ဇန်နဝါရီ အပြောင်းအရွှေ့မှာ မန်ချက်စတာ ယူနိုက်တက် ကစားသမားသစ် ဖြစ်လာမယ့် ဘရိုက်တန် ကွင်းလယ်လူ
|မန်ချက်စတာ ယူနိုက်တက် နဲ့ အီကွေဒေါအ သင်းတို့ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ဗလင်စီယာက လတ်တလော ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့် မန်ချက်စတာ ယူနိုက်တက် ရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ အီကွေဒေါ ကွင်းလယ်လူ ကိုင်စီဒိုကို မန်ချက်စတာ ယူနိုက်တက် ဆီ ပြောင်းရွှေ့ဖို့ အကြံပေးသွားခဲ့ပါတယ်။
၂၀ နှစ်အရွယ် အီကွေဒေါ လက်ရွေးစင် ကွင်းလယ်ကြယ်ပွင့်ဟာ ၂၀၂၁ ဇန်နဝါရီ အပြောင်းအရွှေ့ကမှ အီကွေဒေါကလပ် အင်ဒီပန်ဒီယန်တေ ကနေ ဘရိုက်တန်ကို ပြောင်းရွှေ့ကြေး ယူရို ၅ သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ရာသီဝက်မှ စတင်ပြီး ဘရိုက်တန်မှာ ပုံမှန် ပွဲထွက်ခွင့် ရရှိနေသူလည်း ဖြစ်ပါတယ်။
၎င်းဟာ ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ ကစားလေ့ရှိသူ တစ်ဦးဖြစ်ပြီး သူ့ရဲ့လုပ်အားနှုန်း ကောင်းမွန်မှု၊ ဘောလုံးပေးပို့ရာမှာ တိကျမှုနဲ့ ဘောလုံးအဖျက် ကောင်းမွန်မှု တို့ကြောင့်ပဲ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ တက်သစ်စ လူငယ်ကြယ်ပွင့်တွေထဲက တဦးအဖြစ် သတ်မှတ်ခံထားရပါတယ်၊ ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်တဲ့
မန်ချက်စတာ ယူနိုက်တက်၊ ချဲလ်ဆီး၊ လီဗာပူးတို့ဟာ သူ့ကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်၊ ဒါကြောင့်ပဲ မကြာခင်မှာ ကိုင်စီဒိုဟာ ဘရိုက်တန်ကို စွန့်ခွာပြီး ပရီးမီးယားလိဂ် အသင်းကြီး တသင်းဆီ ပြောင်းရွှေ့ ကစားလိမ့်မယ် ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေကာ အီကွေဒေါရဲ့ ဂန္တဝင် ကစားသမားကြီး ဗလင်စီယာကတော့ ကိုင်စီဒိုတစ်ယောက်
မန်ချက်စတာ ယူနိုက်တက် ဆီ ပြောင်းရွှေ့ဖို့ မျှော်လင့်မိကြောင်း နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။ ဗလင်စီယာက- ကိုင်စီဒိုက အလားအလာရှိတဲ့ လူငယ် ကစားသမားတစ်ဦးပါ၊ ဒါကြောင့် ကျွန်တော်က သူ့ကို ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်းမှာ ကစားခွင့်ရမယ့် လူငယ်ကြယ်ပွင့်လို့ ထင်ပါတယ်။
သူက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတတ်တဲ့ ကောင်လေး တစ်ယောက် ဖြစ်သလို ကြီးကျယ်တဲ့ ကစားသမားတစ်ယောက် ဖြစ်လာဖို့ မွေးဖွားလာသူပါ၊ ဒါကြောင့် ကျွန်တော်ကတော့ သူ့ကို မန်ချက်စတာ ယူနိုက်တက် ကစားသမားသစ် ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်။လို့ အကြံပေးခဲ့တာပဲ ဖြစ်ပါတယ်။
credit