စိတ်ဝင်စားဖွယ် နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ

(၁)

မက် တိုမီနေး ဟာ မန်ချက်စတာ ဒါဘီ ပွဲစဥ် အဖြစ် မန်စီးတီး အသင်းနဲ့ ပွဲစဥ်မှာသာ အဝါကဒ် ပြသခံခဲ့ရရင် ‌ယင်းပွဲစဥ်အပြီး နောက်လာမယ့် ပရီးမီးယားလိဂ် ပွဲစဥ်ကို လွဲချော်ရမှာ ဖြစ်ပါတယ်၊ ပရီးမီးယားလိဂ် 6 ပွဲ ကစားပြီးချိန်မှာ တိုမီနေး ဟာ အဝါကဒ် 4 ကဒ်ထိ ရရှိထားခဲ့ပြီ ဖြစ်သလို အဝါကဒ် 5 ကဒ် ပြည့်ခဲ့ရင် တစ်ပွဲပယ် ပြစ်ဒဏ်ခံရမှာကြောင့် ဖြစ်ပါတယ်။





(၂)

ဒီလ 24 ရက်နေ့ အန်ဖီးလ်ကွင်းမှာ လီပါပူး လီဂျန် Vs ယူနိုက်တက် အသင်း လီဂျန်တို့ Foundation အတွက် ပွဲစဥ် ကစားရဖို့ ရှိ‌ နေပါတယ်၊ ပထမ အကျော့ကို မေလ 21 ရက်နေ့က ကစားခဲ့ပြီး ဖြစ်ပါတယ်။

(၃)

စပါး နောက်ခံလူ ခရစ်တီယမ် ရိုမီရို က တစ်နိုင်ငံတည်း အသင်းဖော် မန်ချက်စတာ ယူနိုက်တက် ကစားသမား လီဆန်ဒရို မာတီနက်ဇ် နဲ့ ပတ်သက်ပြီး ယခုလိုမျိုး ပြောကြား သွားခဲ့ပါတယ်။ အခု လောလောဆယ် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နောက်ခံလူက ဗန်ဒိုက်နဲ့ မာတီနက်ဇ် ဖြစ်ပါတယ်၊ မာတီနက်ဇ်ရဲ့ခြေစွမ်းနဲ့ ပတ်သက်ပြီးတော့ ကျနော် မအံသြပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူရဲ့ ခံစစ်ပိုင်းကြံ့ခိုင်မူ၊ ဖိအားတွေကို အကောင်းဆုံး




ကျော်လွှားနိုင်မူနဲ့ ကောင်းမွန်တဲ့ ခံစစ်စွမ်းဆောင်ရည် တချို့ကို ပိုင်ဆိုင်ထားလို့ပါပဲ၊ နောက်ပြီး သူက လိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တဉီးလည်း ဖြစ်တယ်၊ မန်ချက်စတာ ယူနိုက်တက် ကတော့ မွန်းစတား တကောင်ကို ခေါ်ယူလိုက်တာပါ၊ လို့ မှတ်ချက်ပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။




credit