မက်ဂွိုင်းယားက ဘာကြောင့် အင်္ဂလန်သား အကောင်းဆုံး ခံစစ်မှုး ဖြစ်သလဲ ဆိုတာ ရှင်းပြလိုက်တဲ့ ဆောက်ဂိတ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘရိုက်တန်နဲ့ ဘရန့်ဖို့ဒ်ကို ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် ဟယ်ရီ မက်ဂွိုင်းယား ကို နည်းပြ Erik Ten Hag က ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ လုံး၀ ပွဲထွက်ခွင့် မပေးတော့ပါဘူး၊ နည်းပြ Erik Ten Hag ဟာ အသင်းရဲ့ ဗဟိုခံစစ်ကို ဗာရန်းနဲ့ မာတီနက်ဇ် အတွဲကိုသာ ဦးစားပေး အသုံးပြုနေခဲ့ပြီး ဟယ်ရီ မက်ဂွိုင်းယား ကိုတော့




အခြား နည်းပြဟောင်းတွေ မလုပ်ဝံ့တဲ့ အရန်ခုံမှာ မိတ်ဆက်ပေးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ကို အင်္ဂလန်လက်ရွေးစင်အသင်း အတွက် နည်းပြ ဆောက်ဂိတ်က ခေါ်ယူ ရွေးချယ်ခဲ့သလို အဓိက ကစားသမားလည်း ဖြစ်တယ်လို့ ထောက်ခံခဲ့ပါတယ်၊ အခုအခါမှာလည်း ဆောက်ဂိတ်က သူ့ရဲ့ ခံစစ်မှူးက အင်္ဂလန်ရဲ့ အကောင်းဆုံး ခံစစ်မှူးတွေထဲက




တစ်ဦး ဖြစ်နေဆဲလို့ ပြောဆိုလိုက်ပါတယ်။ မီလန်မှာ အီတလီနဲ့ ကစားရမယ့် နေးရှင်းလိဂ် ပွဲစဥ် မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်၊ ဒါဟာ သူ့ ကစားသမားကို သူ ဘယ်လောက်ထိ ယုံကြည်လဲ ဆိုတာကို ဆောက်ဂိတ်က ထပ်မံ ထုတ်ဖော် ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ ဘယ်သူမဆို ကိုယ့်ရဲ့ဆုံးဖြတ်ချက်အတွက် အမြဲတမ်း ကျောထောက်နောက်ခံ




ပေးနေရမှာပါ၊ မက်ဂွိုင်းယားက ကျနော်တို့ အတွက် အရေးပါတဲ့ ကစားသမား တစ်ယောက်လို့ ခံစားရပါတယ်။ သူက ကျနော်တို့ရဲ့ အမြင့်ဘော အကောင်းဆုံး ကစားနိုင်တဲ့ ဗဟိုခံစစ်မှူးပါ၊ သူနဲ့ ဂျွန်စတုန်းစ် တို့က ဘောလုံးနဲ့အတူ ရှိနေချိန်ဆိုရင် မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့သူတွေပါလို့ ဆောက်ဂိတ်က ပြောဆိုခဲ့ပါတယ်။ ဟယ်ရီ မက်ဂွိုင်းယားဟာ လက်ရှိမှာ




ဝေဖန် လှောင်ပြောင်မှုတွေကို ရင်ဆိုင်နေရသူ ဖြစ်ပြီး မနေ့ကလည်း သူ့အတွက် ဘာတွေလိုအပ်လဲ ဆိုတဲ့ အကြောင်းတွေကို ကြားလူကတဆင့် မီဒီယာတွေကို ပြောဆိုမှုတွေ လုပ်ခိုင်းခဲ့တယ်လို့ ယူဆရပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေ အရ မက်ဂွိုင်းယားဟာ မြန်နှုန်းမြင့် ကစားသမား မဟုတ်တာကြောင့် သူ့အတွက် မြန်နှုန်းမြင့် နောက်ခံလူ အတွဲအဖက် လိုအပ်နေပြီး




အဲဒီလိုသာဆိုရင် သူ ခြေစွမ်းပြနိုင်လိမ့်မယ်လို့ အဆိုပါနီးစပ်သူက ဖွင့်ဟခဲ့ပါတယ်၊ ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် အသင်းဖော်တွေနဲ့ နည်းပြ အဖွဲ့ကလည်း မက်ဂွိုင်းယားကို မကူညီခဲ့ကြဘူးလို့လည်း ပြောဆိုခဲ့ပြီး ကစားသမားက ယုံကြည်မှုရော၊ ပုံစံပါ ပျောက်ဆုံးသွားခဲ့တယ်လို့ ထပ်ပြောခဲ့ပါတယ်၊ မက်ဂွိုင်းယားဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ဒီရာသီမှာ ၃ ပွဲ ပွဲထွက်ကစားခွင့် ရခဲ့ပြီး အဆိုပါ ၃ ပွဲစလုံးမှာ အသင်းက အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

credit