ဒီဂီယာရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှုကို တိုးမြှင့်သွားမလား လက်လွတ်သွားမလားဆိုတာ အတည်ပြု ဖော်ပြသွားကြတဲ့ အင်္ဂလန်အခြေစိုက် သတင်းဌာနများ
|မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘုတ်အဖွဲ့က ယခုနှစ် ဘောလုံးရာသီမှာ အသင်းရဲ့ လုပ်ခလစာ ပေးချေရမှုနှုန်း မြင့်မားလာတာကြောင့် အသင်းရဲ့ လုပ်ခလစာ အများဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်သလို အသင်းနဲ့လည်း စာချုပ်သက်တမ်း ၁ နှစ်သာကျန်တော့တဲ့ အဓိကဂိုးသမား ဒေးဗစ် ဒီဂီယာ ကို
စာချုပ်သစ် ထပ်မံ မချုပ်ဆိုဖို့ စဉ်းစားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနများက အခိုင်အမာ ဖော်ပြသွားကြပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆုဖလားတွေ တလုံးမှ မရခဲ့သလို ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပေမယ့် ကစားသမားတွေကို လုပ်ခလစာ
ပေးချေရမှုနှုန်းဟာ ပိုမို မြင့်တက်လာခဲ့ပြီး ယခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လုပ်ခလစာ ပေးချေရမှု အများဆုံး အသင်းအဖြစ်ပါ မှတ်တမ်းဝင်ခဲ့ပါတယ်၊ ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့က အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကို ပြန်လည် ထိန်းညှိနိုင်ဖို့ လာမယ့် နွေဈေးကွက် အတွင်းမှာ
လုပ်ခလစာမြင့် ကစားသမားတွေထဲက တချို့ကို ရှင်းထုတ်ရန် ဆုံးဖြတ်ထားပြီး ကြယ်ပွင့် တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ အဓိက ဂိုးသမား ဒီဂီယာ အပါအဝင် ကစားသမား တချို့ဟာ မန်ချက်စတာ ယူနိုက်တက် ကနေ ရှင်းထုတ်ခံရမယ့် ကစားသမားစာရင်းထဲ ပါဝင်နေပါတယ်၊ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနရဲ့ ဖော်ပြချက် အရ
မန်ချက်စတာ ယူနိုက်တက် ရဲ့ တာဝန်ရှိသူတွေက လက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ လုပ်ခလစာ အမြင့်ဆုံး ဂိုးသမား ဖြစ်နေပေမယ့် ထင်ထားသလောက် အသင်းကို အကျိုးပြုနိုင်စွမ်း မရှိတဲ့ ဒေးဗစ် ဒီဂီယာကို အရင်ဆုံး ရှင်းထုတ်ဖို့ စဉ်းစားနေကြပြီး ဒီဂီယာနဲ့ မန်ချက်စတာ ယူနိုက်တက် တို့ရဲ့ ကြားမှာ
ရှိနေတဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေတာကြောင့် မန်ချက်စတာ ယူနိုက်တက် က ဒီဂီယာကို စာချုပ်သစ်သာ ထပ်မံ မချုပ်ဆိုခဲ့ရင် ဒီဂီယာဟာ အသင်းကနေ အလွတ်နဲ့ ထွက်ခွာရလိမ့်မယ်လို့ သိရပါတယ်၊ မန်ချက်စတာ ယူနိုက်တက် နဲ့ နီးစပ်သူတွေကလည်း ဒီဂီယာဟာ
မန်ချက်စတာ ယူနိုက်တက် မှာသာ ဆက်နေချင်သေးကြောင်းကို အင်တာဗျူးတိုင်းမှာ ပြောဆိုထားပေမယ့် မန်ချက်စတာ ယူနိုက်တက် ရဲ့ တာဝန်ရှိသူတွေက ဒီဂီယာရဲ့ နေရာကို သွေးသစ် လောင်းချင်နေကြပြီး ဒီဂီယာသာ အသင်းကနေ ထွက်သွားရင် အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ်နဲ့ လိဒ်ယူနိုက်တက် ဂိုးသမား မက်စ်လီယာ တို့နှစ်ဦးထဲက တစ်ဦးဟာ မန်ချက်စတာ ယူနိုက်တက် ဂိုးသမားသစ် ဖြစ်လာဖွယ်ရှိကြောင်း ပြောကြားကြပါတယ်။
credit