ကစားသမာဘဝ နောက်ဆုံး အချိန်ကို ထုတ်ပြောလိုက်ပြီး ပေါ်တူဂီနဲ့ အတူ စံချိန်တခု ထပ်မံ ရယူဖို့ ဆန္ဒပြင်းပြနေကြောင်း ရော်နယ်ဒို ပြောဆို

ပေါ်တူဂီနဲ့ အတူ နိုင်ငံတကာ ပွဲစဥ်တွေ ပြန်လည် ကစားရတော့မယ့် အချိန်မှာပဲ အသင်းခေါင်းဆောင် ရော်နယ်ဒိုက သူတို့အားလုံး စုစည်းပြီး စံချိန်မှတ်တမ်းတွေ ချိုးဖျက်နိုင်ဖို့ အတွက် ကြိုးစားသွားမယ်လို့ အသင်းဖော်တွေကို တိုက်တွန်း ပြောဆိုလိုက်ပါတယ်။ ပေါ်တူဂီ မသင်းဟာ နေးရှင်းလိဂ် ပွဲစဥ်များ အဖြစ် လာမယ့် တနင်္ဂနွေနေ့မှာ ချက်၊ အဲဒီနောက် စပိန်နဲ့




ကစားသွားရမှာ ဖြစ်ပါတယ်၊ ဒီပွဲစဉ်တွေ အတွက်လည်း အသင်းမှာ ရွေးချယ်ခံထားရတဲ့ ရော်နယ်ဒိုဟာ အသင်းကို ကူညီပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပုံမှန် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး ဂိုးရဖို့ ခက်ခဲနေတဲ့ ရော်နယ်ဒိုဟာ နိုင်ငံ ပွဲစဥ်တွေမှာ ဂိုးသွင်းပြီး ယုံကြည်မှု ပြန်လည်ရယူနိုင်ဖို့ အခွင့်အရေး တခုကို ရရှိထားတာလည်း ဖြစ်ပါတယ်။




ဒါ့အပြင် သူ့ရဲ့ နိုင်ငံတကာ သွင်းဂိုးအများဆုံး စံချိန်မှာလည်း နောက်ထပ် ဂိုးတွေ ထပ်ပေါင်းဖြည့်နိုင်မလား ဆိုဝာာ စိတ်ဝင်စားစရာပါ။ ရော်နယ်ဒိုက- လူမှုကွန်ယက်မှ တဆင့် ကျနော် ချစ်ရတဲ့ နိုင်ငံအတွက် အကောင်းဆုံး အမျိုးသား ဂိုးသွင်းရှင် ဆုကို ဆွတ်ခူးနိုင်လို့ ဂုဏ်ယူမိပါတယ်၊ ဒီအတွက်လည်း အသင်းဖော်အားလုံးနဲ့ နည်းပြတွေ၊ ကျနော့်မိသားစု




ကျနော့်ပရိသတ် အအားလုံးကိုကျေးဇူးတင်ပါတယ်၊ ဒီလိုကြီးမားတဲ့ အောင်မြင်မှုတွေရအောင် သူတို့က ကူညီပေးခဲ့ကြတာပါ။ တတ်နိုင်သမျှ နောက်ထပ် စံချိန်တွေကို အတူတကွ ချိုးဖျက်နိုင်ဖို့လည်း ဆက်လုပ်သွားရအောင်ပါ။ လို့ ရေးသား ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်၊ အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒိုဟာ လာမယ့် ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲကို သူ့ရဲ့




ကစားသမားဘ၀ နောက်ဆုံးသော နိုင်ငံတကာပြိုင်ပွဲ အဖြစ် ဝင်ရောက်ကစားသွားဖို့လည်း ရှိနေပါတယ်။ ပေါ်တူဂီ အသင်းနဲ့ အတူ ယူရိုဖလား၊ နေးရှင်းလိဂ်ဖလားတွေကို ဆွတ်ခူးထားတဲ့ ရော်နယ်ဒို အတွက် ကမ္ဘာ့ဖလားကို ရယူနိုင်ဖို့ နောက်ဆုံး အခွင့်အရေးလည်း ဖြစ်ပါတယ်။

credit