ရစရာရှိတဲ့ ကြွေးမြီတွေ အမြန်ပြန်ဆပ်ဖို့ မန်ချက်စတာ ယူနိုက်တက် ကို ဖိအားပေးလာတဲ့ ဘရာဇီးလ် ကလပ်အသင်း တသင်း
|ဘရာဇီးကလပ် ဆော်ပိုလိုအသင်းဟာ ကလပ်ရဲ့ အကြွေးတချို့ကို မြန်မြန်ရှင်းဖို့ မန်ချက်စတာ ယူနိုက်တက် ထံမှ အန်တိုနီ အတွက် ရစရာကျန်နေတဲ့ ပိုက်ဆံတွေကို ရယူလိုနေပါတယ်၊ Manchester United ဟာ ပြီးခဲ့တဲ့နွေ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ပေါင် ၈၅ သန်းနဲ့ အေဂျက်ကနေ အန်တိုနီကို ခေါ်ယူခဲ့တာပါ။
အေဂျက်နဲ့ သူ့အသင်းဟောင်း ဆော်ပိုလိုကြား သဘောတူညီမှုအရ ပြောင်းရွှေ့ကြေးရဲ့ ရာခိုင်နှုန်းတချို့ကို ဘရာဇီးကလပ်ထံ ပေးရမှာဖြစ်ပြီး သူတို့ဟာ မန်ချက်စတာ ယူနိုက်တက် ထံကနေ ပေါင် ၁၈ သန်းရဖို့ရှိနေတာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ နွေရာသီမှာ ကစားသမားသစ်တွေ အတွက် ပေါင် သန်း ၂၀၀ ကျော်သုံးစွဲခဲ့တာ ဖြစ်ပြီး
အန်တိုနီ၊ မာလာစီယာ၊ အဲရစ်ဆင်၊ လီဆန်ဒရို မာတီနက်ဇ်၊ ကတ်စ်မဲရိုး နဲ့ ဒူဘရက်ကာ တို့ကို ခေါ်ယူခဲ့ပါတယ်၊ သူတို့ဟာ အန်တိုနီ အတွက် ပြောင်းရွှေ့ကြေးကို နောက် ၅ နှစ်အတွင်း အရစ်ကျပေးဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်၊ ဒါပေမယ့် ဆော်ပိုလိုကတော့ သူတို့ပိုက်ဆံကို မြန်မြန် လိုချင်နေတာကြောင့် စောပေးဖို့ တောင်းဆိုလာတာပါ၊ တောင်အမေရိက
ကလပ်ဟာ သူတို့ ကစားသမားတွေကို ပုံရိပ်မူပိုင်ခွင့်ကြေး ပေးရမှာလိုမျိုး ငွေကြေးပြဿနာတွေ ရှိနေတာ ဖြစ်ပါတယ်၊ အဲဒီ ပိုက်ဆံကို စက်တင်ဘာလ အကုန် ဒါမှမဟုတ် အောက်တိုဘာ အစမှာ ရောက်လာဖို့ မျှော်လင့်ထားပေမယ့် ဆော်ပိုလို ဥက္ကဌ ကာဆာရက်စ်ဟာ အောက်တိုဘာ ၁ ရက်နေ့ ကိုပါစူဒါအမေရိကာနာ မတိုင်ခင်မှာ သူ့ကစားသမားတွေ အားလုံးကို
ပေးစရာရှိတာတွေ ပေးချင်နေတာ ဖြစ်ပါတယ်။ ကိုပါ စူဒါအမေရိကာနာ ဟာ တောင်အမေရိကရဲ့ ဒုတိယတန်းအဆင့် ပြိုင်ပွဲမျိုး ဖြစ်ပြီး ယူရိုပါလိဂ်နဲ့ နှိုင်းလို့ရပါတယ်၊ ဆော်ပိုလို ဟာ ၂၀၁၂ မှာ ဒီဖလားကို ကိုင်မြှောက်ခဲ့ပြီးနောက်ပိုင်း ထပ်မံရရှိခဲ့ခြင်း မရှိသေးပါဘူး၊ အန်တိုနီဟာ ဆော်ပိုလိုကို အသက် ၁၀ နှစ်မှာ ရောက်ရှိခဲ့တာဖြစ်ပြီး
ဆယ်ကျော်သက် ကစားသမား အနေနဲ့ အသင်းကြီးထံ တိုးတက်လာခဲ့ကာ ၅၂ ပွဲ ကစားပေးခဲ့ပြီးနောက် ၂၀၂၀ ဇူလိုင်မှာ အေဂျက်ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်၊ အေဂျက်မှာ ၂၅ ဂိုး သွင်းယူခဲ့ပြီး ဖလား ၃ လုံး အောင်မြင်ခဲ့တဲ့နောက် အန်တိုနီက အိုးလ်ထရက်ဖို့ဒ်ထံ ပြောင်းရွှေ့ခဲ့တာပါ။
credit