ပထမဦးဆုံးအကြိမ်နေမကောင်းစဖြစ်တဲ့ သားလေးကို စိတ်ပူလွန်းလို့ တစ်ညလုံးမအိပ်ပဲငိုခဲ့ရကြောင်း ရင်ဖွင့်လာတဲ့ စုစုဝေ
|စုစုဝေဆိုတာကတော့အခုမှာသားလေးနဲ့တူတူပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါ။ သားဦးလေးဖြစ်တာကြောင့်ချစ်မဝဖြစ်နေရတာပါ။ ဖေဖေမေမေသာမက ဖိုးဖိုးဖွားဖွားတွေကပါချစ်မဝဖြစ်နေရတာပါ။သားလေးရဲ့ပုံရိပ်လေးတွေလည်းတင်ပေးလေ့ရှိပြီး အခုမှာလည်း သားလေးနေမကောင်းဖြစ်တဲ့အချိန်ခံစားချက်လေးကိုထုတ်ပြောလိုက်တာပါ။ သားမိနှစ်ယောက်လုံးနေမကောင်းဖြစ်နေတာ ဖုန်းတောင်မသုံးဖြစ်ဘူးအခုတော့ သားကနေပြန်ကောင်းခါစ သူ့ဖွားဖွားနဲ့ သူ့ဘွားဘွား နှစ်ယောက်ကြားပျော်ပျော်ရွှင်ရွှင်လေးဖြစ်နေတော့ ဒီမေမေစိတ်ပူတာသက်သာတယ် ။
သားလေးပထမဦးဆုံးနေမကောင်းစဖြစ်ဖူးတာဆိုတော့ ကျမမှာစိတ်ပူလို့ငိုလိုက်ရတာ။ကိုယ့်မှာမျက်စိစွံပြီနာနေတာတောင် ဂရုမစိုက်နိုင်ဘူး ။ ညဘက် ကိုယ်ပူချိန်မကျတဲ့ရက်ကဆို သားကိုတစ်ညလုံးထိုင်ဖက်ထားတာ ။ သားကလဲ အမေရင်ခွင်ထဲးပဲနေတာ ။ ယောကျ်ားကလဲ တစ်ညလုံးသူလဲမအိပ့်ရရှာဘူ သူ့သားနေမကောင်းလို့ စိတ်ပူပြီ ကိုယ်နဲ့အတူတူစောင့်ပေးရှာတယ်။ ကလေးလေးတွေနေမကောင်းဖြစ်နေတဲ့အချိန်ဆို သိပ့်သနားဖို့ကောင်းတာပဲ ။ ကျမကတော့ ကိုယ့်ကိုကိုယ်အပြစ်တင်မိတယ် ငါအသုံးမကျလို့ သားနေမကောင်းဖြစ်ရတာလို့ဆိုပြီ ။
ယောက္ခမတွေနဲ့ယောကျ်ားကတော့ကျမကိုစိတ်သက်သာရအောင်ပြောပါတယ် ကလေးဆိုတာ ဒီလိုအရွယ်တခါတလေဖျားတတ်တယ်တဲ့ သူတို့လေးတွေ ခန္ဓာကိုယ်ကြီးထွားပြောင်းလဲလာတဲ့အတွက် ပြီတော့ သွားပေါက်ချင်လာတဲ့အခါလဲ ဖျားတတ်တယ်တဲ့ ။ ကျမသားလေးကိုကြည့်ပြီ ကျမ မိဘမေတ္တာပိုနားလည်လာတယ်။ ချစ်တယ် သားရယ် ငယ်တုန်းမှာအသကုန်ချစ်ထားမယ် သူလေးကြီးလို့အရွယ်ရောက်လာရင် ငယ်ငယ်တုန်းကလို ရင်ခွင်ထဲးတစ်ချိန်လုံးထည့်ထားလို့ရမှာမဟုတ်ဘူးလေနော်ဆိုပြီးပြောပြခဲ့တာပါ။
Zawgyi ဖြစ်ဖတ်ရန်
credit