ရိုးမားနဲ့ အင်တာမီလန်ကို အနိုင်ယူပြီးနောက် ရော်နယ်ဒိုကို နောက်ပြောင် ကမ်းလှမ်းလိုက်တဲ့ အူဒီးနီးစ်
|ယခုလက်ရှိ စီးရီးအေမှာ ခြေစွာနေတဲ့ အူဒီနီးစ်က မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ ပတ်သက်လို့ နောက်ပြောင် ကမ်းလှမ်းမှုတခုကို ပြုလုပ်သွားခဲ့ပါတယ်၊ အူဒီနီးစ်ဟာ လက်ရှိ ဘောလုံးရာသီ စီးရီးအေမှာ ရိုးမား၊ အင်တာမီလန် တို့လို ထိပ်တန်း အသင်းတွေကို အနိုင်ယူပြီး
အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်၊ အူဒီနီးစ်ဟာ စီးရီးအေမှာ ၇ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၁၆ မှတ်ရရှိထားပြီး နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲ ရရှိထားတဲ့ အသင်းလည်း ဖြစ်ပါတယ်၊ နည်းပြ အန်ဒရီယာ ဆော့တေးလ် ရဲ့ အသင်းကလည်း ချီးကျူးမှုတွေ ရရှိနေပြီး ဒီပုံစံကောင်းကို
ဘယ်လောက်ထိ ဆက်လက် ထိန်းသိမ်းသွားနိုင်မလဲ ဆိုတာကိုလည်း ပရိသတ်တွေက စိတ်ဝင်တစား စောင့်ကြည့်လျက် ရှိပါတယ်၊ ဒီလိုအချိန်မှာပဲ အူဒီနီးစ်က သူတို့ရဲ့ တရားဝင် တွစ်တာက တဆင့် မန်ချက်စတာ ယူနိုက်တက် နာမည်ကျော် တိုက်စစ်မှူးကြီး ရော်နယ်ဒိုကို အသင်းမှာ လာရောက်ကစားဖို့ ဖိတ်ခေါ် ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။
ဒီလိုမျိုး အူဒီနီးစ်ရဲ့ ပို့စ်အောက်မှာ အူဒီနီးစ်ရဲ့ ဂိုးသမား မာကိုဆီဗက်စထရီ ကလည်း ရော်နယ်ဒိုကို မန်းရှင်းခေါ်ပြီး အူဒီနီးစ်ကို လာရောက်ဖို့ ထပ်မံ တောင်းဆိုခဲ့ပြန်ပါတယ်၊ နိုင်ငံတကာ ရက်သတ္တပတ်ကြောင့် ကလပ်အသင်း ပွဲစဥ်တွေ ရပ်နားထားတဲ့ ကာလအတွင်း အူဒီနီးစ်ရဲ့ လုပ်ရပ်က ပရိသတ်တွေ အကြား
ပွဲကျစရာ ဖြစ်နေခဲ့ပါတယ်၊ ရော်နယ်ဒိုဟာ လက်ရှိ အချိန်မှာ ပေါ်တူဂီလက်ရွေးစင် အသင်းနဲ့ အတူ ပူးပေါင်းနေပြီး နေးရှင်းလိဂ် ပွဲစဥ်တွေအတွက် လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်လျက် ရှိပါတယ်၊ ရော်နယ်ဒိုဟာ စီးရီးအေ အတွေ့အကြုံရှိ ကစားသမား တစ်ယောက် ဖြစ်ပါတယ်၊ ဂျူဗင်တပ်စ်နဲ့ အတူ
စီးရီးအေအမှတ်ပေး ချန်ပီယံဆုကို ဆွတ်ခူးခဲ့ဖူးတဲ့ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီမှာလည်း အီတလီကလပ်တွေ ဖြစ်တဲ့ အင်တာမီလန်၊ အေစီမီလန်၊ နာပိုလီတို့ကို ပြောင်းရွှေ့ဖို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်၊ ဒါပေမယ့် နွေစျေးကွက် ပိတ်ချိန်အထိ အသင်းမပြောင်းဖြစ်ခဲ့ဘဲ မန်ချက်စတာ ယူနိုက်တက် အသင်းမှာသာ ဆက်ရှိနေခဲ့ပါတယ်။
credit