“ဝိပါက ” ဇာတ်လမ်းတွဲထဲမှာ သရုပ်ဆောင်ပီပြင်လွန်းတဲ့မင်းသားသုတအောင်ကို ရင်ထဲကလာတဲ့ချီးကျူးစကားတွေပြောလိုက်တဲ့ ထူးခန့်ကျော်
|MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသခဲ့တဲ့ “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်း တွဲကို ပရိသတ်ကြီး အားပေးကြမယ် ထင်ပါတယ်။ “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲက ပညာပေးဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တာကြောင့် ပရိသတ် အကြိုက်တွေ့ကြတဲ့ ဇာတ်လမ်းတွဲအဖြစ် ကျော်ကြားခဲ့တာပဲ ဖြစ်ပါတယ်။
အထူးသဖြင့် ဗီလိန်ကာရိုက်တာဖြစ်တဲ့ “ဗေဒါ”နေရာမှာ သရုပ်ဆောင်ရတဲ့ သရုပ်ဆောင် ထူးခန့်ကျော်ကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို တရှိန်ထိုးရရှိပြီး ရေပန်းစားနေတာပဲ ဖြစ်ပါ တယ်။ ထူးခန့်ကျော်နဲ့ သုတအောင်တို့ကတော့ “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲမှာ ဗေဒါနဲ့ ကြွက် ဆိုတဲ့ ကာရိုက်တာမှာ အတူတူသရုပ်ဆောင်ရင်း ခင်မင်ရင်းနှီးခဲ့ကြသူများ ဖြစ်ပါတယ်။
လက်ရှိထုတ်လွှင့်ပြသနေတဲ့ “ဝိပါက” ဇာတ်လမ်းတွဲမှာလည်း ထူးခန့်ကျော်နဲ့ သုတအောင်တို့က ဦးရာဇာနဲ့ တေဇာဆိုပြီး သားအဖနှစ်ယောက်အဖြစ် တွဲဖက်ညီညီ ပါဝင်သရုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
သုတအောင်ဟာ သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့ ဆရာသမားကောင်းတွေရဲ့ ပံ့ပိုးကူညီပေးမှုကြောင့် အနုပညာလောကမှာ နေရာတစ်နေရာရရှိခဲ့ပြီး ထူးခန့်ကျော်ဟာလည်း သုတအောင်ရဲ့ ဆရာသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ထူးခန့်ကျော်က သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် သုတအောင်ကို “အရာရာငါ့ထက်တော်သော ငါ့သားမင်းသားချောလေးသုတအောင် ဒီထက်မကအောင်မြင်ကျော်ကြားပြီး ဝိပါကအကြွေးတွေလဲကျေပါစေသားလေး” ဆိုပြီး ချီးကျူးခဲ့ပါတယ်။
သုတအောင်ကတော့ ပထမဦးဆုံးအကြိမ် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခွင့်ရရှိခဲ့တဲ့ “ဝိပါက” ဇာတ်လမ်းတွဲမှာ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သလို ဆရာသမား စီနီယာကြီးတွေဆီကလည်း ချီးကျူးစကားတွေနဲ့ ဂုဏ်ပြုခံနေရတာပဲဖြစ်ပါတယ်။
Source: Htoo Khant Kyaw’s fb