တန်ဟက်ဂ် အသင်းသားတွေ ခြေစွမ်းပြလွန်းလို့ ချက် ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပေါ်တူဂီ
|ပေါ်တူဂီအသင်း ချက်ကို အနိုင်ရရှိခဲ့တဲ့ နေးရှင်းလိဂ် ပွဲစဥ်မှာတော့ မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေ ခြေစွမ်းပြ သွားခဲ့ပါတယ်၊ ၄ ဂိုးပြတ်နဲ့ အနိုင် ရရှိခဲ့ရာမှာ ဒါလော့က ၂ ဂိုး၊ ဖာနန်ဒက်က ၁ ဂိုး သွင်းယူခဲ့ပြီး ရော်နယ်ဒိုက ဂျိုတာရဲ့ ပွဲသိမ်းဂိုး အတွက် ဖန်တီးမှု တစ်ကြိမ် ပြုလုပ်ခဲ့ပြီး
အဲရစ် တန်ဟက်ဂ် ရဲ့ အသင်းသားတွေဟာ သွင်းဂိုးတွေမှာ ပါဝင်ပတ်သက် နိုင်ခဲ့ကြပါတယ်၊ ရော်နယ်ဒိုဟာ ပွဲချိန်ပြည့် ပါဝင် ကစားသွားခဲ့ပြီး သွင်းဂိုး မရခဲ့ပေမယ့် ဖန်တီးမှု တစ်ကြိမ် လုပ်နိုင်ခဲ့သလို match fit ဖြစ်ဖို့ အတွက်လည်း အထောက်အကူ ရသွားခဲ့ပါတယ်၊ ဒီနိုင်ပွဲကြောင့် ပေါ်တူဂီတို့
နောက်တဆင့် အတွက် အခြေအနေ ကောင်းသွားခဲ့ပြီ ဖြစ်ကာ စပိန်က ဆွစ်ဇာလန်ကို ရှုံးနိမ့်ခဲ့တာကြောင့် လာမယ့် စပိန်နဲ့ ပွဲစဥ်မှာ သရေ ကစားနိုင်ရုံနဲ့ အုပ်စုဗိုလ်အဖြစ် ရပ်တည်နိုင်တော့မှာလည်း ဖြစ်ပါတယ်၊ ပွဲကစားချိန် ၁၃ မိနစ်မှာတော့ ရော်နယ်ဒို တယောက် ဒဏ်ရာရ ရှိခဲ့ပြီး မျက်နှာမှာပါ
သွေးတွေပေနေတာကို မြင်တွေ့ခဲ့ရပါတယ်၊ ချက်ဂိုးသမား သောမတ်စ် ဗာကလစ် နဲ့ ဘောလုံးယှဉ်လုပြီး ပြန်အကျမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး နှာခေါင်းမှာ တော်တော်လေး ထိခိုက်ခဲ့တာလည်း ဖြစ်ပါတယ်၊ ပေါ်တူဂီ ဆေးအဖွဲ့က ကွင်းထဲထိ လာရောက် ကုသပေးခဲ့ရပြီး ဒီနောက်မှာတော့ သူက ဆက်လက် ကစားနေခဲ့တာ ဖြစ်ပါတယ်၊ စပိန်နဲ့ ပွဲကိုတော့ အင်္ဂါနေ့မှာ ကစားရမှာ ဖြစ်ပြီး အရေးမနိမ့်ရုံနဲ့ ဆီမီးဖိုင်နယ်ကို
ပေါ်တူဂီတို့ တက်ရောက်နိုင်တော့မှာ ဖြစ်ပါတယ်၊ ပေါ်တူဂီက နေးရှင်းလိဂ်မှာ ၂၀၁၉ ခုနှစ်တုန်းက ဗိုလ်စွဲခဲ့ဖူးပြီး အခုတခါမှာလည်း နောက်ထပ် တကြိမ် ဗိုလ်စွဲဖို့ အတွက် အခွင့်အရေး ရှိလာပြန်ပြီ ဖြစ်ပါတယ်၊ စပိန်ကတော့ ပေါ်တူဂီကို မဖြစ်မနေ အနိုင် ကစားမှသာ နောက်တဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။
credit