အင်္ဂလန် နည်းပြ ရာထူးက စွန့်လွှတ်ဖို့ တောင်းဆိုခံနေရချိန်မှာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဦးဆောင်နိုင်မယ့် နည်းပြတစ်ဦးကို ထုတ်ပြောလိုက်တဲ့ ဆောက်ဂိတ်

ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အင်္ဂလန်ကို ဦးဆောင်နိုင်တဲ့ သူဟာ သူသာ ဖြစ်တယ်လို့ နည်းပြ ဂါးရတ် ဆောက်ဂိတ် က ပြောဆိုလိုက်ပါတယ်၊ နေးရှင်းလိဂ် ၅ ပွဲမှာ နိုင်ပွဲ လုံး၀မရှိဘဲ တန်းဆင်းခဲ့ရပြီး ဝေဖန်မှုတွေကို ရင်ဆိုင်နေရချိန်မှာ ဆောက်ဂိတ်က အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်၊ သူ့ရဲ့ပြောဆိုမှုဟာ




ပရိသတ်တွေ အကြားမှာ လှောင်ပြောင်စရာ တခုအဖြစ် ရှိလာခဲ့ပြီး ဆောက်ဂိတ်ကတော့ သူ့ယုံကြည်မှုကို ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ပါတယ်၊ ဆောက်ဂိတ်က သူ့လက်ထက်မှာ အင်္ဂလန်ကို ၂၀၁၈ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်နဲ့ ၂၀၂၀ ယူရို ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်၊ အဓိက ပြိုင်ပွဲကြီး နှစ်ခုမှာ




နောက်ဆုံး အဆင့်တွေကို ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့လို့ ချီးကျူးစရာ ကောင်းခဲ့ပေမယ့် လက်ရှိ အခြေအနေမှာတော့ သူ့ကို နည်းပြရာထူးက ထုတ်ပယ်ဖို့ အထိပါ ပရိသတ်တချို့က တောင်းဆိုနေတာကို ရင်ဆိုင်နေရပါတယ်၊ အင်္ဂလန် လက်ရွေးစင် နည်းပြဖြစ်သူ ဂါးရက် ဆောက်ဂိတ်က




ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အသင်းကိုဦးဆောင်ဖို့ အတွက် ကျနော်က သင့်တော်မှန်ကန်တဲ့ သူလို့ ထင်ပါတယ်၊ အဲဒါက ပိုပြီးတော့ အသင်းကို တည်ငြိမ်စေမယ် ဆိုတာကို ကျနော် သံသယ မရှိပါဘူး၊ အီတလီနဲ့ ပွဲက စွမ်းဆောင်ရည်မျိုးကို ကျနော် မစဉ်းစားမိဖူးဘူး၊ အခုကတော့ လက်ရှိ အခြေအနေကို




လက်ခံဖို့လိုပါတယ်၊ ကမ္ဘာ့ဖလားမှာ ဘယ်လိုတွေလုပ်နိုင်မလဲ ဆိုတဲ့ အပေါ်မူတည်ပြီး ကျနော် အဆုံးအဖြတ် ခံယူရမှာပါ၊
အသင်းစွမ်းဆောင်ရည်က အရမ်းကြီး ကွာဟလွန်းတယ်လို့ ကျနော် မထင်ပါဘူး၊ ဒါပေမယ့်လည်း ကျနော်တို့ အရေးနိမ့်ခဲ့တာ ဖြစ်တဲ့အတွက် ကဲ့ရဲ့ရှုတ်ချခံရမယ် ဆိုတာကိုတော့




ကျနော် သိပါတယ်လို့ ပြောဆိုသွားခဲ့ပါတယ်၊ အင်္ဂလန်ကတော့ နေးရှင်းလိဂ် နောက်ဆုံးပွဲ အဖြစ် လာမယ့်ပွဲမှာ ဂျာမနီနဲ့ ကစားသွားရမှာ ဖြစ်ပါတယ်၊ ဆောက်ဂိတ်ကတော့ ခရစ္စတယ်ပဲလေ့စ်၊ အက်စတွန်ဗီလာနဲ့ မစ်ဒယ်ဘရော့တို့မှာ ကစားခဲ့သူ ဖြစ်ပြီး အင်္ဂလန်လက်ရွေးစင် အသင်းအတွက် ၅၇ ပွဲအထိ

ပါဝင်ခွင့်ရခဲ့ကာ ၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားဟောင်း ဖြစ်ပါတယ်၊ အင်္ဂလန်ကို ၂၀၁၆ မှာ စတင် တာဝန်ယူခဲ့ပြီး သူ့လက်ထက်မှာ ပြိုင်ပွဲကြီး နှစ်ခုရဲ့ နောက်ဆုံး အဆင့်တွေဆီ အသင်းကို ပို့ဆောင် ပေးထားနိုင်ခဲ့ပါတယ်။

credit