ဒဏ်ရာက နိုးထလာတဲ့ ကြယ်တစ်ပွင့်ကို ကျားရိုးသွေးတိုက်ပြီး တိုက်စစ်ကို ဦးဆောင်စေဖို့ အစီအစဉ်ဆွဲနေတဲ့ တန်ဟက်ဂ်
|မန်ချက်စတာ ယူနိုက်တက် နဲ့ နည်းပြ အဲရစ် တန်ဟက်ဂ် အတွက်တော့ နိုင်ငံတကာ သီတင်းပတ်အပြီး ယှဉ်ပြိုင်ရမယ့် မန်စီးတီးနဲ့ မန်ချက်စတာ ဒါဘီ ပွဲစဉ်အတွက် အားတက်စရာ သတင်းကောင်း ရှိနေပါတယ်၊ အဲဒါကတော့ တိုက်စစ်မှုး မားကပ်စ် ရက်ဖို့ဒ် ကြံ့ခိုင်မှု ပြန်ပြည့်လာပြီး စီးတီးနဲ့ ပွဲစဉ်မှာ
ပါဝင်ကစားနိုင်ဖွယ် ရှိနေတာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ တစ်လနီးပါး အနားယူရပြီးနောက် အောက်တိုဘာ ၂ ရက်နေ့မှာ ဂွာဒီယိုလာရဲ့ မန်စီးတီးနဲ့ ရင်ဆိုင်ပြီး ပရီးမီးယားလိဂ် ပွဲတွေ ပြန်လည်စတင်ရမှာပါ၊ သရဲနီတွေဟာ စက်တင်ဘာ လဆန်းပိုင်းမှာ အိုးထရက်ဖို့ဒ်မှာ အာဆင်နယ်ကို
၃-၁ နဲ့ အနိုင်ယူပြီး ၄ ပွဲမြောက် လိဂ်နိုင်ပွဲ ရထားခဲ့တာ ဖြစ်ပါတယ်၊ ဒါပေမယ့် ထိုပွဲပြီးတဲ့နောက် ဘုရင်မကြီး နာရေးကြောင့် နှစ်ပတ် ဆက်တိုက် လိဂ်ပွဲတွေ ရွှေ့ခဲ့ရတာ အပြင် နိုင်ငံတာ သီတင်းပတ်နဲ့ပါ ဆက်သွားခဲ့တာပါ၊ တိုက်စစ်မှုး မားကပ်စ် ရက်ဖို့ဒ် ဟာ ကြွက်သား ဒဏ်ရာရှိနေတာကြောင့်
မန်ချက်စတာ ယူနိုက်တက် ရဲ့ နောက်ဆုံး ၂ ပွဲကို လွဲချော်ထားရသူပါ၊ အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ အပတ်က နည်းပြ ဆောက်ဂိတ် ရွေးချယ်တဲ့ အင်္ဂလန်အသင်း လူစာရင်းနေလည်း ချန်လှပ်ခံခဲ့ရပါတယ်၊ ဒါပေမယ့် ESPN သတင်း အဆိုအရ မန်ချက်စတာ ယူနိုက်တက် ဆေးအဖွဲ့ဟာ
ရက်ဖို့ဒ်ရဲ့ ဒဏ်ရာကို ပြင်းထန်တယ်လို့ မယူဆဘဲ နိုင်ငံတကာ သီတင်းပတ် အပြီး မန်ချက်စတာ ဒါဘီပွဲအမှီ ပြန်ကောင်းလာနိုင်တယ်လို့ ယုံကြည်နေပါတယ်၊ ရက်ဖို့ဒ်ဟာ ဒဏ်ရာ မရခင် ခြေစွမ်းကောင်း ပြသနေပြီး ၆ ပွဲမှာ ၃ဂိုး သွင်းယူထားခဲ့ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ကတော့ အသင်းကြီး ပြိုင်ဘက် အများစုထက် တစ်ပွဲလျော့ ကစားထားသည့်တိုင် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။
credit