လှေတစ်စီးနဲ့ အတူ ခရီးသွားပြီး လှေမြုပ်ရင် အရင်ခုန်ထွက်မယ့်သူက သူပဲလို့ မန်ချက်စတာ ယူနိုက်တက် စတားကို ဒဲ့ပြောလိုက်တဲ့ ပေါလ်ပါကား
|Manchester United ကစားသမားဟောင်းကြီး ပေါလ်ပါကာက လတ်တလော အင်တာဗျူးတွေမှာ မပြောသင့်တဲ့ စကားတွေကို ပြောဆိုသွားတဲ့ ဘရူနို ဖာနန်ဒက်စ် ဟာ အလွန်ကို တကိုယ်ကောင်း ဆန်လွန်းသူ တစ်ယောက် ဖြစ်နေပြီလို့ ဆိုလိုက်ပါတယ်။ ဘရူနို ဖာနန်ဒက်စ် ဟာ မန်ချက်စတာ ယူနိုက်တက် ခန့်အပ်ခဲ့တဲ့ မန်နေဂျာတွေ ဖြစ်တဲ့ ဆိုးလ်ရှား
ရန်းနစ် တို့က ရေရာတဲ့ ဘောလုံးကစားဟန် မရှိကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်၊ ဒါ့အပြင် ခြေစွမ်းမပြနိုင်တာချင်း တူရင်တော့ အာဆင်နယ်က ပီပီထက် သူက ပိုပြောခံရတယ် ဆိုတဲ့ စကားတွေလည်း ထုတ်ပြောခဲ့ပါတယ်။ ပေါ်တူဂီသားရဲ့ အပြောအဆိုတွေကို မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီး ပေါလ်ပါကာကတော့ လုံးဝ မနှစ်ခြိုက်ဘဲ
ဒီလို ပြောဆိုမှုတွေ မလုပ်သင့်ကြောင်း ထောက်ပြ ဝေဖန်မှုလိုက်ပါတယ်။ ကျနော်ကတော့ ဒီစကားတွေက ဆင်ခြေ သက်သက်ပဲ ဆိုတာထက် ပိုမမြင်ပါဘူး၊ ဒီကလပ် အတွက် ကစားဖို့ ငွေတွေအများကြီ းသုံးပြီး ဒီကစားသမားတွေကို ခေါ်ခဲ့တာလေဗျာ၊ သူတို့ကို ဒါလုပ်ဒါလုပ်ပြောတာ လုပ်ရုံလောက် အတွက် ခေါ်ခဲ့တာ မဟုတ်ပါဘူး၊ သူတို့ဆီက
မျှော်လင့်ထားတာတွေ အများကြီး ရှိလို့ ခေါ်ခဲ့တာ၊ ဒါပေမယ့် သူတို့ မလုပ်ပြနိုင်ဘူး။ နည်းနည်းလေးတောင် နီးစပ်တဲ့ အဆင့်ကို မရောက်ခဲ့ပါဘူး၊ ဒီတော့ ဘရူနို ဖာနန်ဒက်စ် ပြောတဲ့ စကားတွေက သူ့ကိုယ်သူ ကာကွယ်ဖို့ထက် ဘာမှ မပိုပါဘူး၊ မင်းနဲ့ မင်းအသင်းဖော်တွေက မလုပ်နိုင်လို့ ဒီမန်နေဂျာတွေ ရောက်လိုက် ထွက်လိုက် ဖြစ်နေတာကမှ တကယ့် ရှက်စရာ ကိစ္စကြီးပဲ။လို့ ပါကာက ပြောဆိုသွားခဲ့ပါတယ်။
သူက မန်ချက်စတာ ယူနိုက်တက် အသင်း လိုအပ်နေတဲ့ စည်းကမ်းရှိတဲ့ ကစားသမားမျိုး မဟုတ်တာ သေချာပါတယ်၊ နောက်ပြီး မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ တော်တော်များများကလည်း သူ ကိုဗစ်ကာလ အတွင်းမှာ အသင်းကို များစွာ တွန်းတင်ပေးခဲ့သည့်တိုင်
ခုလို အချိုးမျိုးနဲ့ဆိုရင် မန်ချက်စတာ ယူနိုက်တက် ကို ရောက်မလာသင့်ဘဲ စပါးကို ရောက်သွားရမှာလို့ တွေးနေကြလိမ့်မယ်၊ လှေတစ်စီးနဲ့ အတူ ခရီးသွားပြီး လှေက စမြုပ်နေပြီ ဆိုရင် သူက ပထမဆုံး ခုန်ထွက်သွားမယ့်သူက သူပါ၊ ဘရူနို ဖာနန်ဒက်စ် က အဲဒီလို လူမျိုးပါ၊ ကျနော့် အမြင်တော့
အင်တာဗျူးမှာ မပြောသင့်တဲ့ စကားတွေ ပြောခဲ့တဲ့ သူက အရမ်းကို တကိုယ်ကောင်း ဆန်တဲ့သူပါ။ သတင်းမီဒီယာတွေ ရှေ့မှာ ဒီလို မေးမြန်းခံရရင် ဘာစကားတွေက မပြောသင့်ဘူးလဲ ဆိုတာ သူ့ဘေးက တစ်ယောက်ယောက်က သင်ပေးသင့်တယ် လို့ ပါကားက ပြင်းထန်စွာလည်း ထောက်ပြ ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။
credit