ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသည်းခွဲ ခေါ်ယူမှု တခု ပြုလုပ်ဖို့ ရှိကြောင်း မန်ချက်စတာ ယူနိုက်တက် ကို အသိပေးလိုက်တဲ့ ဘာစီလိုနာ
|ဘာစီလိုနာ အသင်းဟာ မန်ချက်စတာ ယူနိုက်တက် ညာနောက်ခံလူ ဒီယေဂို ဒါလော့ ကို လာမယ့် အပြောင်းအရွှေ့မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ရာ စီစဉ်နေကြောင်း ဘာစီလိုနာမှ အရင်းအမြစ်များ အရ စပိန်အခြေစိုက် သတင်းဌာနက အတည်ပြု ဖော်ပြသွာခဲ့ပါတယ်။
ဘာစီလိုနာ အသင်းဟာ လက်ရှိမှာ ဟက်တာ ဘယ်လာရင်က လွဲရင် ညာနောက်ခံလူစစ်စစ် မရှိတာ ဖြစ်ပါတယ်၊ ဆာဂျီယို ဒက်စ်ကိုလည်း သူတို့ဟာ ဒီနွေရာသီမှာ အေစီမီလန် အသင်းဆီ အငှားချထားခဲ့တာကြောင့် လက်ရှိအချိန်မှာ သူတို့ဟာ ဆီဗီလာကနေ ခေါ်ယူထားတဲ့ ဗဟိုနောက်ခံလူ ဂျူးလက်စ် ကွန်ဒေးကို ညာနောက်ခံလူ အဖြစ် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
အင်္ဂါနေ့က ကစားခဲ့တဲ့ ဘိုင်ယန်မြူနစ် အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဥ်မှာ ကွန်ဒေးကို အစွန်မှာ ကစားစေခဲ့ပြီး သူတို့ဟာ ၂-၀ ရလဒ်နဲ့ ရရှုံးနိမ့်ခဲ့ရပါတယ်၊ ဗီလာရီးရဲလ် အသင်းက ဂျူရန် ဖွိုင့်တ်ကို အပြောင်းအရွှေ့ မပိတ်သိမ်းမီခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် ဘယ်လာရင်ကို အာဆင်နယ်အသင်းကနေ ခေါ်လိုက်ရတာ ဖြစ်ပါတယ်။
ပေါ်တူဂီ လက်ရွေးစင် ဒါလော့ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ်သက်တမ်း ၁၂ လသာ ကျန်ရှိတော့တာ ဖြစ်ပြီး အကယ်၍ သက်တမ်းမတိုးဖြစ်ပါက လာမယ့် နွေရာသီမှာ အလွတ်နဲ့ ထွက်ခွာနိုင်မှာ ဖြစ်ပါတယ်၊ လက်ရှိ နည်းပြ အဲရစ် တန်ဟက်ဂ် လက်ထက်မှ
ာ
ဒါလော့ဟာ အဓိက ညာနောက်ခံလူအဖြစ် ပွဲထွက်ခွင့် တနေရာကို ပိုင်ဆိုင်ထားနိုင်ခဲ့ပြီး သူဟာ ဒီရာသီ ၈ ပွဲထိ ပွဲထွက်ခွင့် ရရှိထားပြီး ၂ ဂိုး ဖန်တီးပေးထားနိုင်တာ ဖြစ်ပါတယ်၊ အသက် ၂၃ နှစ်အရွယ်သာ ကစားသမားဟာ အနာဂတ်မှာ ပိုမို ကောင်းမွန်မယ့် တက်လမ်းတွေလည်း ရှိနေသူ ဖြစ်ပါတယ်။
credit