ဂက်ပိုနဲ့ ပတ်သက်ပြီး ဖာဘရီဇီယို ရိုမာနို ရဲ့ အတည်ပြုချက်ကို ငြင်းဆိုလိုက်ပြီး အကြောင်းအရင်းမှန်ကို ရှင်းပြလိုက်တဲ့ မန်ယူ

အန်တိုနီကို ရွေးချယ်လိုက်လို့ ဂတ်ပိုနဲ့ ဇတ်လမ်းပြီးသွားပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး နောက်မှာ ဂတ်ပို အနေနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို အနည်းငယ် စိတ်ပျက်သွားတယ်လို့ သတင်းတွေ ဆက်လက် ထွက်‌ပေါ်ခဲ့ပါသေးတယ်။




အဆိုပါ သတင်းကို နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ကိုယ်တိုင် အတည်ပြု ထားပေးခဲ့တာလည်း ဖြစ်ပါတယ်၊ ဒါပေမယ့် ယခုတော့ အကြောင်းအရင်းမှန်က ထွက်ပေါ်လာခဲ့ပါပြီ၊ တကယ်က မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အန်တိုနီကိုရော ဂတ်ပိုကိုပါ တခါတည်း ခေါ်ချင်ခဲ့တာလို့ သိရပါတယ်။




ဒါပေမယ့် အပြောင်း‌ရွေ့ လုပ်ဆောင်ဖို့ အချက် တော််တော်များ ပြီးစီးထားခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကစားသမားသစ် အဖြစ် မှတ်ပုံတင်ဖို့ အလုပ်ဗီဇာ အပြင် အခြား စာရွက်စာတမ်း ကိစ္စတွေမှာ အချိန်ယူရမှာ ဖြစ်တဲ့ အတွက် လက်လျှော့လိုက်တာ ဖြစ်ကြောင်း အရင်းအမြစ်များက ဆိုသွားခဲ့ပါတယ်။




ဂတ်ပို အတွက် PSV အသင်း တာဝန်ရှိသူတွေနဲ့ အဆင်ပြေနေသလို၊ ကစားသမား ဖြစ်သူနဲ့ပါ ပုဂ္ဂိုလ်ရေး သဘောတူညီမူတွေ ရရှိခဲ့တဲ့ အပြင် အသင်းရဲ့ လေ့ကျင့်ခန်း အစီစဥ်််််တွေမှာတောင် ကစားသမားဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းမယ့် ကစားသမားဆိုတဲ့ အထိ ပြောနေကြပြီ ဖြစ်တယ်လို့ သိရပါတယ်။




တကယ်တမ်း အပြောင်းရွေ့ မဖြစ်ခဲ့တဲ့ အနေထားမှာ ကစားသမားဟာ အသင်းရဲ့ လေ့ကျင့်ခန်းကို ပူးပေါင်းပြင်ဆင်ခြင်း နောက်ကျမူကို အသင်းရဲ့ဒါရိုက်တာ ဖြစ်သူ မာစီဘရန့်က- ဂတ်ပို အနေနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပြင်ဆင်မူတွေ ‌အတော်လေး ခရီးရောက်ခဲ့တာကြောင့် ရာသီကြို ပြင်ဆင်မူတွေမှာတောင် အခက်ခဲ ဖြစ်ခဲ့ရပါသေးတယ်၊ လို့ ပြောကြားသွားခဲ့ပါတယ်။

အပြောင်းရွေ့ ရက်မပိတ်ခင်မှာတော့ နယူးကာဆယ် အသင်း၊ လိဂ် အသင်းက ကမ်းလှမ်းခဲ့ပေမယ့် ကစားသမား ကိုယ်တိုင်က ငြင်းပယ်ခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဂတ်ပိုကို ဇန်နဝါရီမှာ ခေါ်ယူဖို့ အစီစဥ်ကို ပြင်ဆင်ထားပြီးသား ဖြစ်သလို အပြောင်းရွေ့ အတွက် အကြိုသဘောတူညီမူ အဖြစ်




မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ PSV အသင်းဟာ ယူရို 52 သန်းနဲ့ သဘောတူညီမှု ရယူထားနိုင်ခဲ့ပြီလို MEN က ဖော်ပြသွားခဲ့ပါတယ်။ ဂတ်ပိုရဲ့ ယခု စွမ်းဆောင်ရည်-
12 ပွဲပါဝင်ကစား၊ 962 minutes (10.7 90s), 9 goals, 6 assists, 64:08 minutes တိုင်းမှာ သွင်းဂိုး ပါဝင် ပတ်သက်ထားနိုင်ခဲ့ပြီး အခွင့်ရေးဖန်တီးမူ 39 ကြိမ်မှာ (9) ကြိမ် ထိရောက်မှု ရှိခဲ့ပါတယ်။

credit