မန်ချက်စတာ ယူနိုက်တက် ကစားသမားဘဝ အစမှာ ဝေဖန်ခဲ့သူတွေကို တုန့်ပြန်လိုက်တဲ့ လီဆန်ဒရို မာတီနက်ဇ်
|မန်ချက်စတာ ယူနိုက်တက် ဗဟိုခံစစ်မှူး ဖြစ်သူ လီဆန်ဒရို မာတီနက်ဇ် က ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးမှာ အစ မကောင်းခဲ့လို့ သူ့ရဲ့အရပ်အမောင်းနဲ့ စွမ်းဆောင််ရည်အပေါ် ဝေဖန်ခဲ့ကြတဲ့သူတွေအပေါ် ပြန်လည် တုန့်ပြန်သွားခဲ့ပါတယ်၊ ပြီးခဲ့တဲ့ နွေတုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်ရှိလာတဲ့
မာတီနက်ဇ်ဟာ မနေ့ညက ဟွန်ဒူးရက်စ် အသင်းကို 3-0 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ အာဂျင်တီးနား လက်ရွေးစင် အသင်းအတွက် ပွဲချိန်ပြည့် ပွဲထွက်ကစားခွင့် ရရှိခဲ့ပါတယ်၊ အဆိုပါ ပွဲစဥ်မှာတော့ လော်တာရို မာတီနက်ဇ်က တစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး လီယွန်နယ် မက်ဆီ က နှစ်ဂိုး သွင်းယူနိုင်ခဲ့
သလို လီဆန်ဒရို မာတီနက်ဇ် ကလည်း အသင်းကို Clean Sheet ရရှိအောင် အကူအညီပေးသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်၊ တကယ်တော့ လီဆန်ဒရို မာတီနက်ဇ် ဆိုတာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းလာခဲ့တဲ့နောက် အရပ််ပုတဲ့ အတွက် ဝေဖန်မှုတွေ အများကြီးခံခဲ့ရသလို အစပိုင်းပွဲစဥ်မှာ
မက်ဂွိုင်းယားနဲ့ တွဲဖက်ပြီး ခြေစွမ်း မပြနိုင်ခဲ့တာကြောင့်လည်း အပြောခံခဲ့ရပါသေးတယ်၊ ဒါပေမဲ့ ဗာရန်းနဲ့ တွဲဖက်ကစားရတဲ့နောက် မာတီနက်ဇ်ဟာ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသသွားနိုင်ခဲ့ပြီး သြဂုတ်လအတွက် မန်ချက်စတာ ယူနိုက်တက် ရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားလည်း ဖြစ်နိုင်ခဲ့ပြန်ပါတယ်။
ယခုတော့ ဟွန်ဒူးရက်စ် အသင်းကို ဂိုးပြတ်နိုင်အောင် ကစားခဲ့တဲ့နောက် မာတီနက်ဇ် က မန်ချက်စတာ ယူနိုက်တက် လို အသင်းမျိုးမှာ ကစားခွင့် ရရှိခြင်းဆိုတာ အိပ််မက်တွေ တကယ် ဖြစ်လာခြင်းပဲလို့ ပြောရင်း ဝေဖန်မှုတွေကို တုန့်ပြန်သွားခဲ့ပါတယ်၊ ရိုးရိုးသားသား ပြောရရင် မန်ချက်စတာ ယူနိုက်တက် လို အသင်းကြီးမှာ ကစားခွင့်ရရှိခြင်း ဆိုတာက
အိပ်မက်တွေ အမှန်တကယ် ဖြစ်လာခြင်းပါပဲ၊ အထူးသဖြင့် ပရီးမီးယားလိဂ်မှာ ကစားခွင့် ရရှိခြင်းပေါ့၊ ဒါဟာ ကမ္ဘာ့ အကောင််းဆုံးလိဂ်ပဲလို့ ကျွန်တော် ထင်မိပါတယ်၊ ပရီးမီးယားလိဂ်မှာ ရစ်သန်မှန်အောင် ကစားနိုင်တာက တကယ့်ကို ကောင်းမွန်လွန်းပါတယ်၊ ကျွန်တော်ကတော့ ဝေဖန်မှုတွေကို အဖက်လုပ်သွားမှာ မဟုတ်ပါဘူး။
ကျွန်တော့်ကို ကျွန်တော် ယုံကြည်သလို ယုံကြည်မှုလည်း ပြည့်ဝပါတယ်၊ ကျွန်တော် အလုပ်တွေလည်း နေ့တိုင်းကြိုးစားတယ်လေ၊ အဲ့တာက ရလဒ်ကောင်း တစ်ခု ရရှိစေနိုင်မှာပါ၊ အလုပ်တွေ ဆက်လက် ကြိုးစားဖို့ပဲ အာရုံစိုက်နေပါတယ်လို့ မာတီနက်ဇ်က ပြောကြား သွားခဲ့တာပဲ ဖြစ်ပါတယ်။
credit