ကလေးကိုရည်ရွယ်ချက်ရှိရှိစွန့်ပစ်ခဲ့ပြီးမှ လာပြန်တောင်းတဲ့ကလေရဲ့မိခင်တစ်ဦးအား သက်သေနှင့်တကွ ဖြေရှင်းလာတဲ့ ခိုင်နှင်းဝေရဲ့ဗီဒီယို

ပရိသတ်ကြီးရေ သရုပ်ဆောင် ခိုင်နှင်းဝေဆိုတာနဲ့ ပရဟိတသူရဲကောင်းတစ်ဦးဆိုတာ အားလုံးသိကြမယ် ထင်ပါတယ်နော်။ သူမကတော့ လူမမယ် ကလေးတွေကို မိခင်စိတ်တစ်ခုတည်းနဲ့ ကျွေးမွေးပြုစုစောင့်ရှောက်ထားသူတစ်ဦး ဖြစ်ပါတယ်။





အနုပညာလှုပ်ရှားမှုတွေကိုလည်း အားလပ်ချိန်တိုင်းမှာ လုပ်ကိုင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းလောက်က ခိုင်နှင်းဝေထံသို့ ပြသနာတစ်ခုရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။





ဒါကတော့ မိခင်တစ်ဦးမှ ကလေးကို သူမရဲ့ဂေဟာအနီးတွင် စွန့်ပစ်ထားခဲ့ပြီး အွန်လိုင်းပေါ်တွင် ကလေးပျောက်ကြောင်း တင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ခိုင်နှင်းဝေအနေနဲ့ Live လွှင့်ပြီး ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။





ကလေးအမေအနေနဲ့ ကလေးအား ပြန်လိုချင်ပါက ချက်ချင်း ပြန်ပေးမှာ မဟုတ်ဘဲ တရားဥပဒေအရ ဦးတိုက်လျှောက်ထားမှသာ ပြန်ပေးမည်ဖြစ်ကြောင်းကို အားလုံးသိအောင် ရှင်းပြနေတာ ဖြစ်ပါတယ်။





ဒီပြသနာကိုလည်း မျက်မြင်သက်သေတွေကိုပါ ခေါ်ပြီး ရှင်းခဲ့ပြီး သူမရဲ့ လူမှုကွန်ယက်ပေါ်မှာပါ Live လွှင့်ခဲ့တာ ဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးလည်း ဒီဗီဒီယိုဖိုင်လေးကို ကြည့်ရှုပြီး သုံးသပ်ပေးကြပါဦးနော်။





Source – Khine Hnin Wai’ fb