အဲရစ် တန်ဟက်ဂ် ရဲ့ ယုံကြည်မှုကို ဘယ်လိုရယူသွားမလဲ ဆိုတာ ရှင်းပြလိုက်တဲ့ မက်ဂွိုင်းယား

ဟယ်ရီ မက်ဂွိုင်းယား က သူ့ဟာ မန်ချက်စတာ ယူနိုက်တက် မှာ အခွင့်အရေး ပြန်ရလာမယ် ဆိုတာ သိထားပြီး သူ့ရဲ့ စွမ်းဆောင်ရည်အပေါ် ဝေဖန်တာမျိုးကို မကြားချင်ဘူးလို့ ဆိုလိုက်ပါတယ်။ အင်္ဂလန်နောက်ခံလူဟာ 2019 ခုနှစ် နွေရာသီက မန်ချက်စတာ ယူနိုက်တက် ကို ကမ္ဘာ့စျေးအကြီးဆုံး နောက်ခံလူ အဖြစ် ရောက်ရှိလာခဲ့ပြီး မကြာခင်မှာပဲ




မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့ရသူ ဖြစ်ပါတယ်။ မက်ဂွိုင်းယားဟာ ပွဲစဥ် အတော်များများမှာ အမှားလုပ်လေ့ရှိပြီး ဝေဖန် သုံးသပ်သူများကလည်း ၎င်းရဲ့ ‌စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်မှုများကို ရင်ဆိုင်ခဲ့ရပြီး မန်ချက်စတာ ယူနိုက်တက် နည်းပြ Erik ten Hag က ၎င်းရဲ့ နေရာကို Lisandro Martinez နဲ့




အစားထိုးခဲ့တာကြောင့် ပွဲထွက်ခွင့်ပါ ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် အင်္ဂလန်နည်းပြ ဂါရတ် ဆောက်ဂိတ် ကတော့ မက်ဂွိုင်းယား အပေါ် ယုံကြည်မှုကို ထားရှိခဲ့ပြီး လက်စတာ ကစားသမားဟောင်းဟာ သောကြာနေ့က အီတလီကို ၁-၀ နဲ့ ရှုံးခဲ့တဲ့ ပွဲစဉ်မှာ မိနစ် ၉၀ ပြည့် ကစားစေခဲ့ပါတယ်။




ခြင်္သေ့သုံးကောင် အသင်းဟာ နေးရှင်းလိဂ် ပွဲစဉ် ရှုံးနိမ့်ပြီးနောက် တန်းဆင်းသွားရပြီလည်း ဖြစ်ပါတယ်၊ ဒါပေမယ့် ပွဲစဉ် အပြီးမှာ မက်ဂွိုင်းယားက ကလပ်နည်းပြ Ten Hag ရဲ့ ယုံကြည်မှုကို ပြန်လည် ရရှိရန် ယုံကြည်ကြောင်း အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။ ဟယ်ရီ မက်ဂွိုင်းယားက-




ကျွန်တော်က အားလုံးကောင်းတယ်၊ ကစားဖို့ အဆင်သင့်ပါပဲ၊ အခု ကျွန်တော်က ကြံ့ခိုင်ပြီး လန်းဆန်းနေပါတယ်၊ ပြီးတော့ ကျနော့်ပုံစံနဲ့ ပတ်သက်ပြီး ဘာတွေပြောထားလဲ မသိပါဘူး၊ ဘာကြောင့်လည်း ဆိုတော့ အဲဒါကို ကျနော် မဖတ်လို့ပါ၊ နွေရာသီမှာ အင်္ဂလန်အသင်းနဲ့ အပြုသဘောဆောင်တဲ့ ပွဲစဥ် သုံးပွဲအပြီးမှာ ထွက်လာခဲ့ပြီး ကောင်းမွန်တဲ့ ရာသီကြို ပွဲတွေမှာ ကျွန်တော် တကယ်ကို ကောင်းမွန်ခဲ့ပါတယ်၊ ဒါက သိသာထင်ရှားပါတယ်။




ဒါပေမယ့် Ten Hag က ကျွန်တော့်ကို ပွဲ တစ်ပွဲမှာ အရန်ခုံမှာ ထားခဲ့ဖို့ ဆုံးဖြတ်ခဲ့ပြီး အဲဒီကတည်းက မန်ချက်စတာ ယူနိုက်တက် က အနိုင်ရခဲ့တာပါ နောက်ပိုင်း ကျနော် ပွဲထွက်ခွင့် မရတော့ပါဘူး။ ဒီအတွက် အခွင့်အရေး ရလာတဲ့အခါ အဆင်သင့် ဖြစ်ဖို့ သေချာအောင် လေ့ကျင့်ရေးကွင်းမှာ ကြိုးကြိုးစားစား လုပ်နေပါတယ်၊ အဲဒါက ကျနော် အသင်းကို ကူညီဖို့ ကြိုးစားတာပါပဲ။




ကျနော် မန်ချက်စတာ ယူနိုက်တက် အတွက် ကွင်းအတွင်းကို အ‌ကောင်းဆုံး အနေအထားနဲ့ သေချာ ပြန်လာမှာပါ၊ အခု ကျွန်တော် လေ့ကျင့်ရေးမှာ အားသွန်ခွန်စိုက် ကြိုးစားဖို့ လိုပြီး အခွင့်အရေး ကြုံလာတဲ့အခါ ကျွန်တော် အဆင်သင့် ဖြစ်နေပါပြီ၊ ဒီအခွင့်အရေးက ရောက်လာတော့မှာပါလို့ takesport မှာ ‌ပြောကြားသွားတာပဲ ဖြစ်ပါတယ်။

credit