idol ဟာ မက်ဂွိုင်းယား ဖြစ်ပြီး ဘာကြောင့် မက်ဂွိုင်းယားလို ဖြစ်ချင်တာလဲ ဆိုတာ ရှင်းပြလိုက်တဲ့ ဘရန်ဒန် ဝီလီယံ

0
118

မန်ချက်စတာ ယူနိုက်တက် အသင်းဖော် နောက်ခံလူ ဘရန်ဒန် ဝီလီယံစ် က ဟယ်ရီ မက်ဂွိုင်းယား နဲ့ ပတ်သက်လို့ ဝေဖန်နေကြတဲ့သူတွေကို ပြစ်တင် ဝေဖန်လိုက်ပြီး မက်ဂွိုင်းယားဟာ ထိပ်တန်း နောက်ခံလူ တစ်ယောက်ဖြစ်နေပြီးသားလို့ တုံ့ပြန် ပြောဆိုပါတယ်၊ ဒါ့အပြင် သူ့ရဲ့ ကစားသမားဘဝမှာ အများကြီး စွမ်းဆောင်ပြ ထားတာကြောင့် မက်ဂွိုင်းယား လိုမျိုး




ဖြစ်ချင်ကြောင်းလည်း ဆိုပါတယ်၊ ဘရန်ဒန် ဝီလီယံစ် က မက်ဂွိုင်းယားဟာ ပွဲထွက်ခွင့်ရသည် ဖြစ်စေ မရဘူးဖြစ်စေ လေ့ကျင့်ရေးကွင်းမှာပဲ ဖြစ်စေ ရာနှုန်းပြည့် ပေးဆပ်နေပါတယ်၊ အပြင်လူတွေ ပြောတဲ့စကားတွေကို ကျနော်တို့ ဂရုမစိုက်ပါဘူး၊ ဘာကြောင့်လဲ ဆိုတော့ ကျနော် ပြောသလိုပဲ အတွင်းပိုင်းက အမြင်တွေက အရေးကြီးဆုံး ဖြစ်တာကြောင့်ပါ။




လေ့ကျင့်ရေးကွင်းမှာ ပုံစံကောင်းပြရင်တောင် တွစ်တာပေါ်က ငကြောင် အချို့က ပွဲထွက်ခွင့် မပေးသင့်ဘူး ပြောနေတာပါ၊ အဲ့ဒီလို ပြောနေတဲ့ သူတွေက ဘယ်သူတွေလဲ? ကျနော်ဖြင့် နားတောင် မလည်နိုင်ပါဘူး၊ ဟယ်ရီ မက်ဂွိုင်းယား က ထိပ်တန်း ကစားသမား ဖြစ်ပြီး ထိပ်တန်း အသင်းခေါင်းဆောင် တစ်ယောက်လည်း ဖြစ်ပါတယ်၊ မက်ဂွိုင်ယားက ကြီးကျယ်ခမ်းနားတဲ့




ကစားသမား ဘဝကို ဖြတ်သန်းခဲ့ပြီး ဆက်လက် ဖြတ်သန်းနေဦးမှာပါ၊ သူက ကျောက်တုံးတွေ အဆင့်ဆင့် တင်ထားတဲ့ အပေါ်မှာ ရှိနေပါတယ်၊ သူတက်လှမ်းချင်တဲ့ ထိပ်တန်းနေရာကို သူ သွားနိုင်ပါလိမ့်မယ်၊ သူက မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင်လည်း ဖြစ်နေပါပြီ၊ မက်ဂွိုင်းယား စွမ်းဆောင် ပြခဲ့သလိုမျိုး တနေနေ့မှာ ကျနော်လည်း စွမ်းဆောင်ပြနိုင်ဖို့ အိပ်မက်မက်နေပါတယ်လို့ ပြောကြားခဲ့ပါတယ်။




ဟယ်ရီ မက်ဂွိုင်းယား ဟာ ပြီးခဲ့တဲ့ ရာသီကတည်းက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကစားသမား တစ်ယောက် ဖြစ်ပါတယ်၊ အသင်းဖော် အချင်းချင်းကြားမှာတောင် ၎င်းကို အသင်းခေါင်းဆောင် အဖြစ်ကနေ ဖြုတ်ချဖို့ တောင်းဆိုမှုတွေ ရှိခဲ့တာပါ၊ ဒီရာသီမှာတော့ သူဟာ ပုံမှန်ပွဲထွက်ခွင့် တနေရာကို ဆုံးရှုံးလိုက်ရပြီလည်း ဖြစ်ပါတယ်၊ လက်ရှိနည်းပြ အဲရစ် တန်ဟက်ဂ်ဟာ ဗဟိုနောက်ခံလူနေရာအတွက် ဗာရန်း၊ လီဆန်ဒရိုမာတီနက်ဇ်တို့ကိုသာ အရေးကြီးတဲ့ ပွဲစဥ်တွေမှာ ဦးစားပေး အသုံးပြုလျက် ရှိနေပါတယ်။

credit