ဇန်နဝါရီမှာ ခေါ်ယူမယ့် တန်ဟက်ဂ်ရဲ့ အဓိက ပစ်မှတ် နှစ်ခုကို အတည်ပြုပေးလိုက်တဲ့ ဖာဘရီဇီယို ရိုမာနို

Manchester United နည်းပြ Erik Ten Hag လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့ အတွင်းမှာ နယ်သာလန် ကြယ်ပွင့် ကစားသမားတွေ ဖြစ်သူ ပီအက်စ်ဗွီ တိုက်စစ်မှူး ဂတ်ပိုနဲ့ အင်တာမီလန် ညာနောက်ခံလူ ဒမ်ဖရိုင်းတို့ကို ခေါ်ယူဖို့ မျက်စိကျနေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။




ပီအက်စ်ဗွီ တိုက်စစ်မှူး ဂတ်ပိုနဲ့ အင်တာမီလန် ညာနောက်ခံလူ ဒမ်ဖရိုင်းတို့ဟာ ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ Manchester United နဲ့ အပြောင်းအရွှေ့ သတင်းတွေ အသီးသီး ထွက်ပေါ်ခဲ့ကြသူတွေ ဖြစ်ပြီး Manchester United ဟာ သူတို့ အသင်းရဲ့ လက်ကျန် ဘတ်ဂျတ် ယူရို သန်း ၁၀၀ ကို အန်တိုနီအား ခေါ်ယူရာမှာ အကုန်အစင်




အသုံးပြုလိုက်ရတာ ကြောင့် ဒမ်ဖရိုင်းနဲ့ ဂတ်ပိုတို့အား မခေါ်တော့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်၊ ဒါပေမယ့် လက်ရှိ Manchester United အသင်းရဲ့ အားနည်းချက်မှာ တိုက်စစ်ပိုင်း ဖြစ်နေသလို ညာနောက်ခံ နေရာမှာလည်း အရန် နောက်ခံလူတဦး ဖြစ်တဲ့ ဝမ်ဘစ္စကာကလည်း လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းကထွက်ခွာဖို့ သေချာနေတာကြောင့်




Manchester United နည်းပြ Erik Ten Hag ကတိုက်စစ်ပိုင်း အတွက် ဂတ်ပိုနဲ့ ညာနောက်ခံနေရာ အတွက် ဒမ်ဖရိုင်းတို့ နှစ်ဦးစလုံးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်၊ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ပြောပြချက်အရ Manchester United နည်းပြ Erik Ten Hag က လာမယ့် ဆောင်းရာသီ ဈေးကွက် အတွင်းမှာ တိုက်စစ်ပိုင်း




အတွက် တိုက်စစ်မှူး တစ်ဦးနဲ့ ညာနောက်ခံလူ တ်ဦးတို့ကို ခေါ်ယူဖို့ စီစဉ်ထားပြီး တိုက်စစ်မှူး အဖြစ် ဂတ်ပိုနဲ့ ညာနောက်ခံလူ အဖြစ် ဒမ်ဖရိုင်းတို့ကို ခေါ်ယူဖို့ပါ စီစဉ်နေကြောင်း သိရပါတယ်၊ ဒါပေမယ့် မန်ချက်စတာ ညနေခင်း သတင်းဌာနကတော့ မန်ချက်စတာ ယူနိုက်တက် ပိုင်ရှင်မိသားစုဟာ တန်ဟက်ဂ်ကို ဆောင်းရာသီ ဈေးကွက်အတွင်းမှာ ပြောင်းရွှေ့ကြေး




အနည်းငယ်သာ ထုတ်ပေးဖို့ ဆုံးဖြတ်ထားတာကြောင့် တန်ဟက်ဂ် အနေနဲ့ ဂတ်ပိုထက် ဒမ်ဖရိုင်းကိုသာ ခေါ်ယူနိုင်ဖွယ် ရှိပြီး အကယ်၍ ကြယ်ပွင့် တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ နောက်ထပ် ကစားသမား တစ်ဦး အသင်းကနေ ထွက်ခွာမှသာ ဂတ်ပိုကို ခေါ်ယူနိုင်ဖို့ ရှိနေကြောင်း ဖော်ပြထားပါတယ်၊ ဂတ်ပိုနဲ့ ဒမ်ဖရိုင်းတို့ နှစ်ဦးစလုံးကတော့ Manchester United ကို

ပြောင်းရွှေ့လိုပြီး Erik Ten Hag နဲ့ အတူ လက်တွဲဖို့ စိတ်ဝင်စားနေကြပြီး တန်ဟက်ဂ်ကတော့ နှစ်ယောက်ထဲက တယောက်ကို ရွေးချယ်ရရင် ဒမ်ဖရိုင်းထက် သူနဲ့ အေးဂျင့်တူတဲ့ ဂတ်ပိုကိုသာ ခေါ်ယူဖွယ် ရှိကြောင်း နယ်သာလန် အခြေစိုက် သတင်းထောက်တွေက ဆိုပါတယ်။

credit