ခြေစွမ်း ကျဆင်းခဲ့ရခြင်းမှာ ကစားသမားတစ်ဦးကြောင့်လို့ စွပ်စွဲမှုအပေါ် ရှင်းပြလိုက်တဲ့ ဘရူနို ဖာနန်ဒက်
|မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်စ် က အသင်းကို ပေါ်တူဂီအသင်းဖော် ခရစ္စတီယာနို ရော်နယ်လ်ဒို ပြန်လည် ရောက်ရှိလာချိန် ရော်နယ်လ်ဒိုနဲ့ တွဲဖက် ကစားရချိန်မှာ သူရဲ့ ခြေစွမ်းတွေပါ ကျဆင်းခဲ့ရတယ်လို့ စွပ်စွဲ ပြောဆိုကြခြင်းဟာ မျှတမှု မရှိသလို သူကိုယ်တိုင်လည်း လက်မခံနိုင်ကြောင်း တုံ့ပြန် ပြောဆိုသွားခဲ့ပါတယ်။
ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ စပို့တင်းလစ္စဘွန်း ကနေ မန်ချက်စတာ ယူနိုက်တက် ကို ရောက်ရှိလာခဲ့ပြီးနောက် သူရဲ့ ပထမဆုံးသော ပရီးမီးယားလိဂ် ၅၃ ပွဲအတွင်းမှာပဲ အသင်းအတွက်၂၉ ဂိုးသွင်း ၁၉ ဂိုးထိ ဖန်တီးနိုင်ခဲ့ပေမယ့် သူရဲ့ လက်ရွေးစင် အသင်းဖော် ရော်နယ်လ်ဒိုနဲ့ တွဲဖက် ကစားရချိန်မှာပဲ ဖာနန်ဒက်စ် ဟာ ဂိုးပါဝင်သတ်မှုတွေက ကျဆင်းလာခဲ့ရသလို အသင်းရဲ့ ပင်နယ်တီ ကန်သွင်းသူ
တာဝန်ကိုလည်း ရော်နယ်လ်ဒိုဆီ လွှဲပြောင်းပေးခဲ့ရပါတယ်၊ အခုလို ဖာနန်ဒက်စ်ရဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းလာတာက ရော်နယ်လ်ဒိုကြောင့်လို့ ပြစ်တင်လာကြတဲ့ အပေါ် ဖာနန်ဒက်စ်က လက်မခံနိုင်ကြောင်း ပြန်လည် တုံ့ပြန်ပြောဆိုလိုက်ပါတယ်၊
ရော်နယ်လ်ဒိုနဲ့ ပတ်သတ်ပြီး ဖာနန်ဒက်စ်က ပြီးခဲ့တဲ့ ရာသီက ကျွန်တော်ရဲ့ ဖန်တီးမှုတွေဟာ သူ့အတွက်ပါပဲ၊ ဒါကြောင့် အခုလို ပြောဆိုမှုတွေက မတရားပါဘူး၊ ကျွန်တော်ရဲ့
ကိန်းဂဏန်းတွေနဲ့ ပတ်သတ်ပြီး ကျွန်တော်ကိုယ်တိုင်ပဲ ဆိုးရွှားတဲ့ ရာသီတစ်ခုကို ရရှိခဲ့တာကြောင့်ပါ၊ ဒါက ခရစ္စတီယာနို နဲ့ ပတ်သတ်တယ်လို့ မထင်ပါဘူး၊ သူ ဒီကို ရောက်မလာခင်က ကျွန်တော်က ပင်နယ်တီ ကန်ခဲ့ရပေမယ့်လည်း ပြီးခဲ့တဲ့ရာသီက ပင်နယ်တီ အခွင့်အရေး နှစ်ကြိမ်ရရှိခဲ့ပြီး အဲ့ဒီ နှစ်ကြိမ်လုံးကို လွဲချော်ခဲ့ပါတယ် ဒါကြောင့် ကျွန်တော်က ရော်နယ်လ်ဒို ပင်နယ်တီတွေ ကန်သွင်းနေတာကို အပြစ်တင်လို့ မရနိုင်ဘူး။
အထူးသဖြင့်တော့ သူဂိုးသွင်းနိုင်တယ် ဆိုရင်ပေါ့၊ ဧပြီလထဲ အာဆင်နယ်နဲ့ ပွဲမှာ ကျွန်တော် ပင်နယ်တီ လွဲသွားတုန်းက အဲ့ဒီပင်နယ်တီကို သူက ကျွန်တော့်ကို ပေးကန်ခိုင်းခဲ့တာ၊ ကျွန်တော် ဒါကို အသုံးမချနိုင်ခဲ့ပေမယ့် သူ့စိတ်ထဲမှာတော့ ကျွန်တော့်ကို ယုံကြည်နေတယ်ဆ်ိုတာ ခံစားမိတယ်၊ ဒါကြောင့် ကျွန်တော် ဒါတွေကို ခရစ္စတီယာနိုကြောင့်လို့ မထင်မိဘူး။
ဒါတွေဟာ ဂိုးတွေ ဂိုးဖန်တီးမှု လုပ်ဆောင်ရမယ့် အချိန်မှာ ကျွန်တော် အကောင်းဆုံး မလုပ်ဆောင်နိုင်ခဲ့တာ ကြောင့်ပါပဲ၊ ရော်နယ်လ်ဒိုနဲ့ တွဲကစားရရင်း နံပါတ် ၁၀ နေရာမှာ ကစားရတာက အရမ်းကောင်းတယ်၊ ကစားသမား အများစုက သူ့ကို စုပြုံ လူကပ်ချိန်မှာ တခြား ကစားသမားတွေအတွက် နေရာလွတ်တွေ ဖြစ်လာတတ်တယ်၊ နောက်ပြီး ကျွန်တော်
နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲမှာလည်း ရော်နယ်လ်ဒို ပါဝင်ခဲ့ခြင်း မရှိပဲ ကျွန်တော် တစ်ဂိုးတည်း သွင်းနိုင်ခဲ့တယ်၊ ဒါကြောင့် ဒါဟာ ရော်နယ်လ်ဒိုကြောင့် မဟုတ်ဘူး ဆိုတာ အသိအသာကြီးပါ။ လို့ ရှင်းလင်း ပြောဆိုလိုက်ပါတယ်။
credit