အုံးလွဲနေလို့မလှုပ်နိုင်တာတောင် သူမဖြစ်ချင်တဲ့ဆန္ဒတွေကို မငြီးမငြူလိုက်ဖြည့်ဆည်းပေးခဲ့တဲ့ ခင်ပွန်းဖြစ်သူကို ချစ်မဝဖြစ်နေတဲ့ ရွှေမှုံရတီ

အနုပညာရှင်စုံတွဲတွေကြားမှာ လူငယ်စုံတွဲလေးဖြစ်တဲ့ဖြစ်ပြီး အရမ်းကိုRoကြတဲ့ ရွှေနှစ်ရွှေတို့စုံတွဲလေးက ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား အတွဲလေးပါ။





ပရိသတ်တွေ သဝန်တို အားကျရလောက်အောင် တစ်ယောက်ကို တစ်ယောက် အရမ်းချစ်တတ်လွန်းလို့ ဒုတိယ‌မြောက် ရိုမိယို၊ ဂျူးလီယက် စုံတွဲလေးလို့တောင် သတ်မှတ်ထားရတဲ့ စုံတွဲလေးဖြစ်ပါတယ်။





အနုပညာနယ်ပယ်အသီးသီးမှာ ကိုယ်စီ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားပြီး အမာခံပရိသတ်တွေရဲ့ အားပေးမှုတွေကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင်စုံတွဲလေးလည်းဖြစ်ပါတယ်။





ယခုဆိုရင်တော့ အိမ်ထောင်သက်တမ်းအနည်းငယ်ကြာနေပြီဖြစ်ပေမယ့် အရင်လိုပဲ တစ်ယောက်ကိုယ် တစ်ယောက်ချစ်လို့ မဝနိုင်ဖြစ်နေတဲ့ ရွှေနှစ်ရွှေတို့ ဇနီးမောင်နှံကတော့ ပရိသတ်တွေကြားမှာ အကဲပိုပြီး ချစ်စရာကောင်းတဲ့ ဇနီး‌မောင်နှံလေးအဖြစ် နာမည်ကြီးပါသေးတယ်။





နှစ်ယောက်သား ယုံကြည် နားလည်မှုတွေနဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ထားပြီး သာယာ‌ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးနိုင်ဖို့ ကြိုးစားနေတာကို မြင်တွေ့ရမှာပါ။





ပရိသတ်တွေအတွက် ကြည်နူးစရာအခိုက်အတံ့တွေကို အမြဲတမ်း မျှဝေပေးလေ့ရှိတဲ့ ရွှေနှစ်ရွှေဟာ ဒီကနေ့မှာလည်း သူတို့နှစ်ယောက်ရဲ့ တစ်နေ့တာဖြတ်သန်းခဲ့တဲ့ အမှတ်တရအချို့ကို ပရိသတ်တွေဆီ ပြသလာပါတယ်။





ရွှေမှုံရတီက သူမလက်လည်းခြေသည်းအလှပြင်တဲ့နေရာဆီလိုက်ပို့ပြီး မငြီးမငြူ ထိုင်နေပေးခဲ့တဲ့ ခင်ပွန်းဖြစ်သူ ရွှေထူးနဲ့ အမှတ်တရလေးကို အခုလိုပဲ မျှဝေပေးလာခဲ့ပါတယ်။





ရွှေထူးနဲ့ ရွှေမှုံရတီတို့ကတော့ အိမ်ထောင်သက်တမ်း (၅) နှစ်နီးပါးရှိနေပြီဆိုပေမယ့် ရင်သွေးမယူသေးပဲ နှစ်ယောက်တည်းအချိန်ကုန်ဆုံးရင်း ပျော်ပျော်ရွှင်ရွှင်ရှိနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေနှစ်ရွှေရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်နော်။