မက်ဂွိုင်းယားက ခေသူတစ်ယောက် မဟုတ်ကြောင်း ရှင်းပြလိုက်ပြီး တန်ဟက်ဂ်နဲ့ မန်ချက်စတာ ယူနိုက်တက် ကို မေးခွန်းထုတ်လိုက်တဲ့ အီတလီ ဂန္တဝင်

အီတလီစီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်စ်နဲ့ အီတလီ လက်ရွေးစင် အသင်းတို့ရဲ့ ဂန္တဝင် နောက်ခံလူတစ်ဦး ဖြစ်သူ ချီလီနီက လတ်တလော ပြင်းထန်တဲ့ ဝေဖန်မှုတွေ ရင်ဆိုင်နေရပြီး မန်ချက်စတာ ယူနိုက်တက် ရဲ့ ပွဲထွက် လူစာရင်းက ဖယ်ရှားခံထားရတဲ့ ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယား ဟာ ခံစစ်မှူးကောင်း တစ်ဦး ဖြစ်ပြီး မက်ဂွိုင်းယား ဟာ




မမျှတတဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ကြောင်း သုံးသပ်သွားခဲ့ပါတယ်၊ အသက် ၂၉ နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ဗဟိုနောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယား ဟာ လက်စတာ စီးတီး ကနေ မန်ချက်စတာ ယူနိုက်တက် ထံ နောက်ခံလူ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးတရပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် ထံ ရောက်ရှိကာစမှာ




ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် အသင်းခေါင်းဆောင် ရာထူးကို ရရှိခဲ့တဲ့အထိ အောင်မြင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ သူ့ရဲ့ ခြေစွမ်းတွေ တဖြည်းဖြည်းနဲ့ နိမ့်ပါးလာခဲ့ပါတယ်၊ ယခုနှစ် ဘောလုံးရာသီမှာလည်း မက်ဂွိုင်းယား ဟာ သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ထုတ်ပြနိုင်ခြင်း မရှိခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက် အတွက် ရာသီအစ ၂ ပွဲမှာ




ဝင်ရောက် ကစားခွင့်ရခဲ့ပေမယ့် သူ ပါဝင်ကစားခဲ့တဲ့ ၂ ပွဲစလုံးမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရှုံးပွဲတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က မက်ဂွိုင်းယားကို ပွဲထွက် လူစာရင်းက ဖယ်ရှားပြီး ရာဖေး ဗာရန်း နဲ့ လီဆန်ဒရို မာတီနက်ဇ် ခံစစ်အတွဲကိုသာ အသုံးပြုနေခဲ့ပါတယ်၊ တန်ဟက်ဂ်ရဲ့ လူစာရင်း




အပြောင်းအလဲကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် ဟာ ရလဒ်ကောင်းတွေ တောက်လျှောက် ပြန်လည် ရယူနိုင်ခဲ့ပြီး အသင်းကြီးတွေ ဖြစ်တဲ့ လီဗာပူးနဲ့ အာဆင်နယ် တို့ကိုလည်း အနိုင်ရထားတာကြောင့် မက်ဂွိုင်းယားဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပြဿနာ တခုသာ ဖြစ်ကြောင်း ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ကာ ချီလီနီက မက်ဂွိုင်းယားဟာ




ဗဟိုခံစစ်မှူးကောင်း တစ်ဦး ဖြစ်တာကြောင့် အခုလိုမျိုး ဝေဖန်နေတာတွေက မှားယွင်းကြောင်း ပြောကြားရင်း မက်ဂွိုင်းယားကို ကာကွယ်ပေးသွားခဲ့ပါတယ်၊ ချီလီနီက- ကျွန်တော် မက်ဂွိုင်းယား အတွက် စိတ်မကောင်းပါဘူး၊ သူက ကစားသမားကောင်း တစ်ဦးပါ၊ ကျွန်တော့် အမြင်မှာတော့ လူတွေက သူ့ဆီကနေ အများကြီးကို တောင်းဆိုလွန်းနေတယ် ဆိုတာပါပဲ။

မန်ချက်စတာ ယူနိုက်တက် က သူ့အတွက် ပေါင် သန်း ၈၀ သုံးထားရလို့ သူက ပွဲတိုင်းမှာ ကမ္ဘာ့အကောင်းဆုံး ဗဟိုခံစစ်မှူး ဆိုတဲ့ ခြေစွမ်းမျိုးနဲ့ ကစားပြနေရမှာလား? အဲ့ဒါက မှန်ကန်တဲ့ အရာတခု မဟုတ်ပါဘူး၊ ပြောင်းရွှေ့ကြေးတွေ ဆိုတာ သတ်မှတ်ချက်တွေကြောင့် ဖြစ်လာတာမျိုးပါ၊ ပြောင်းရွှေ့ကြေးတွေက မက်ဂွိုင်းယားနဲ့ သက်ဆိုင်တဲ့ အရာ မဟုတ်ပါဘူး၊ ဒါကြောင့် မက်ဂွိုင်းယားကို ပြင်းပြင်းထန်ထန် ဝေဖန်နေကြတာဟာ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

credit