အဲရစ် တန်ဟက်ဂ် ကို နည်းပြ နှစ်ဦးနဲ့ နှိုင်းယှဉ် သုံးသပ်ပြလာတဲ့ ဘရူနို
|Manchester United ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် က နည်းပြသစ် အဲရစ် တန်ဟက်ဂ် ကို ဂွာဒီယိုလာ၊ ယာဂင် ကလော့ပ် တို့နဲ့ ခိုင်းနှိုင်းလိုက်ပြီး အသင််းရဲ့ အဝတ်လဲခန်းမှာ စည်းကမ်းသေဝပ်မှုတွေကို ယူလာခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ Manchester United ဟာ ပြီးခဲ့တဲ့ ရာသီက ဆိုးလ်ရှားနဲ့ လမ်းခွဲခဲ့ပြီးနောက် ရန်းနစ်ကို ယာယီ နည်းပြ အဖြစ်
ခေါ်ယူခဲ့ပါတယ်၊ ဒါပေမယ့် အလုပ်မဖြစ်ခဲ့ဘဲ အကြံပေးရာထူးကိုပါ စွန့်လွတ်ပြီး သြစတြေးလျ နည်းပြ ရာထူးကို ရွေးချယ်သွားခဲ့ပါတယ်။ ဒါကြောင့် Manchester United ဟာ ကြားကာလမှာ နည်းပြသစ်် ရှာပုံတော် ဖွင့်ခဲ့ပြီး အေဂျက်စ်ကို အောင်မြင်မှုတွေ ရရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့တဲ့ နယ်သာလန်သား နည်းပြကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပါတယ်။
Erik Ten Hag Manchester United ကို ရောက်ရှိပြီးနောက် အနားယူပဲ ကြိုတင် ပြင်ဆင်ခဲ့ပြီး ရာသီကြို ပွဲစဥ် မတိုင်မီမှာပဲ အသင််းသားတွေကို အပြင်းအထန် မောင်းနှင်ခဲ့ပါတယ်၊ ဒါ့အပြင် တင်းကြပ်တဲ့ စည်းကမ်းချက်တွေလည်း ထုတ်ပြန်ခဲ့ပါတယ်။ ရာသီကြို ပွဲစဥ်တွေ စတင်ချိန်မှာတော့ Manchester United ဟာ ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ပြီး
ပရီးမီးယားလိဂ် ရာသီသစ် စတင်ခဲ့ချိန်မှာတော့ နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ အတွက် Erik Ten Hag ရဲ့ နည်းစနစ်တွေဟာ ပရီးမီးယားလိဂ်မှာ အလုပ်မဖြစ်လောက်ဘူးလို့ ဝေဖန်သူတွေလည်း ပေါ်လာခဲ့ပါတယ်။ အဲ့ဒီနောက် Manchester United ဟာ လေးပွဲဆက် နိုင်ပွဲ ရယူပြနိုင်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် 20 ကနေ အဆင့် 5 အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။
ယခုတော့ ဘရူနို ဖာနန်ဒက်စ် က Erik Ten Hag ဟာ အခြားနည်းပြတွေနဲ့ မတူတဲ့ စည်းကမ်းသေဝပ််မှုကို ယူဆောင်လာကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဘရူနိုက- သူ့ဆီမှာ ကိုယ်ပိုင် အိုင်ဒီယာနဲ့ ကိုယ်ပိုင်ဟန် ရှိပါတယ်၊ သူ့ရဲ့ စည်းမျဥ်း စည်းကမ်းတွေကို လိုက်နာဖို့ပဲ လိုပါတယ်၊ သူ့ရဲ့ စည်းကမ်းတွေက တင်းကြပ်တယ်၊ ဒါပေမယ့် နှစ်သက်ပါတယ်။
ဒါဟာ အရင်က မရှိခဲ့တဲ့ အရာတွေပါ။ လူတိုင်း တသားတည်း ဆက်ဆံံခံနေခဲ့ရပါတယ်၊ ဒါကို ပက်ဂွာဒီယိုလာ၊ ယာဂင် ကလော့ပ် တို့ နှစ်တွေ အကြာကြီး လုပ်ခဲ့ကြတယ်လေ၊ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ရဲ့ အသင်းမှာ တည်ငြိမ်မှုတစ်ခု ရှိနေခဲ့တယ်၊ ပြီးတော့ သူတို့တွေရဲ့ စျေးကွက်ထဲ ချဥ်းကပ်ပုံ၊ အသင်းကို တည်ဆောက်ပုံကလည်း ငြိမ််ခဲ့ပါတယ်။
အဲ့တာက သူတို့ကို ရလဒ်ကောင်းတွေ ရရှိစေရေးမှာ အရေးပါတဲ့ အရာပါ၊ သတင်းစာ ရှင်းလင်းပွဲတွေမှာ ကစားသမားတွေ ကောင််းလို့ လိုချင်တာမျိုး မဟုတ်ဘူး၊ ကျွန်တော်တို့ လုပ်ချင်တာနဲ့ ကိုက်ညီမယ့် မှန်ကန်တဲ့ ကစားသမားမျိုးကိုပဲ ခေါ်ယူချင်တာလို့ နည်းပြ ပြောခဲ့တာကို မြင်တွေ့ခဲ့ဖူးပါတယ်။
အသင်းမှာ လိုအပ်နေတာလဲ အဲ့တာပဲလေ၊ အသင်းကို ဒီထက်ပိုပြီး တိုးတက်နိုင်ပါသေးတယ်၊ သူ့ရဲ့ကစားကွက်ထဲ ကျွန်တော်တို့ လိုက်ပါစီးမျောနိုင်ဖို့ အချိန််လိုအပ်ပါသေးတယ်၊ အသင်းတစ်သင်း အနေနဲ့ သူလိုချင််တဲ့ နေရာတစ်ခုဆီ ရောက်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ လို့ ဘရူနိုက ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။
credit