မာလာစီယာ ကို ဘယ်ဂျီယံနဲ့ ပွဲစဉ်မှာ နေရာပြောင်း ကစားစေခဲ့တဲ့ အကြောင်းအရင်းကို ဖော်ပြလာတဲ့ နယ်သာလန် နည်းပြ

နယ်သာလန် နည်းပြ လူး၀စ် ဗန်ဂါး က မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ မာလာစီယာကို လာမယ့် ကမ္ဘာ့ဖလားမှာ ဘယ်ခြမ်း ဗဟိုနောက်ခံလူအဖြစ် ထားကစားသွားရန် ရည်ရွယ်လျက် ရှိနေပြီး အသက် ၂၃ နှစ်အရွယ် ကစားသမားကို ဘယ်ဂျီယံနဲ့ ပွဲစဉ်မှာ ဒီနေရာမှာ စမ်းသပ် ကစားစေခဲ့ပါတယ်။




ဗန်ဂါးဟာ နယ်သာလန်တို့ ဘယ်ဂျီယံကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ Nations League ပွဲစဉ် ပထမပိုင်းအပြီးမှာ နေသန်အကီ အစား မာလာစီယာကို ကစားစေခဲ့ပါတယ်၊ ဒါပေမယ့် မာလာစီယာဟ။ ဘယ်နောက်ခံအဖြစ် ကစားသွားခဲ့ရတာ မဟုတ်ဘဲ တင်ဘာ ဗန်ဒိုက်တို့နဲ့ ၃ ယောက်တန်း ခံစစ်မှာ




ဗဟိုနောက်ခံလူအဖြစ် ကစားသွားခဲ့ပြီး ဒါလေဘလိုင်း ကတော့ left wing-back အဖြစ် ဆက်ကစားခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ကစားသမားသစ်ဟာ နေရာစုံ ကစားနိုင်တဲ့ အရည်အသွေးကောင်းကို ပြသသွားခဲ့ပြီး ဗန်ဂါးက မာတင်အင်ဒီ အနေနဲ့ ကမ္ဘာ့ဖလားနဲ့ လွဲချော်မှာ ဖြစ်တာကြောင့်




မာလာစီယာကို ဒီနေရာမှာ ကစားစေဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်၊ မာလာစီယာကို နေရာသစ်မှာ ကစားခိုင်းခဲ့တဲ့အပေါ် မေးမြန်းရာမှာ ဗန်ဂါးက ကျွန်တော် မာလာစီယာကို left centre-back နေရာမှာ ကစားခိုင်းခဲ့ပါတယ်၊ ဘာလို့လဲ ဆိုတော့ မာတင်အင်ဒီဟာ ဒဏ်ရာ ပြသနာကြောင့်




ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်မှာ ဖြစ်လို့ပါပဲ၊ ကျွန်တော့်အနေနဲ့ ဒီနေရာမှာ ကစားနိုင်တဲ့ အခြားသူတွေကို တစ်ချက် ကြည့်သွားရမှာပါ၊ မာလာစီယာ ဘာလုပ်နိုင်သလဲ ဆိုတာ ကျွန်တော် ကြည့်ချင်တာကြောင့် အကီနဲ့ လူစားလဲခဲ့တာပါလို့ ပြောလိုက်ပါတယ်၊ ဗန်ဒိုက်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ နယ်သာလန်ဟာ ဒီရလဒ်ကြောင့် Nations League A ရဲ့ Group 4 မှာ ရမှတ် ၁၆ မှတ်နဲ့ ပထမနေရာရသွားခဲ့ပြီး Nations League finals ကို တက်ရောက်သွားခဲ့ပါတယ်။

credit