တန်ဟက်ဂ် ရောင်းချသွားမယ့် ကြယ်တစ်ပွင့်ကို အတည်ပြုပေးလိုက်တဲ့ ရီယို ဖာဒီနန်
|မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ ဂန္တဝင် ခံစစ်မှူး တစ်ဦး ဖြစ်သူ ရီယို ဖာဒီနန် က မန်ချက်စဝာာ ယူနိုက်တက် နည်းပြသစ် အဲရစ် တန်ဟက်ဂ် ဟာ သူတို့ အသင်းရဲ့ အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယား ကို ရောင်းချဖွယ် ရှိနေကြောင်း သုံးသပ်စကား ပြောကြားသွားခဲ့ပါတယ်။
၂၉ နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယား ဟာ လက်စတာစီးတီးလကနေ မန်ချက်စတာ ယူနိုက်တက် ထံ ပြောင်းရွှေ့လာပြီးနောက် အသင်းရဲ့ အဓိက ခံစစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူထားရသူပါ၊ ဒါပေမယ့် မက်ဂွိုင်းယားက ယူရို ၂၀၂၀ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ အင်္ဂလန်နဲ့
အတူ ရှုံးပွဲ ကြုံတွေ့ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့နည်းသွားခဲ့ပြီး အဆိုပါ ဖြစ်ရပ်ရဲ့ နောက်ဆက်တွဲ အနေနဲ့ ကလပ်အသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် မှာပါ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်လာခဲ့ရပါတယ်ဖး၊ ယခုနှစ် ဘောလုံးရာသီမှာလည်း မက်ဂွိုင်းယား ဟာ ရာသီအစ ၂ ပွဲမှာ မန်ချက်စတာ ယူနိုက်တက်လရဲ့ ပွဲထွက်လူစာရင်းထဲ
ပါဝင် ကစားခွင့် ရခဲ့ပေမယ့် သူ ပါဝင် ကစားခဲ့တဲ့ ၂ ပွဲစလုံးမှာ မန်ချက်စတာ ယူနိုက်တက်လဟာ ရှုံးပွဲတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် မန်ချက်စတာဘယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က ပရီးမီးယားလိဂ် ပွဲစဉ် ၃ မှ စတင်ကာ မက်ဂွိုင်းယား ကို ပွဲထွက် လူစာရင်း ကနေ ဖယ်ရှားပြီး ဗာရန်းနဲ့ မာတီနက်ဇ် ခံစစ်အတွဲကိုသာ အဓိကထား အသုံးပြုနေကာ ဗာရန်းနဲ့
မာတီနက်ဇ်တို့ရဲ့ အတွဲကလည်း အခုချိန်မှာ အတော်လေးကို ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်၊ ဒါကြောင့်ပဲ ဟယ်ရီ မက်ဂွိုင်းယား ရဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝဟာ မကြာခင်မှာ အဆုံးသတ်နိုင်ကြောင်း သုံးသပ်မှုတွေ ရှိလာပြီး မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် နောက်ခံလူလည်းဖြစ်၊ ယခုချိန်အထိ အသင်းနဲ့ ဆက်သွယ်မှုတွေပါ ရှိနေသေးတဲ့
ဖာဒီနန်က တန်ဟက်ဂ်ဟာ သင့်တော်တဲ့ ကမ်းလှမ်းမှုသာ ရလာရင် မက်ဂွိုင်းယားကို ရောင်းချလိမ့်မယ်လို့ ထုတ်ဖော် ပြောဆိုလာပါတယ်၊ ဖာဒီနန်က- တကယ်လို့ မက်ဂွိုင်းယား အတွက် ကမ်းလှမ်းမှုတွေသာ ရလာမယ် ဆိုရင် တန်ဟက်ဂ်က သူ့ကို ရောင်းချလိမ့်မယ်လို့ ထင်ပါတယ်၊ ပြီးတော့ မက်ဂွိုင်းယားကလည်း သူ့အတွက် သင့်တော်တဲ့ အသင်းသာ ရှိမယ် ဆိုရင်
အသင်းပြောင်းလိမ့်မယ်လို့ မြင်ပါတယ်၊ တကယ်လို့ ပွဲထွက်ခွင့်သာ မရဘူး ဆိုရင် မက်ဂွိုင်းယားက မန်ချက်စတာလယူနိုက်တက်ခမှာ ဆက်နေမယ်လို့ မထင်ပါဘူး၊ တချို့ ကစားသမားတွေက ပွဲထွက်ခွင့် မရလည်းပဲ အသင်းမှာ ဆက်နေတတ်ကြပါတယ်၊ ဒါပေမယ့် မက်ဂွိုင်းယားက အဲ့ဒီလို ကစားသမားမျိုးလို့ မထင်ပါဘူး။း၊ မက်ဂွိုင်းယားက ဘောလုံး အားကစားကို ချစ်သလို အမြဲတမ်း ပွဲထွက်ခွင့်တွေ လိုချင်နေတဲ့ လူစားမျိုးပါ။ လို့ ပြောကြားသွားခဲ့တာပါ။
credit