အသင်းဖော် တစ်ဦး ခြေစွမ်းပြန်ရလာတဲ့ အပေါ် သူ့ရဲ့အမြင်ကို ထုတ်ပြောလာတဲ့ ဗာရန်း

Manchester United နဲ့ ပြင်သစ် လက်ရွေးစင် အသင်းတို့ရဲ့ အဓိက ခံစစ်မှူး ရာဖေး ဗာရန်း က နိုင်ငံလက်ရွေးစင် အသင်းဖော် ဒမ်ဘီလီ တယောက် ဒီရာသီမှာ ဘာစီလိုနာနဲ့ အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်နေတဲ့ အပေါ် ဝမ်းသာမိကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ၂၉ နှစ်အရွယ် ဗဟိုခံစစ်မှူး ရာဖေး ဗာရန်း က ယခုနှစ် ဘောလုံးရာသီမှာ




အာဂျင်တီးနားခံစစ်မှူး မာတီနက်ဇ်နဲ့ တွဲဖက်ကာ Manchester United ခံစစ်ကြောင်းမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး သူနဲ့ မာတီနက်ဇ် ရဲ့ ခံစစ်အတွဲဟာ ၅ပွဲ တွဲကစားထားရာ ၅ ပွဲစလုံး အနိုင်ရထားကာ ပေးဂိုး ၂ ဂိုးသာ ရှိပြီး ဂိုးမပေးရတဲ့ပွဲ ၃ ပွဲထိ ရှိနေပါတယ်။ တဖက်မှာတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ဆုံးခါနီး အချိန်မှ စတင်ကာ




ဘာစီလိုနာ အတွက် အရေးပါတဲ့ ကစားသမား တဦး ဖြစ်လာတဲ့ ဒမ်ဘီလီဟာ နွေဈေးကွက် အတွင်းမှာ ဘာစီလိုနာနဲ့ စာချုပ်သစ် ချုပ်ဆိုပြီးနောက် ဘာစီလိုနာ ကစားသမား ဘဝ အကောင်းဆုံး ခြေစွမ်းတွေကို ပြသထားနိုင်ခဲ့ပြီး ယခုနှစ် ဘောလုံးရာသီမှာ ဒမ်ဘီလီဟာ ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံမှာ ၈ ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ ဂိုး




သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဘောလုံးရေးရာ ကျွမ်းကျင်သူ အများစုက ဒေါ့မွန် ဒမ်ဘီလီ ပြန်လာပြီလို့ သုံးသပ်ကာ ဒမ်ဘီလီကို ချီးကျူးနေကြပြီး ဒမ်ဘီလီရဲ့ နိုင်ငံအသင်းဖော် ဗာရန်းကလည်း ဒမ်ဘီလီ အခုလို ခြေစွမ်းကောင်းတွေ ပြန်ရနေတဲ့ အပေါ် ဝမ်းသာမိကြောင်း ပြောကြားသွားပါတယ်။ ဗာရန်းက ကျွန်တော်က




ဒမ်ဘီလီ အခုလို ခြေစွမ်းကောင်းတွေ ပြန်လည် ပြသနိုင်နေတဲ့ အပေါ် အတော်လေး ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့က သူဟာ ဘာစီလိုနာနဲ့ အတူ တောက်ပနေတာကို မြင်တွေ့လာကြရပါပြီ၊ ဒမ်ဘီလီဟာ အရမ်းကို ထူးခြားတဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားတဲ့ ကစားသမားပါ၊ လူပုဂ္ဂိုလ် တဦးအနေနဲ့ ပြောရရင်တော့ ကျွန်တော်က ဒမ်ဘီလီဟာ အမြဲတမ်း ပျော်ရွှင်နေတဲ့




လူတယောက်လို့ ပြောချင်ပါတယ်၊ သူ့ကို ကြည့်လိုက်ရင် အမြဲတမ်းကို ပျော်နေတာပါပဲ၊ ပြီးတော့ သူက သူ့ရဲ့ ပျော်ရွှင်မှုတွေက အသင်းဖော်တွေဆီ ကူးစက်စေပါတယ်။ သူက တည်ငြိမ်တဲ့ ကစားသမား တစ်ယောက်လည်း ဖြစ်ပါတယ်၊ သူက တိတ်တိတ်ဆိတ်ဆိတ်လည်း နေတတ်ပါတယ်၊ အခုတော့ သူက အကောင်းဆုံး ကြံ့ခိုင်မှုကို ပြန်လည် ရှာတွေ့ခဲ့ပါပြီ၊ ကျွန်တော်တို့ အားလုံး သူ့အတွက် ပျော်နေကြပါတယ်၊ လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

credit