‌အင်္ဂလန် နည်းပြ အနေနဲ့ မန်ချက်စတာ ယူနိုက်တက် စတားကို မရွေးချယ်ခဲ့တဲ့ အပေါ် နှဖူးပေါ် လက်တင်ပြီး စဉ်းစားဖို့ လိုကြောင်း ရှင်းပြလိုက်တဲ့ ဖာဒီနန်

Manchester United တောင်ပံ ကစားသမားဟာ ဒီရာသီမှာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းကို ပြန်လည် ရှာဖွေနိုင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် အဲရစ် တန်ဟက်ဂ် လက်အောက်မှာ အသင်းရဲ့ အဓိက ကစားသမား တစ်ယောက် ဖြစ်လာခဲ့ပါတယ်။




ဆန်ချိုဟာ နိုင်ငံ လက်ရွေးစင် နည်းပြ ဆောက်ဂိတ် ရဲ့ အသင်းမှာ မရှိမဖြစ် ကစားသမား တစ်ယောက် ဖြစ်ခဲ့ပေမယ့် အီတလီကို ရှုံးနိမ့်ခဲ့တဲ့ ယူရို ၂၀၂၀ မှာ ပင်နယ်တီ လွဲချော်ခဲ့တဲ့ ကစားသမား ၃ ယောက်ထဲက တစ်ယောက်ဖြစ်ခဲ့ပြီး နောက်မှာ အင်္ဂလန်အသင်း လူစာရင်းကနေပါ ချန်လှပ်ခံခဲ့ရပါတယ်။




ယနေ့ညမှာ ကစားမယ့် အီတလီနဲ့ နေးရှင်းလိဂ် ပွဲစဉ်မတိုင်မီ ဖာဒီနန်က ဆောက်ဂိတ် အနေနဲ့ သူ့လက်ထက်မှာ အသင်းကို ပြုပြင် ပြောင်းလဲရမှာ ဖြစ်ပြီး ကမ္ဘာ့ဖလား မတိုင်မီ ဆန်ချိုကို ပြန်လည် ရွေးချယ်ဖို့ လိုအပ်ကြောင်း ဝေဖန်သုံးသပ်လိုက်ပါတယ်။




ဖာဒီနန်က- ဆောက်ဂိတ် အနေနဲ့ နဖူးပေါ် လက်တင်ပြီး စဉ်းစားဖို့ လိုနေပါတယ်၊ အရင်က အရမ်းကောင်းခဲ့တဲ့ ဆောက်ဂိတ်နဲ့တောင် မတူတော့သလိုပါပဲ၊ သူနဲ့ ဂျေဒန် ဆန်ချို ကြားက ပြဿနာကိုလည်း ပြန်စဉ်းစားဖို့ လိုပါတယ်၊ တစ်စုံတစ်ခုက ပိတ်ထားသလိုပဲ၊ ဆန်ချိုကလည်း ပိုပြီးအလုပ်ကြိုးစားရမယ်။




ယခုလူစာရင်းထဲမှာသာ ပြန်အရွေးခံရမယ် ဆိုရင် ဆောက်ဂိတ် အနေနဲ့လည်း ဆန်ချိုကို စိတ်ဓာတ်ပိုင်း ကောင်းမွန်အောင် ပြုပြင်ပေးရမှာပါ၊ ဂျေဒန် တွေးရမှာကတော့ တစ်ခုတည်းပဲ သူငါ့ကို မဖြစ်မနေ ရွေးကို ရွေးရမယ့် အခြေအနေ ရောက်ရမယ် ဆိုတဲ့ စိတ်ပါပဲ၊ ဒါပေမယ့် ပေး မကစားတာမျိုးလည်း ဖြစ်နိုင်တယ်။

အခု ဆန်ချိုရဲ့ စိတ်ထဲမှာ ငါဘယ်လောက် ကောင်းကောင်း သူ ငါ့ကိုမရွေးလောက်ဘူးလို့ ထင်နေနိုင်ပါတယ်၊ ဒါပေမယ့် အရွေးခံရမယ်ဆိုတဲ့ စိတ်ကတော့ အရေးအကြီးဆုံးပဲလို့ ပြောဆိုခဲ့ပါတယ်၊ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ ခြေစွမ်းပြနေတဲ့ ဆန်ချိုကို ချန်လှပ်ပြီး မန်ချက်စတာ ယူနိုက်တက် မှာ နည်းပြ အဲရစ် တန်ဟက်ဂ် လက်အောက် နေရာပျောက်နေတဲ့ ဟယ်ရီ မက်ဂွိုင်းယား ကိုတော့ ရွေးချယ်ခဲ့ပါတယ်။

credit