အသင်းနဲ့ ပက်သက်ပြီး ကစားသမား တချို့နဲ့ အနာဂတ်မှာ လုပ်ဆောင်မယ် အစီအစဉ် အပါအဝင် တိုးတက်လာနိုင်စွမ်း အပေါ် သုံးသပ် ချပြလာတဲ့ တန်ဟက်ဂ်

နည်းပြ အဲရစ် တန်ဟက်ဂ် က ဂျေဒန် ဆန်ချို အတွက် အမှန်တကယ်ပဲ ကျွန်တော် ပျော်မိပါတယ်၊ နောက်ထပ် သူ့အတွက် သွင်းဂိုးတစ်ဂိုး ရခဲ့သလို ရာသီကြို ခြေစမ်းပွဲတုန်းကလည်း သူ့မှာ ဂိုးတွေ တော်တော်များများ ရရှိခဲ့တယ်။




ဒါနဲ့ ဒီရာသီ သူဂိုးသွင်းနိုင်တာ သုံးဂိုးရှိနေပြီလို့ ကျွန်တော်ထင်တယ်၊ သူကတော့ အကောင်းဆုံး လုပ်ဆောင်ထားပါတယ်၊ ဒါပေမယ့် သူ့ဆီမှာ တိုးတက်မှုတွေ တော်တော်များများ ကျန်ရှိနေသေး တယ်လို့ ယူဆမိပါတယ်၊ ဘာလို့ဆို သူ့ဆီမှာ အရည် အသွေးတွေ အများကြီးပဲရှိပါတယ်။




ခရစ္စတီယာနို ရော်နယ်ဒို က ဒါမျိုး သွင်းဂိုးတွေကို လိုအပ်ပါတယ်၊ ရာသီစလကတည်းက သူဟာ ဂိုးသွင်းနိုင်ဖို့ နီးစပ်ခဲ့တာ ချည်းပဲ၊ ကျွန်တော်တို့ဘက်ကလည်း သူဂိုးသွင်းနိုင်ဖို့ လိုချင်ခဲ့တာပါ၊ သူ့အတွက်ကိုပါ ကျွန်တော်တို့ ပျော်မိပါ တယ်။




သိတဲ့အတိုင်း ပယ်နယ်တီ ဆိုရင် ရော်နယ်ဒိုကပဲ ဂိုးသွင်းပါလိမ့်မယ်၊ ဒီပွဲမှာ အစပိုင်း ခက်ခဲမှုတွေ ရှိခဲ့တယ်၊ ပြိုင်ဘက်က ဘောလုံးကို ဖြန့်ကစားနိုင်ခဲ့သလို ကျွန်တော်တို့ဘက်ကလည်း ဘောလုံးအပျက်တွေ များနေခဲ့တယ်၊ နောက်ပိုင်းမှာတော့ ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့တယ်။




ပြီးသွားတော့ ပွဲကို ကျွန်တော်တို့က ထိန်းချုပ် ကစားနိုင်ခဲ့ပါတယ်၊ ကျွန်တော်တို့ရဲ့ဒီရာသီ သွင်းဂိုးတွေဟာ အားလုံးကြိုးစားမှုတွေကြောင့် ရတဲ့ သွင်းဂိုး ဖြစ်တယ်၊ အထူးသဖြင့် အာဆင်နယ်နဲ့ ပွဲတုန်းက ဆို သွင်းဂိုးတိုင်းက အားလုံးရဲ့ ပေးပို့မှုတွေကနေ တဆင့် ရတဲ့ သွင်းဂိုးဖြစ်ပါတယ်။




အကယ်လို့ ကျွန်တော်တို့သာ ဒီပုံစံ အတိုင်း ဆက်သွားနေမယ် ဆိုရင် မှန်ကန်တဲ့ လမ်းကြောင်းလို့ ပြောလို့ရပါတယ်၊ အင်္ဂလန်လက်ရွေးစင်မှာ ဆန်ချို နဲ့ ရပ်ရှ်ဖို့ဒ် တို့ကို မရွေးတဲ့ အပေါ်လား? ဒါက ကျွန်တော် ဆုံးဖြတ်ရတဲ့အလုပ် မဟုတ်ပါဘူး။

အခုလို ဆုံးဖြတ်တာက အင်္ဂလန် နည်းပြပါ၊ ပြောရရင် သူတို့ နှစ်ဦးစလုံးမှာ တိုးတက်မှုတွေ အရင်ကထက် ပိုရှိလာပါတယ်၊ ဆက်ပြီးတော့လည်း တိုးတက် မှုရှိလာဦးမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ရော်နယ်ဒိုက ကျွန်တော်တို့ရဲ့ ပရောဂျက်မှာ အပြည့်အဝ ပါဝင်ထားတဲ့ ကစားသမားပါ။

ရော်နယ်ဒို အတွက် ဖန်တီးပေးဖို့ အသင်းသားတွေရဲ့ စုဖွဲ့မှုက ပိုပြီး ကောင်းလာမှာပါ၊ ဒါကြောင့်မို့ ကျွန်တော်က ဒါနဲ့ပတ်သတ်ပြီး ပျော်ရွှင်မှုရှိပါတယ်၊ သူက ရာသီကြို ခြေစမ်းပွဲတွေကို တော်တော်များများ လွဲချော်ထားတာကြောင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ရှိစေရေး အတွက် ပိုပြီးတော့ အလုပ်တွေပြန် ပြီး လုပ်ခဲ့ရပါတယ်။

သူဟာ အသင်းအတွက် ဂိုးတွေ ပိုသွင်းပေးပါလိမ့်မယ်၊ သူဟာ ပိုပြီးတော့ အံဝင်ခွင်ကျမှု ပိုရှိခဲ့မယ် ဆိုရင် ဂိုးတွေ တော်တော်များများ သွင်းနိုင်ပါလိမ့် မယ်၊ ကျွန်တော်တို့ရဲ့ ခံစစ်ပိုင်းလည်း ကောင်းခဲ့ပါတယ်၊ ဗာရန်က ဦးဆောင်သူလည်း ဖြစ်တယ်။

သူဟာ မာတီနက်ဇ်နဲ့တွဲဖက် ကစားတာ တော်တော်လေးကို ကောင်းခဲ့တယ်၊ သူတို့ နှစ်ယောက်ရဲ့ ခံစစ်အတွဲက တော်တော်လေးကို အလုပ်ဖြစ်ပါတယ်၊ ဒီပွဲပြီးလို့ ပွဲစဥ် တစ်ချို့ နားလိုက်တာ က ကျွန်တော်တို့ အတွက် အသုံးဝင်ပါတယ်၊ ကျွန်တော်တို့ရဲ့ ပုံစံတွေ အသားကျအောင် လုပ်သွားရပါမယ်။

ဇန်နဝါရီလ ရောက်ရင်လည်း ကျွန်တော်တို့ ဆက်ပြီး တိုးတက်အောင် ထပ်မံ လုပ်ဆောင်သွားဦးမှာပါ၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ လာမယ့် ပွဲစဥ်တွေ အတွက် အကောင်းဆုံး ကစားနိုင်အောင်လို့ ပြင်ဆင် သွားပါမယ်လို့ အသင်းနဲ့ ပက်သက်ပြီး ကစားသမား တချို့နဲ့ အနာဂတ်မှာ လုပ်ဆောင်မယ် အစီအစဉ် အပါအဝင် တိုးတက်လာနိုင်စွမ်း အပေါ် သုံးသပ်သွားတာပဲ ဖြစ်ပါတယ်။

credit