ပြင်းထန်မယ့် မန်ချက်စတာ ဒါဘီ ပွဲမတိုင်မီ အဆိပ်သင့်ခဲ့ကြတဲ့ မန်ချက်စတာ ယူနိုင်တက် ကစားသမားများ ပြန်လည် ကျမ်းမာဖို့ လိုအပ်နေ

0
153

မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေဟာ ရှရစ်ဖ်နဲ့ ယူရိုပါလိဂ် ပွဲစဥ်အပြီး မန်ချက်စတာမြို့ကို ပြန်လည် ရောက်ရှိလာချိန်မှာ အစာအဆိပ် သင့်ခဲ့ကြတယ်လို့ သိရှိရပါတယ်၊ ဒီလိုမျိုး အစာအဆိပ် သင့်ခဲ့တဲ့ အထဲမှာ အသင်း ဝန်ထမ်းတွေလည်း ပါဝင်ခဲ့ကြောင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။




မန်ချက်စတာ ယူနိုက်တက်ဟာ ရှရစ်ဖ်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီး သီးသန့်လေယာဥ်နဲ့ အင်္ဂလန်ကို ပြန်လည် ရောက်ရှိလာခဲ့ကြတာပါ၊ အဲ့ဒီနောက်မှာ ကစားသမားအချို့နဲ့ အသင်းဝန်ထမ်းအချို့ နေထိုင်မကောင်း ဖြစ်ခဲ့ကြပြီး ဒါက အစာအဆိပ် သင့်တာကြောင့် ဖြစ်တယ်လို့ ကောက်ချက်ချထားပါတယ်၊ ဒါပေမယ့် ဘယ်လိုကြောင့် ဒီလိုမျိုး




ဖြစ်ရလဲ ဆိုတာကိုတော့ မသိရှိရသေးပါဘူး၊ မော်လ်ဒိုဗာမှာ ရှိနေတုန်း စားသောက်ခဲ့တဲ့ အစားအသောက်တွေ ကြောင့်လား ဒါမှမဟုတ် လေယာဥ်ပေါ်မှာ ကျွေးမွေးခဲ့တဲ့ အစားအသောက်တွေ ကြောင့်လား ဆိုတာကို အသင်းဘက် စုံစမ်းနေဆဲဖြစ်ပါတယ်၊ အရေအတွက်အားဖြင့် ကစားသမားနဲ့ အသင်းဝန်ထမ်း စုစုပေါင်း

၁၂ ယောက်အထိ အစာအဆိပ် ဖြစ်ခဲ့ကြတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်၊ ကစားသမားအများစုက သောကြာနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဥ်တွေကို လွဲချော်ခဲ့ကြပြီး စနေနေ့မှာတော့ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ခဲ့ကြပါတယ်၊ ဒါပေမယ့် အချို့ကစားသမားတွေကတော့ စနေနေ့မှာပြုလုပ်တဲ့




လေ့ကျင့်ခန်း အစီအစဥ်ကိုပါ လွဲချော်ခဲ့ကြပါတယ်၊ နိုင်ငံအသင်းတွေနဲ့ သွားရောက်ပူးပေါင်းရတဲ့ ကစားသမားတွေကလည်း ပုံမှန် အစီအစဥ်အတိုင်း ခရီးထွက်နိုင်ခဲ့တယ်လို့ သိရှိရပါတယ်၊ ဒီလိုမျိုး အစာအဆိပ်သင့်တဲ့ သူတွေထဲမှာ ဘယ်ကစားသမားတွေ ပါဝင်ခဲ့လဲဆိုတာကိုတော့ အတိအကျ မသိရှိရပါဘူး။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်ဂ် ကတော့ မပါဝင်ခဲ့ဘဲ မော်လ်ဒိုဗာကနေ ပြန်ရောက်ပြီးပြီးချင်းမှာတင် မန်ချက်စတာ ယူနိုက်တက် ယူ-၂၁ ပွဲကို အသင်းဒါရိုက်တာ ဖလက်ချာ၊ လက်ထောက်နည်းပြ ဗန်ဒါဂါတ်တို့နဲ့ သွားရောက် ကြည့်ရှုခဲ့ပါတယ်။




သတင်းရင်းမြစ်တွေရဲ့အဆိုအရ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ဒီတပတ်မှာ ကစားဖို့ စီစဥ်ထားတဲ့ လိဒ်စ်နဲ့ပွဲကိုသာ ပုံမှန်အတိုင်း ကစားရမယ်ဆိုရင် ဒီအစာအဆိပ်သင့်မှုက အသင်းအပေါ် ဘယ်လောက်အထိ ရိုက်ခတ်နိုင်မလဲ မမှန်းဆနိုင်ကြောင်းလည်း သိရှိရပါတယ်။

credit