ပရီးမီးယားလိဂ် အကောင်းဆုံး နောက်ခံလူ ၂ ဦးကို ရွေးချယ်ပေးလိုက်တဲ့ ရိုမဲရိုး

တော့တင်ဟမ် ဟော့စပါး အသင်း အဓိက ခံစစ်မှူး ဖြစ်သူ ရိုမဲရိုးက လက်ရှိ ပရီးမီးယားလိဂ် အကောင်းဆုံး ဗဟိုခံစစ်မှူး နှစ်ဦးဟာ လီဗာပူးအသင်း နဲ့ မန်ချက်စတာ ယူနိုက်တက် နှစ်သင်းမှာသာ ရှိကြောင်းဖွင့်ဆိုလိုက်ပြီး ကြယ်နှစ်ပွင့်ကို ရွေးချယ်သွားခဲ့ပါတယ်။




လီဗာပူးခံစစ်မှူး ဗာဂျယ် ဗန်ဒိုက် နဲ့ လက်ရွေးစင် အသင်းဖော် လီဆန်ဒရို မာတီနက်ဇ် တို့ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်၊ အသက် ၂၄ နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင် ဗဟိုနောက်ခံလူ ရိုမဲရိုးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ




အတ္တလန်တာ အသင်းကနေ တော့တင်ဟမ် ဟော့စပါး အသင်းကို ရောက်ရှိ လာခဲ့ပြီးနောက် အသင်းရဲ့ အဓိကနောက်ခံလူ တစ်ဦးအဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး သူ့ရဲ့ အသင်းဖော်တွေ အပေါ် လွှမ်းမိုးနိုင်သလို အသင်းအတွက် အချိန်ပြည့် တိုက်ပွဲဝင်နေတဲ့ ကစားပုံတွေကြောင့် အချိန်တို အတွင်းမှာပဲ စပါးအသင်း ပရိသတ်တွေရဲ့




အချစ်တော် ကစားသမား တစ်ဦး ဖြစ်လာခဲ့ပါတယ်၊ တဖက်မှာတော့ လီဗာပူးခံစစ်မှူး ဗာဂျယ် ဗန်ဒိုက် က ဆောက်သမ်တန် အသင်းကနေ လီဗာပူးအသင်းကို ရောက်ရှိ လာခဲ့ပြီးနောက် အသင်းရဲ့ မရှိမဖြစ် ဗဟိုခံစစ်မှူး တစ်ဦးအဖြစ် ခြေစွမ်းကောင်း ပြသထားနိုင်သူ ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေ ကြောင့်ပဲ




လီဗာပူးဟာ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ အမှတ်ပေးဆုဖလားနဲ့ ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလားပေါင်း များစွာကို ရယူနိုင်ခဲ့တာလို့ ဆိုရမှာ ဖြစ်ပါတယ်၊ ဒါကြောင့်ပဲ ဘောလုံးရေးရာ သုံးသပ်သူ အများစုက ဗာဂျယ် ဗန်ဒိုက် ဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူး အဖြစ် သတ်မှတ်ထားကြပြီး ရိုမဲရိုးကတော့




ယခု နွေဈေးကွက် အတွင်းမှာမှ နယ်သာလန် ကလပ် အေဂျက်အသင်းကနေ မန်ချက်စတာ ယူနိုက်တက် အသင်းကို ရောက်ရှိလာတဲ့ အာဂျင်တီးနား တစ်နိုင်ငံတည်း အသင်းဖော် လီဆန်ဒရို မာတီနက်ဇ် ဟာလည်း ဗန်ဒိုက် နည်းတူ ကောင်းမွန်တဲ့ နောက်ခံလူ တစ်ဦးဖြစ်ကာ သူ့ရဲ့ အမြင်မှာ ဗန်ဒိုက်နဲ့ မာတီနက်ဇ်ဟာ အတူတူပဲ ဖြစ်ကြောင်း ရှင်းပြသွားခဲ့ပါတယ်။

ကျွန်တော့် အတွက် အကောင်းဆုံး နောက်ခံလူတွေက လီဆန်ဒရို မာတီနက်ဇ် နဲ့ ဗာဂျယ် ဗန်ဒိုက် ဖြစ်ပါတယ်၊ ကျွန်တော့် အတွက် သူတို့နှစ်ယောက်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဗဟိုနောက်ခံလူ နှစ်ဦးဖြစ်တယ်။ လို့ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

အသက် ၂၄နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ဗဟိုခံစစ်မှူး လီဆန်ဒရို မာတီနက်ဇ် ဟာ ပိတ်သိမ်းသွားတဲ့ နွေဈေးကွက် အတွင်းမှာပဲ အေဂျက်စ်အသင်းကနေ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ယခုအချိန်မှာ ရာဖေး ဗာရန်း နဲ့ အတူ တွဲဖက်ပြီး မန်ချက်စတာ ယူနိုက်တက် ရဲ့ ခံစစ်ကြောင်းကို ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။

credit