အသင်းက ထွက်ခွာရမယ့် အခြေအနေထိ ရောက်ရှိလာတဲ့ ဟယ်ရီ မက်ဂွိုင်းယား
|ဘောလုံး ဝေဖန်သုံးသပ်သူများ အပါဝင် အခြား သတင်းမီဒီယာ တွေကပါ Official တက်ပြီး ဟယ်ရီ မက်ဂွိုင်းယား ရဲ့ ခြေစွမ်းအပေါ် ဝေဖန်လာကြတာကို တွေ့လာရပါတယ်၊ ဒါကမှားတယ်လို့ မဆိုလိုပါဘူး၊ သူ့အနေနဲ့ သူစွမ်းဆောင်ခဲ့တဲ့ပုံစံ အတိုင်း လိုအပ်ချက်တွေ အရ အတိအကျ ပြန်ခံရတာပါ၊ မန်ချက်စတာ ယူနိုက်တက် မှာ ဟယ်ရီ မက်ဂွိုင်းယား
တစ်ယောက်တည်းလား ဆိုတော့လည်း မဟုတ်ပါဘူး၊ အခြား ကစားသမားအချို့လည်း ပါဝင်ပါတယ်၊ ဒါပေမယ့် ဟယ်ရီ မက်ဂွိုင်းယား ကတော့ ဆိုးဆိုးဝါးဝါးပါပဲ၊ သူကိုယ်တိုင်က ဒါတွေကို ဖြတ်ကျော်ချင်ပေမယ့် အခြေနေတွေက ဆက်တိုက် ဆိုသလို ခက်ခက်ခဲခဲ ရင်ဆိုင်နေရပြီး ကွင်းတွင်း စွမ်းဆောင်ရည် တွေကိုပါ အများကြီး ထိခိုက်မူတွေ ရှိလာတယ် ဆိုတာကို
Whoscore က အချက်ကျကျ ထောက်ပြသွားခဲ့ပါတယ်၊ ကျနော်တို့ အသိုင်းဝိုင်းကတော့ ရှင်းပါတယ်၊ ကိုယ့် ကစားသမားကောင်းရင် ကောင်းတယ် ပြောမယ်၊ မကောင်းရင်ဆဲမယ်၊ အတိုင်းထက်ပိုပြီး လွန်လာရင် ကာကွယ်မယ်၊ ဒီလောက်ပါပဲ၊ တခြား အသုတ်စုံတွေကတော့ မန်ချက်စတာ ယူနိုက်တက် သတင်းနဲ့ မန်ချရ်စတာ ယူနိုက်တက် ကစားသမား
အကြောင်းကို ရေးလိုက်ရမှ အားရှိသွားတာမျိုးတွေပါ၊ အခုလောလောဆယ်မှာတော့ ဟယ်ရီ မက်ဂွိုင်းယား အနေနဲ့ အားပေးမူတွေ တကယ်လိုအပ်နေတယ် ဆိုတာ အသိသာကြီးပါ၊ အသင်းကို စရောက်ရောက်ချင် းနှစ်မှာ အသင်းအတွက် အများကြီး အထောက်ကူ ပြုခဲ့သလို ဒဏ်ရာရပြီး နောက်ပိုင်း ခြေစွမ်းပြဖို့ ရုန်းကန်လာရကနေ၊ ဝေဖန်မူ
ပြောင်းရွေ့ကြေး ဖိအား၊ အသင်းက ကစားသမားတွေကြား တာဝန်သိစိတ် ကင်းမဲ့လာမူကနေ သူရဲ့ ခြေစွမ်းကလည်စ တစတစ ဆိုးဝါးလာတော့ တာပါပဲ၊ Troll ဖို့သက်သက် ပေါင် သန်း 80 ပေးပြီး ခေါ်လိုက်သလို ဖြစ်သွားပြီလို့တောင် ပြောရတော့မယ့် အခြေနေပါ၊ နိုင်ငံအသင်း နည်းပြ၊ ဝီလီယမ်၊ လက်ချိုးရေလို့ရတဲ့ တခြားပုဂ္ဂိုလ်တချို့ကသာ ကာကွယ်ပြီး
ပြောဆိုလာကြပေမယ့် ယခုအချိန်ထိ ဟယ်ရီ မက်ဂွိုင်းယား အတွက် အားပေးမူတွေ ကင်းမယ့်နေပါသေးတယ်၊ အသင်းကနေ ထွက်ခွာဖို့ စာရင်းထဲမှာလည်း မက်ဂွိုင်းယားက ဦးဆောင်လျှက် ရှိပါတယ်၊ ဟယ်ရီ မက်ဂွိုင်းယား နဲ့ နီးစပ်သူ အချို့ကတော့-
ဟယ်ရီက မမြန်တဲ့ အတွက် ဟယ်ရီရဲ့ ဘေးမှာ မြန်နှုန်းမြင့် နောက်ခံလူ အတွဲအဖက် လိုပါတယ်၊ ရူဘင် ဒီယက်စ် ကိုသာ မန်ချက်စတာ ယူနိုက်တက် ခံစစ်မှာထားပြီး ဟယ်ရီကို စီးတီးခံစစ်မှာ ထားရင် ဟယ်ရီက အစွမ်းပြမှ ာဖြစ်ပြီး ဒီယက်စ်က ရုန်းကန်ရပါလိမ့်မယ်၊ ပြီးခဲ့တဲ့ ၁၂ လအတွင်း ဟယ်ရီ မကောင်းခဲ့ပါဘူး၊ ဒါပေမယ့် သူ့ကို အသင်းဖော်တွေနဲ့
နည်းပြတွေက မကူညီခဲ့ကြဘူး၊ အကျိုးဆက်က သူ့ပုံစံရော ယုံကြည်မှုရော ပျောက်ဆုံးသွားခဲ့ရပါတော့တယ်၊ ထို့အပြင် ဂိုးသမား ဒဟဲယားရဲ့ ညွှန်ကြားနိုင်ခြင်း မရှိမှု၊ ဂိုးစည်း အပြင်ထွက်ပြီး ခံစစ်ကို ကူညီနိုင်ခြင်းမရှိမှု တို့ကလည်း ပြီးခဲ့တဲ့ ရာသီမှာ ကျဆုံးခြင်းရဲ့ အဓိက အကြောင်းရင်းလို့ ဟယ်ရီ မက်ဂွိုင်းယား နဲ့ နီးစပ်သူများက ဆိုကြပါတယ်။
ဒီနေရာမှာ ကျနော့်အမြင် ပြောရရင် မန်ချက်စတာ ယူနိုက်တက် က ကစားပုံ နောက်တဆင့်တက်ဖို့ ဒဟဲယားလို ခေတ်ဟောင်းစနစ်တိုင် shotstopper သက်သက် ဂိုးသမားနဲ့ မရနိုင်တာ အမှန်ပါပဲ၊ ဒါက တပိုင်းပါ၊ အသင်းခေါင်းဆောင် တစ်ယောက်က ကြားလူငှားပြီး မီဒီယာမှာ ဒါမျိုးမပြောသင့်တာ တပိုင်း
ဖြစ်ပါတယ်၊ ဖာဂီလက်ထက်မှာ ဆိုရင် လုံးဝ သည်းမခံတဲ့ အရာပါ၊ ကိုယ့်အပြစ်လွတ်ဖို့ အသင်းဖော်တွေကို ပုံချရင် ရွိုင်ကင်းလို legendary အသင်းခေါင်းဆောင်ကိုတောင် ရှင်းထုတ်ပစ်တာမျိုးပါ၊ အဲရစ် တတ်ဟက်ဂ် ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
credit