အဲရစ်ဆင်ကို ပွဲမပန်းစေဖို့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ သူရဲ့ အဓိက ပစ်မှတ်ကို ထုတ်ပြောလိုက်တဲ့ တန်ဟက်ဂ်

0
910

မန်ချက်စတာ ယူနိုက်တင် အသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ လက်စတာအသင်း ကွင်းလယ် ကစားကွက် ဖန်တီးရှင် တီလီမန်းစ်ကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးစားသွားမှာ ဖြစ်ကြောင်း သိရပါတယ်။




ဘယ်ဂျီယမ် ကွင်းလယ် ကစားကွက် ဖန်တီးရှင်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကတည်းက အသင်းပြောင်းမယ်လို့ သတင်းများ ထွက်ပေါ်ခဲ့သူ ဖြစ်ပြီး အပြောင်းအရွှေ့ အကောင်အထည် မပေါ်ခြင်းကြောင့် ကင်းပါဝါကွင်းမှာ ဆက်ရှိနေရတာ ဖြစ်ပါတယ်။

၂၅ နှစ်အရွယ်ရှိ မိုနာကို အသင်းသားဟောင်း တီလီမန်းစ်ဟာ လက်ရှိ ဘောလုံးရာသီမှာ ရော်ဂျာစ်ရဲ့ အသင်းအတွက် စုစုပေါင်း ၇ ပွဲ ပါဝင်ကစားပြီး ဂိုးဖန်တီးမှု တစ်ကြိမ်သာ ပြုလုပ်ထားနိုင်ခဲ့ပြီး ၎င်းဟာ လာမယ့် ဇွန်လမှာ လက်စတာအသင်းနဲ့




စာချုုပ်သက်တမ်း ကုန်ဆုံးသွားမှာ ဖြစ်ပါတယ်၊ သက်တမ်းတိုး စာချုပ် ချုပ်ဆိုရန်လည်း အစီအစဉ်မရှိဘူးလို့ သိရှိရပြီး ၎င်းကို အာဆင်နယ် နဲ့ လီဗာပူး တို့ကလည်း စိတ်ဝင်စားနေပြီး အမှန်တကယ် ကမ်းလှမ်းမယ့် အသင်းမှာ မန်ချက်စတာ ယူနိုက်တက် ဖြစ်ကြောင်း မီဒီယာ အချို့က အတည်ပြု ဖော်ပြသွားခဲ့ကြပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကွင်းလယ် ကစားကွက် ဖန်တီးရှင်တစ်ဦးကို ခေါ်ယူလိုနေပြီး သက်သာတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် တီလီမန်းစ်ကို စိတ်ဝင်စားနေခြင်းလည်း ဖြစ်ပါတယ်၊ အဲရစ် တန်ဟက်ဂ် ဟာ အသင်းရဲ့ ကွင်းလယ်အထိုင် နေရာမှာ အဲရစ်ဆင်ကို ပွဲပန်းဒဏ် မရှိစေလိုတာကြောင့်

တီလီမန်းစ် ခေါ်ယူပြီး အဲရစ်ဆင်နဲ့ အလှည့်ကျ ကစားစေရန် ရည်ရွယ်ထားတယ်လို့ သိရပြီး မန်ချက်စတာ ယူနိုက်တက် နည်းပြဟာ အသင်းရဲ့ ကစားကွက်နဲ့ အံဝင်မယ့် သူဟာ တီလီမန်းစ်က ဖြစ်နိုင်ခြေ အရှိဆုံးလို့ ယုံကြည်နေတာလည်း ဖြစ်ပါတယ်။တီလီမန်းစ်



credit