သူမဝယ်လ်ိုက်တဲ့ iPhone 14 ကိုထုတ်ပြလိုက်ရာမှ ဖုန်းကကွေးနေတဲ့အတွက်ပရိတ်သတ်တွေရဲ့စနောက်ခြင်းခံနေရတဲ့အပေါ် ပြန်လည်အရွှန်းဖောက်လာတဲ့ ထက်ထက်ထွန်း

ပရိတ်သတ်ကြီးရေ….Miss Universe Myanmar 2016 ဆုရှင် ထက်ထက်ထွန်းကတော့ မော်ဒယ်လ် သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲမှာ ရပ်တည်နေသူတစ် ယောက်ပဲဖြစ်တဲ့အပြင် ရုပ်ရှင် ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားတဲ့အပြင် အစီအစဉ်တင်ဆက်သူတဟ်ယောက်အဖြစ်လည်း အနုပညာလမ်းကြောင်း ပေါ်မြှအောင်မြင်စွာနဲ့လျှောက်လှမ်း နေတာပဲဖြစ်ပါတယ်နော်..။





ထက်ထက်ထွန်းက မော်ဒယ်လ်တစ်ယောက်အပြင်စီးပွားရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေတာဖြစ်ပြီး သူမရဲ့ချစ်သူနဲ့အတူတူ Lwin Moe & Htet Htet Htun ဆိုပြီး ဖုန်းဆိုင်ကြီးကိုလည်း ဖွင့်လှစ်ထားသူတစ်ယောက်ပဲဖြစ်ပါတယ်။





ဒီတစ်ခါမှာဆိုရင်လည်း ထက်ထက်ထွန်းက မနေ့ကသူမ နောက်ဆုံးပေါ် iPhone 14 ကို ပထမဦးဆုံးအဖြစ် ကိုင်ခဲ့တဲ့ဓာတ်ပုံလေးကို လူမှုကွန်ယက်စာမျက်နှာမှာ တင်လာခဲ့ပါတယ်။





အဆိုပါ ဓာတ်ပုံမှာ ထက်ထက်ထွန်းဟာ ဖုန်းကိုသူမရဲ့မျက်နှာနဲ့ကပ်ထားတာကြောင့် ဖုန်းဟာ ကင်မရာ Effect ကြောင့် ကွေးနေခဲ့ပြီး ပရိသတ်တွေက ထက်ထက်ထွန်းရဲ့ ပုံကို စနောက်နေကြတာပဲ ဖြစ်ပါတယ်။





အဆိုပါ ဓာတ်ပုံနဲ့ပတ်သက်ပြီး ထက်ထက်ထွန်းက “ကဲ ဘယ်သူတွေဆီရော ရောက်ကျပြီလဲ 😂😂😂 14 ဆို အကွေးလေးနဲ့လားလို့မေးနေရပြီ 😂😂😂 ✌🏼 PEACE ✌🏼” ဆိုပြီး သူမရဲ့ အကြောင်းကို ပြန်လည်အရွှန်းဖောက်လာခဲ့ပါတယ်။





ထက်ထက်ထွန်းကတော့ ပရိသတ်တွေ စနောက်နေကြတဲ့ ဓာတ်ပုံကို ပြန်ဖျက်ခြင်းမရှိပဲ သူမကိုယ်တိုင်ပဲ 14 ဆို အကွေးလေးနဲ့လားလို့မေးနေရပြီ ဆိုပြီး ပြန်လည်အရွှန်းဖောက်လာခဲ့တာပဲ ဖြစ်ပါတယ်။





ပရိတ်သတ်ကြီးကလည်း မထင်မှတ်ပဲ အလွဲလေးဖြစ်သွားတဲ့ ထက်ထက်ထွန်းကို အချစ်တွေလျော့မသွားကြပါနဲ့နော်..။

Source: Htet Htet Htun’s fb