စိတ်ဝင်စားဖွယ် နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် ကစားသမားများရဲ့ ဖွင့်ဟ ပြောကြားချက်များ
|(၁)
ပေါလ်စခိုးနဲ့ နှိုင်းယှဉ်ခံရချိန်မှာ ဒီလို နှိုင်ယှဉ်ခံရမှုတွေဟာ ဘောလုံးလောကရဲ့ အလေ့အထ တခုလို ဖြစ်နေပြီလို့ ခုတ်ပြောလိုက်ပြီး ပြိုက်ဘက်အဖြစ် ယှဉ်ပြိုင် ကစားခဲ့ရတဲ့ အပေါ်မှာ သူဟာ ကံကောင်းသူ ဖြစ်ကြောင်း အဲရစ်ဆင်က ယခုလို ပြောကြားသွားခဲ့ပါတယ်။
ဘောလုံး လောကမှာတော့ ကစားသမားကောင်း တစ်ဦးဦးနဲ့ အမြဲ နှိုင်းယှဥ်ခံရတာဟာ အလေ့အထ တခုလို ဖြစ်နေပါပြီ၊ ပြောရရင် ဒီကိစ္စတွေက လျင်လျင်မြန်မြန်နဲ့ ပြီးသွားသလိုပါပဲ၊ ပြောရရင်ဗျာ ကျွန်တော်ဟာ ပေါလ်စခိုးလို ကစားသမားမျိုးနဲ့ ပြိုင်ဘက်အဖြစ် ရင်ဆိုင် ကစားရတာဟာ အင်မတန်မှကို ကံကောင်းတယ်လို့ ဆိုလို့ရပါတယ်။
ဒါကြောင့်မို့ လူတွေက ကျွန်တော့်ကို သူနဲ့ နှိုင်းယှဥ်ပြီးပြောရင် အရမ်းကို ပျော်ရွှင်မိပါတယ်၊ ရာသီ အစပိုင်းတုန်းက ရလဒ်ဆိုးတဲ့ အပေါ်လား? ကျွန်တော်တို့က တစ်ဦးနဲ့ တစ်ဦး ဘာတွေ မှားယွင်းခဲ့လဲ ဆိုတာ ပြန်ကြည့်ကြပါတယ်၊ အချိန်တိုအတွင်းမှာ ကျွန်တော်ဟာ နေရာများစွာမှာ ကစားခဲ့ရပါတယ်။
အစတုန်းကတော့ တိုက်စစ်နေရာ၊ အခုတော့ ကွင်းလယ်ခံစစ် နေရာပေါ့၊ ပြီးခဲ့တဲ့ ပွဲတုန်းကတော့ ကျွန်တော်က No.8 နေရာမှာ ကစားခဲ့ရပါတယ်၊ ဒါနဲ့ အဲ့နေရာက ကျွန်တော်နဲ့ သင့်လျှော်ပြီး အကောင်းဆုံး ကစားပေးနိုင်ခဲ့ပါတယ်၊ အနိုင်ရလဒ်နဲ့ အတူ ကလပ်ပွဲ တစ်ချို့ နားလိုက်လို့ ကျွန်တော်တို့ အနေနဲ့ အရမ်းပဲ ကျေနပ်မိပါတယ်။ ဒီနိုင်ပွဲက ကျွန်တော်တို့ကို စိတ်သက်သာ တာမျိုး ဖြစ်စေလို ယုံကြည်မှုလည်း ပိုရှိစေခဲ့ပါတယ်လို့ အဲရစ်ဆင်က ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။
(၂)
ယနေ့အချိန် မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ကစားရတဲ့ အပေါ် ကျွန်တော်အရမ်းပဲ ဝမ်းသာမိပါတယ်၊ အကောင်းဆုံး လိဂ်မှာ ပါဝင်ကစားခွင့် ရရှိတာဟာ ကမ္ဘာ့ ဖလား ယှဥ်ပြိုင် ပါဝင်နိုင်ဖို့ အကောင်းဆုံးသော အခွင့်အရေးမျိုးကို ဖြစ်စေပါတယ်၊ အချိန်တိုင်း ကျွန်တော့်ဆီမှာ စိန်ခေါ်မှု အသစ်တွေ ရှိပါတယ်။
ကျွန်တော် မှတ်မိသလောက် အားလုံးကို ကျွန်တော် ဖြတ်ကျော်နိုင်ခဲ့ပါတယ်၊ နိုင်ငံ ပြောင်းရွှေ့ နေထိုင်ရတာ၊ လိဂ်တစ်ခုကနေ ပြောင်းရွှေ့ ကစားရတာတွေဟာ ဘယ်လောက် အထိ ခက်ခဲလဲ ဆိုတာကို ကျွန်တော် နားလည်ပါတယ်၊ အလုပ်တွေ ဆက်ပြီး ကြိုးစားနေတာက ဒါမျိုး အခက်အခဲတွေကို ကျော်ဖြတ်ဖို့ အကောင်းဆုံး စိတ်ခွန်အား ရစေပါတယ်လို့ အန်တိုနီက ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။
(၃)
အသင်းရဲ့ ဒုတိယပွဲစဥ် အပြီး လေ့ကျင့်ခန်း အစီအစဥ်မှာ လီဗာပူးလ်နဲ့ ကစားရမယ့် ပွဲစဥ် အတွက် ပွဲထွက် လူစာရင်းမှာ ပါဝင်ခဲ့တာကို ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်၊ ဒါဆို ခင်ဗျာသာဆို ဘာကိုပိုပြီး လိုချင်တော့မလဲ? လူတွေရဲ့ ချီးကျူးစကား ဆိုတာဟာ ချိုသာတဲ့ စကားလုံးတွေပဲ ဖြစ်ကြပါတယ်။
ကျွန်တော်ကတော့ ကိုယ့်ရဲ့ တိုးတက်မှု အတွက် ပင်ပန်းစွာနဲ့ပဲ ကြိုးစားမယ်၊ ပရီးမီးယားလိဂ်မှာ ကစားရတယ် ဆိုတာ ဖိအားတွေ အရမ်းများပါတယ်၊ ကစားရတဲ့ အပတ်တိုင်း ပွဲစဥ်တွေဟာ ဗိုလ်လုပွဲတွေလိုပါပဲလို့ မလာစီယာက ESPN နဲ့ အင်တာဗျူး ပြုလုပ်ခဲ့ရာမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
credit