အီတလီကို ရှုံးခဲ့ပေမယ့် သူ့ရဲ့ ကစားသမားတွေ ကောင်းခဲ့ကြောင်း ဆိုလိုက်တဲ့ အင်္ဂလန်နည်းပြ

0
48

အီတလီကို 1-0 နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အင်္ဂလန်အသင်းဟာ နိုင်ပွဲ မရရှိတာ (5) ပွဲဆက်တိုက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်၊ နည်းပြ ဆောက်ဂိတ်ကတော့ အီတလီကို ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ အပေါင်း လက္ခဏာဆောင်တဲ့ အရာတွေ အများကြီးရှိခဲ့ကြောင်း ဆိုပါတယ်၊ အီတလီအသင်းက ရက်စ်ပါဒိုရီရဲ့ သွင်းဂိုးကြောင့်





အင်္ဂလန်အသင်းဟာ 1014 ခုနှစ် နောက်ပိုင်း အဆိုးရွားဆုံး နိုင်ပွဲ ပျောက်မှုနဲ့ ရင်ဆိုင်သွားခဲ့သလို အုပ်စုအောက်ဆုံးနဲ့ နေးရှင်းလိဂ် (B) ကို တန်းဆင်းသွားခဲ့ရပြီ ဖြစ်ပါတယ်၊ ဒါတင် မကသေးပါဘူး၊ အင်္ဂလန်အသင်းဟာ open play ကနေ ဂိုးမရတော့တာ 495 မိနစ်ဆက်တိုက် ရှိသွားခဲ့ပြီ ဖြစ်ပြီး





လာမယ့် တနင်္လာနေ့မှာလည်း ဂျာမနီနဲ့ ထပ်မံရင်ဆိုင် ကစားရဦးမှာပါ၊ ဆန်စီရိုမှာ ကစားခဲ့တဲ့ ပွဲမှာ အဝေးကွင်း ပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ ကြုံတွေ့ခဲ့ရတဲ့ အင်္ဂလန် အသင်းနည်းပြ ဆောက်ဂိတ်ကတော့ ပွဲအပြီး အင်တာဗျူးမှာ သူတို့ဟာ ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့ပြီး အပေါင်းလက္ခဏာဆောင်တဲ့





အရာတွေ အများကြီး ရှိတယ်လို့ ပြောသွားခဲ့ပါတယ်၊ ကျွန်တော့် အတွက် အသင်းရဲ့စွမ်းဆောင်ရည်ကို ဝေဖန် ပြစ်တင်ဖို့ ခက်ခဲလွန်းတာတော့ အမှန်ပါပဲ၊ ကျွန်တော်တို့ ဘောလုံး ပိုင်ဆိုင်မှု ပိုသာခဲ့တယ်၊ ဂိုးကန်သွင်းချက်တွေ ပိုလုပ်နိုင်ခဲ့တယ်၊ ဂိုးပေါက်တည်တဲ့ အကြိမ်လည်း သူတို့ထက် ပိုများပြားခဲ့ပါတယ်။





ကစားချိန် တော်တော်များများကို ကျွန်တော်တို့ ပိုကောင်းအောင် ကစားနိုင်ခဲ့ပါတယ်၊ ခံစစ်ကစားရချိန် အရေးပါတဲ့ အခိုက်အတန့် တစ်ခုကို ကျွန်တော်တို့ မဖြေရှင်းနိုင်ခဲ့ပါဘူး၊ ကျွန်တော်တို့ တိုက်စစ်ဆင်ချိန် ဂိုးရနိုင်တဲ့ အခိုက်အတန့် မျိုးမှာလည်း ကောင်းမွန်လုံလောက်တဲ့ အရည်အသွေးမျိုးလည်း

မပြသနိုင်ခဲ့ပါဘူး၊ ရလဒ်မကောင်းတဲ့ အခါမျိုးမှာ ပရိသတ်တွေ
ရဲ့ ဝေဖန်လှောင်ပြောင်မှု ဆိုတာက ရှိစမြဲပါပဲ၊ ကျွန်တော်ကတော့ ဒီနေ့ည ကစားသွားတဲ့ ပွဲမှာ အပေါင်းလက္ခဏာ ဆောင်တဲ့ အရာတွေ အများကြီး ရှိခဲ့တယ်လို့ ထင်ပါတယ်၊ တစ်ဦးချင်း စွမ်းဆောင်ရည်ကောင်းတွေ မြင်တွေ့ခဲ့ရသလို

အသင်းလိုက် စွမ်းဆောင်ရည်ကလည်း လမ်းကြောင်းမှန်ပေါ်မှာ ရှိနေခဲ့ပါတယ်၊ ပရိသတ်တွေရဲ့ တုန့်ပြန်မှုတွေကို ကျွန်တော် အပြည့်အဝ နားလည် သဘောပေါက်ပါတယ်။ လို့ အင်္ဂလန်နည်း ဂါးရက် ဆောက်ဂိတ်က ပြောကြားသွားခဲ့့တာပဲ ဖြစ်ပါတယ်။

credit