အသင်းက ကစားသမားတွေကို အနားပေးထားပေမယ့် အနားမယူပဲ အံ့အားသင့်ဖွယ် အရာတခုကို ပြုလုပ်ခဲ့တဲ့ တန်ဟက်ဂ်
|မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် ဟာ ရှရစ်ဖ်ကို အဝေးကွင်းမှာ နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ ယူရိုပါလိဂ်ပွဲ အပြီး မန်ချက်စတာကို ပြန်ရောက်လာချိန်မှာ အံ့အားသင့်ဖွယ် အရာတခုကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
မန်ချက်စတာ ယူနိုက်တက် ဟာ ရှရစ်ဖ်နဲ့ ပွဲအပြီးမှာ ဒီတပတ် လိဒ်စ်နဲ့ ပွဲကို ရွှေ့ဆိုင်းထားတာကြောင့် လာမယ့် အောက်တိုဘာ ၂ မှသာ ပွဲပြန် ကစားရတော့မှာပါ၊ အဲရစ် တန်ဟက်ဂ် ဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ အတူ မော်လ်ဒိုဗာကနေ မန်ချက်စတာကို ပြန်လည် ရောက်ရှိလာပြီးပြီးချင်း နာရီပိုင်း အတွင်းမှာ
မန်ချက်စတာ ယူနိုက်တက် ယူ-၂၁ အသင်း ပွဲစဥ်ကို သွားရောက်ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်၊ အဲရစ် တန်ဟက်ဂ် ဟာ ကစားသမား အားလုံးကို ကိုယ်စီအား လပ်ရက်တွေ ပေးခဲ့ပေမယ့် သူကိုယ်တိုင်ကတော့ အနားမယူနိုင်ဘဲ မန်ချက်စတာ ယူနိုက်တက် နဲ့ ဝက်စ်ဟမ်းတို့ ကစားခဲ့တဲ့ ယူ-၂၁ ပွဲစဥ်ကို သွားရောက် ကြည့်ရှုလေ့လာခဲ့တာပါ။
ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် လူငယ်တွေက ဝက်စ်ဟမ်းနဲ့ တဂိုးစီ သရေကျခဲ့ပါတယ်၊ အဲရစ် တန်ဟက်ဂ် ဟာ မန်ချက်စတာ ယူနိုက်တက် ကို ရောက်လာချိန် ကတည်းက လူငယ် စီမံကိန်းကိုလည်း မျက်ခြေမပြတ် အာရုံစိုက်နေပြီး လူငယ်ကြယ်ပွင့်တွေကို အသင်းကြီးနဲ့ ပူးပေါင်းစေဖို့ ပြင်ဆင်ထားပါတယ်။
ဒါ့အပြင် ရာသီကြို ပြင်ဆင်မှုတွေမှာလည်း အဲရစ် တန်ဟက်ဂ် က လူငယ်ကစားသမား တယောက်ချင်းစီကို သီးသန့် လေ့ကျင့်သင်ကြားပေးခဲ့တာတွေ ရှိပါတယ်၊ အဲရစ် တန်ဟက်ဂ် ဟာ မန်ချက်စတာ ယူနိုက်တက် ယူ-၂၁ ပွဲကို တယောက်တည်း သွားရောက် ကြည့်ရှုခဲ့တာ မဟုတ်ဘဲ အသင်းရဲ့ ဒါရိုက်တာ ဒါရင်းဖလက်ချာ၊ လက်ထောက်နည်းပြ
ဗန်ဒါဂါတ်တို့နဲ့ အတူတူ သွားရောက် ကြည့်ရှုခဲ့တာပါ၊ ဒီပွဲမှာ အဲရစ် တန်ဟက်ဂ် နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ချာလီဆားဗေ့ချ်၊ ရှိုတိုင်းရားတို့လည်း ပါဝင်ကစားခဲ့ပါတယ်၊ တန်ဟက်ဂ် ဟာ ယူ-၂၁ က နောက်ထပ် ကြယ်ပွင့်တွေကို သူအသင်းကြီးမှာ ထပ်မံ တွဲခေါ်သွားဖို့ စိတ်ကူးရှိနေပါတယ်၊ တန်ဟက်ဂ်ရဲ့ အသင်းဟာ ဒီရာသီမှာ ရာသီအဖွင့် ၂ ပွဲဆက်တိုက်
ရှုံးနိမ့်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ တန်ဟက်ဂ်ရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ အတူ ရလဒ်ကောင်းတွေ ပြန်လည် ပိုင်ဆိုင်လာခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ရဲ့ ပြီးခဲ့တဲ့ အပတ်က ကစားဖို့ စီစဥ်ထားတဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲ၊ ဒီတပတ်ကစားမယ့် လိဒ်စ်နဲ့ ပွဲတို့ကို ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် နတ်ရွာစံမှု စျာပနအခမ်းအနားကြောင့် ရဲအင်အား မလုံလောက်မှုတို့ကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။
credit