ဖလားရမယ့် အခွင့်အရေးကို ပိတ်ဆို့စေမယ့် ကစားသမားတစ်ဦးကို ထုတ်မသုံးဖို့ သတိပေးလိုက်တဲ့ ပေါလ်မာဆင်
|အာဆင်နယ် ဂန္တဝင် ကစားသမားဟောင်း လက်ရှိ ဝေဖန်သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ ပေါလ်မာဆင်က ရော်နယ်ဒို အသင်းမှာ ရှိနေသရွေ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် ရဲ့ အသင််းဟာ ဘာဆုဖလားမှ ရနိုင်မှာ မဟုတ်ဘူးလို့ ထုတ်ဖော်် ပြောကြားသွားခဲ့လိုက်ပါတယ်။ ရော်နယ်ဒို ဆိုတာ ပြီးခဲ့တဲ့ နွေတုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့
အတူ ရာသီကြို လေ့ကျင့်ရေးတွေ မလုပ်ဆောင်ခဲ့တာကြောင့် နည်းပြသစ် ဖြစ်လာတဲ့ အဲရစ် တန်ဟက်ဂ် က ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ သူ့ကို ပွဲထွက် မပေးခဲ့ပါဘူး၊ ရော်နယ်ဒိုဟာ ဒီပြိုင်ပွဲမှာ ပွဲစဥ်တိုင်း လူစားဝင် ကစားသမားအဖြစ်နဲ့သာ အချိန်တွေ ကုန်ဆုံးခဲ့ရပါတယ်၊ အဲ့ဒီနောက် ယူရိုပါလိဂ် ပြိုင်ပွဲမှာတော့ သူဟာ ပွဲထွက်ကစားခွင့်တွေ ဆက်တိုက် ရရှိခဲ့ပြီး
ရှရိဖ်နဲ့ ပွဲမှာ ပင်နယ်တီမှတဆင့် တစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် မာရှယ်သာ ပြန်လာရင် သူ့ရဲ့ ပွဲထွက်ခွင့်တွေဟာ အကန့်အသတ် ဖြစ်သွားဖို့ ရှိနေပါတယ်၊ အခုတော့ အာဆင်နယ် ဂန္တဝင် ပေါလ်မာဆင် က ရော်နယ်ဒို အသင်းမှာ ရှိနေရင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘယ်လို ဖလားမျိုးမှ ဆွတ်ခူးနိုင်မှာ မဟုတ်ကြောင်း ဝေဖန်လိုက်ပါတယ်။
တကယ့်ကို ခက်ခဲလွန်းတဲ့ အရာတစ်ခုက ဘောလုံးချည််း အမြဲတမ်း ကစားခဲ့တဲ့ အကောင်းဆုံး ကစားသမားကို ဝေဖန်ခြင်းပါပဲ၊ ရော်နယ်ဒိုဟာ ကျွန်တော့်ထက် အဆပေါင်း 100 လောက် ပိုကောင်းလွန်းတဲ့ ကစားသမား တစ်ဦးဆိုတာ ကျွန်တော် လက်ခံပါတယ်၊ ဒါပေမယ့် သူ့ကို အသင်းမှာ ပိုင်ဆိုင်ထားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကတော့
ဘာဖလားမှ ရသွားဖို့ ရှိမနေပါဘူး။ လို့ ပေါလ်မာဆင် က ဝေဖန်လိုက်ပြီး မာရှယ် ကစားရင်လည်း ဘာဖလားမှ ရမှာ မဟုတ်ဘူး ပြောရင် လူတွေ သူ့ကိုသေလောက်တဲ့ ခြိမ်းခြောက်မှုတွေ လုပ််ကြလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်၊ အဲ့လိုသာ ပြောလိုက်ရင် တစ်စုံတယောက်က လာပြီး ငါမင်းကို That မယ်၊ မင်းရဲ့ ကလေးတွေကို That မယ်လို့တောင် မက်ဆေ့
ပို့ကောင်း ပို့သွားပါလိမ့်မယ်၊ ကျွန််တော် လိုချင်တာ အဲ့တာ မဟုတ်ဘူး ကျွန်တော်က ကိုယ့်အလုပ် ကိုယ်လုပ်နေတာပါ၊ လို့ ပေါလ်မာဆင် က မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ဖလားယူဖို့ မျှော်လင့်နေရင် ထိုကစားသမား တဦးကို ထုတ်သုံးဖို့ အတွက် ဆင်ခြင်သင့်ကြောင်း သတိပေး ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။
credit