တန်ဟက်ဂ်နဲ့ လက်ထောက်နည်းပြ အဖွဲ့ဝင် မဟုတ်ဘဲ ဖရက်ဒ်နဲ့ တွမ်မီနေးကို ထိထိရောက်ရောက် သင်ကြားပေးနိုင်မယ့် ကစားသမား သုံးဦး အမည်ကို ထုတ်ပြောလိုက်တဲ့ ပေါလ်စခိုး
|Manchester United ဂန္တဝင် ပေါလ်စခိုးလ်က အသင်းရဲ့ ကွင်းလယ်လူတွေဟာ ဖရက်ဒ်နဲ့ တော်မီနေးကို ပိုမို ကောင်းမွန်အောင် လမ်းညွှန် သင်ကြားပေးနိုင်ကြောင်း၊ ဘရာဇီးသားနဲ့ စကော့တလန်သား အနေနဲ့ သူတို့တွေဆီက ပညာတွေ ယူသင့်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
ကျွန်တော်ဟာ ဥာဏ်ကောင်းတဲ့ ပါးနပ်ပြီး ခေါင်းသုံးတတ်တဲ့ ကစားသမားမျိုး ရှာဖွေနေတာပါ၊ ခေါင်းသုံးတဲ့ ကစားသမားတွေထဲမှာတော့ အဲရစ်ဆင်က အကောင်းဆုံး ဥပမာ တစ်ခုပါ၊ သူဟာ ဦးနှောက်သုံးပြီး ကစားတတ်သူပါပဲ၊ အရမ်းလည်း ပါးနပ်ပါတယ်၊ ကွင်းထဲ သူကိုယ်တိုင် ဘယ်မှာ ကစားသလဲ၊ အသင်းဖော်တွေ ဘယ်မှာရှိကြသလဲ ဆိုတာကို ကောင်းကောင််း သိတဲ့ ကစားသမားမျိုးပါ။
ဘယ်ပွဲလဲတော့ မမှတ်မိတော့ပါဘူး၊ အဲ့ဒီပွဲအပြီးမှာ ကျွန်တော်ဟာ ခံစစ်ကို မကူနိုင်ခဲ့ကြတဲ့ ဖရက်ဒ်နဲ့ တော်မီနေး အပေါ် အရမ််းကို စိတ်ပျက် ဝေဖန်မိခဲ့ပါတယ်၊ သူတို့တွေဟာ အနောက်လူဆီက ဘောလုံးရမှ ကစားတတ်ကြတဲ့ ပုံစံမျိုး ဖြစ်နေခဲ့ကြပါတယ်၊ တကယ်တော့ ကွင်းလယ်လူ ဆိုတာက ဘောလုံး လက်ခံရရှိတိုင်း ကောင််းမွန်တဲ့ တိုက်စစ်ဆင် ကစားမှုတွေကို လုပ်ဆောင်သင့်သူမျိုးပါ၊ ဒါကို ကတ်စ်မဲရိုးနဲ့ အဲရစ်ဆင်က
မကြာခန လုပ်ပြနိုင်ခဲ့ကြပါတယ်၊ သူတို့တွေက ပြိုင်ဖက် ဘယ်သူလဲ၊ ဘယ်အသင်းလဲ ဆိုတာမျိုး ဂရုစိုက်မနေပဲ လုပ်သင့်တာတွေ လုပ်ရင်း တိုက်စစ််ဆင် ကစားပြခဲ့ကြပါတယ်၊ ဂိုးပေါက် ခြိမ်းခြောက်မှုတွေလည်း လုပ်ဆောင်နိုင်ခဲ့ကြပါတယ်၊ အဲရစ်ဆင် ဆိုရင် ဘောလုံးရရှိတဲ့ အခါတိုင်း ဘရူနိုဆီ ဖြစ်ဖြစ် အသင််းဖော်တွေဆီ ဘောလုံးအရောက်ပို့ တိုက်စစ်ဆင်ဖို့ လုပ်ခဲ့တာချည်းပါပဲ။
ကျွန်တော့်ကို စိတ်ပျက်စေတာက အသေးအမွှား ကိစ္စလေးတွေပါ၊ ဘာဖြစ်လို့လဲဆိုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ကစားတဲ့ ကစားသမားဆိုတာ ဒါလေးတော့ လုပ်နိုင်သင့်တယ်လို့ ကျွန်တော် ထင်လို့ပါပဲ၊ ကျွန်တော်် ဒါလေးတော့ မျှော်လင့်သင့်တယ်မလားလို့ ပေါလ်စခိုးလ်က ပြောခဲ့တာပဲ ဖြစ်ပါတယ်။
credit