ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ရခြင်းဟာ အသင်းဖော် တစ်ဦးကြောင့် ဖြစ်တယ်လို့ မက်ဂွိုင်းယား ပြောဆို
|မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွိုင်းယား ဟာ သူ့ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခြင်း အတွက် အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဒီဂီယာကို စိတ်ပျက်နေကြောင်း သတင်းတွေက ဖော်ပြနေပါတယ်၊ မက်ဂွိုင်းယားဟာ ဘရန့်ဖို့ဒ်ကို လေးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ နောက်ပိုင်းပွဲတွေမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပွဲထွက်ခွင့် မရရှိတော့ပါဘူး။
သူဟာ အသင်းခေါင်းဆောင် တစ်ယောက်ဖြစ်ပေမယ့် ပုံမှန် ပွဲထွက်ခွင့် အတွက် အာမခံချက် မရှိတော့ဘူးလို့ နည်းပြ တန်ဟက်ဂ်က လူသိရှင်ကြား ထုတ်ပြောထားပါတယ်၊ ဒီကြားထဲမှာ မက်ဂွိုင်းယား ဟာ ဆိုစီဒက်ကို ရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်အုပ်စု အဖွင့်ပွဲမှာသာ ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်၊ ကျန်ပွဲတွေမှာတော့ မက်ဂွိုင်းယားက လူစားဝင်ကစားသမား အဖြစ်သာ ပါဝင်ခွင့်
ရတာပါ၊ ဒါဟာ မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒီဂီယာ ရဲ့ အပြစ်မကင်းဘူးလို့ မက်ဂွိုင်းယားက ယူဆနေတာပါ၊ ဒီဂီယာဟာ Ball Playing ပိုင်း အားနည်းတဲ့ ဂိုးသမားတယောက် ဖြစ်ပြီး အဆိုပါ စပိန်ဂိုးသမားနဲ့ သူ့အကြား နားလည်မှု ပျောက်ဆုံးခဲ့တာက သူ အခုလို အရန်ခုံထိုင်ရခြင်းရဲ့ ကိစ္စ တစိတ်တပိုင်း အဖြစ် မက်ဂွိုင်းယားက ယူဆနေပါတယ်။
ဒီဂီယာဟာ Sweeper Keeper ဆန်ဆန် ကစားကွက်ကို အစပြုရင်း ကစားဖို့ကိုလည်း တွန့်ဆုတ်တတ်တဲ့ သမာရိုးကျ ဂိုးသမား တယောက်ဖြစ်ပါတယ်၊ တန်ဟက်ဂ်ရဲ့ နည်းစနစ်မှာတောင် ဒီဂီယာကို ဘောလုံးရှေ့ကန်တင်ခွင့် ပေးထားရပြီး ဒီကစားသမားရဲ့ အားနည်းချက်ကို အတင်းပြောင်းလဲဖို့ မကြိုးစားတော့ပါဘူး၊ ဒီလိုမျိုး အချက်တွေက သူ့ကိုပါ
ထိခိုက်စေတယ်လို့ မက်ဂွိုင်းယားက ယူဆနေတာ ဖြစ်ပါတယ်၊ ဒါပေမယ့် လက်ရှိ အချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက် ဗဟိုနောက်ခံလူ နှစ်ယောက်ဖြစ်တဲ့ ဗာရန်း၊ မာတီနက်ဇ်တို့နဲ့ ဒီဂီယာ အကြား ဆက်ဆံရေးနဲ့ နားလည်မှုကတော့ တော်တော်လေးကောင်းမွန်နေပါတယ်၊ တန်ဟက်ဂ် ဟာ မန်ချက်စတာ ယူနိုက်တက် နောက်တန်းက မက်ဂွိုင်းယား၊ လုခ်ရှောတို့ကို
အရန်ခုံ ပို့ပစ်လိုက်ပြီးနောက် ဗာရန်း၊ မာလာစီယာ တို့နဲ့ အတူ နောက်တန်းမှာ ဒါလော့၊ မာတီနက်ဇ် တို့ကို သူ့စိတ်ကြိုက် အမာခံ ကစားသမားတွေ အဖြစ် ရွေးချယ်ထားပါတယ်၊ မက်ဂွိုင်းယားကတော့ မန်ချက်၏တာ ယူနိုက်တက် မှာ ပုံမှန်နေရာ ပျောက်ဆုံးနေသည့်တိုင် အင်္ဂလန်လက်ရွေးစင် အသင်းမှာတော့ ရွေးချယ်ခံနေရဆဲလည်း ဖြစ်ပါတယ်။
credit