အတွက် စတင်ပွဲထွက် ကစားခဲ့ပါတယ်၊ မကြာသေးခင်ကပဲ အသင်းနဲ့ နှစ်ရှည်စာချုပ် ချုပ်ဆိုထားပြီး တခြား ဥရောပ အသင်းတွေက ခေါ်ယူဖို့ ကမ်းလှမ်းခံထားရတဲ့ လူငယ် ကစားသမားလေး Ibragimov ပဲ ဖြစ်ပါတယ်။ ဒီကနေ့ ပွဲစဥ်မှာ စတုတ် ယူ 18 အသင်းကို အရေးနိမ့်ခဲ့ပေမယ့် ယင်း လူငယ်ကစားသမားနဲ့ တခြား ကစားသမားတွေဟာ စွမ်းဆောင်ရည်နဲ့ ကစားပုံတွေ မညံ့ခဲ့ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။




(၂)

အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယား အနေနဲ့ အသင်းလူစာရင်းမှာ တဖန် ပြန်လည် ပါဝင်ခွင့်ရဖို့ ရုန်းကန်နေရပေမယ့် နိုင်ငံအသင်း လူစာရင်းမှာ ထိုက်ထိုက်တန်တန် ရွေးချယ်ခံရခြင်းနဲ့ ပတ်သက်ပြီး ပျော်ရွှင်နေကြာင်း သိရပြီး ၎င်းဟာ အသင်းမှာရှိတဲ့ လူငယ်ကစားသမားလေး ဂါနာချိုနဲ့ ပတ်သက်ပြီး ယခုထက် ပိုမိုတိုးတက်လာဖို့ အခွင့်ရေးတွေကို စောင့်မနေဘဲ အငှားထွက် ကစားဖို့ အကြံပေးခဲ့ကြောင်း သိရပါတယ်။




(၃)

လိုအပ်တဲ့ အချိန် သွင်းဂိုးတွေ ရရှိဖို့ နှောင့်နှေးတတ်တဲ့ ပြဿနာ အတွက် နည်းပြ အဲရစ် တန်ဟက်ဂ် ရဲ့ Team Build Up ကစားပုံမှာ ကောင်းကောင်းကြီး တိုးတက်လာပြီး ဖြေရှင်းပေးနိုင်မယ်လို့ ပရိတ်သတ် အများစုက ထင်ကြေးပေးနေတဲ့ ပလီစထရီဟာ ဒီကနေ့မှာပဲ အသင်းနဲ့ အတူ လေ့ကျင့်ခန်း ဆင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။




လောလောဆယ်မှာတော့ အသင်းနဲ့ အတူ ပူးပေါင်းတာမျိုး မလုပ်သေးဘဲ၊ တစ်ဦးတည်းသာ ကြံခိုင်မူအပိုင်း အရ လေ့ကျင့်ခန်း စတင်ဆင်းတာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ နောက်လ ပွဲကြပ်ကာလ အတွင်းမှာ အဲရစ် တန်ဟက်ဂ် အတွက် ရွေးချယ်စရာ တခု ဖြစ်သလို အဆိုပါကစားသမားဟာ ကွင်းလယ်တိုက်စစ်နဲ့ ညာတောင်ပံတို့မှာ




ကောင်းကောင်း ကစားနိုင်တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ဟာ မနှစ်ကထက် ဒီနှစ် အဲရစ် တန်ဟက်ဂ် လက်ထက်မှာ အတော်လေး တိုးတက်လာခဲ့ပြီး အထူးသဖြင့် အသင်းလိုက် ကစားပုံမှာ Short Pass တွေ၊ Movement တွေ အထူးကောင်းတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ‌Physical ပိုင်း အားနည်း‌တယ်လို့ ထင်ရပေမယ့် သူရဲ့ လျှင်မြန်မှုကြောင်း ပြိုင်ဖက် ကစားသမားတွေကို ကျော်ဖြတ်ခဲ့နိုင်တာကို ရာသီကြို ပွဲစဉ်တလျှောက် မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။




(၄)

ဘာစီလိုနာ နောက်ခံလူဟောင်း ဒန်နီအဲလ်ဗစ် က ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး အင်တာဗျူးတခုမှာ ယခုလို မှတ်ချက်ပေး ပြောကြားသွားခဲ့ပါတယ်။ ဒန်နီအဲလ်ဗစ်က-

ကြိုးစားနေကြသူတိုင်း ခရစ္စတီယာနို ရော်နယ်ဒို ကို အားကျကြပါတယ်၊ ပြိုင်ဖက်အဖြစ် ရှိခဲ့ကြရင် တောင်မှပေါ့၊ တကယ်ပါ၊ သူက “ရော်နယ်ဒို” က ဗုံးတလုံးနဲ့ ဆင်တူပါတယ်၊ အနားကို ရောက်လာရင် အသက်ရှခွင့်ကို မပေးတော့ပါဘူး၊ ကျနော်တို့ ရင်ဆိုင်ခဲ့တဲ့ အထဲမှာ ဆိုးဆိုးဝါးဝါး ဖြစ်ပျက်ခဲ့တာမျိုး မရှိပေမယ့် တကယ်ပဲ ခက်ခဲခဲ့ပါတယ်၊ သူက ဂိုးသွင်းစက််ပါပဲ လို့ဆို မှတ်ချက်ပေး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။




(၅)

မန်ချက်စတာ ယူနိုက်တက် ကစားသမားလည်းဖြစ် နည်းပြဟောင်းလည်း ဖြစ်တဲ့ အိုလီဂန်းနား ဆိုးလ်ရှား ဟာ မန်ချက်စတာ ယူနိုက်တက် နည်းပြ ရာထူးမှ နူတ်ထွက်ခဲ့ပြီး နောက်ပိုင်း ဘောလုံးလောကထဲကို ပြန်လည်ဝင် ရောက်ခဲ့ခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ယခု နာမည်ကြီး သတင်းဌာနများရဲ့ ဖော်ပြချက် အရ ပရီးမီးယားလိဂ် ကလပ် ဘရိုက်တန် အသင်းရဲ့ နည်းပြသစ် ရှာပုံတော် ဖွင့်ခန်းမှာ ဆိုးလ်ရှားဟာ ပစ်မှတ် နည်းပြထဲက တဦး အဖြစ် ပါဝင်ကြောင်း သိရပါတယ်။

credit