ပြင်သစ်နဲ့ ပွဲစဉ်မှ အဲရစ်ဆင်ရဲ့ ကြောက်မက်ဖွယ် စွမ်းဆောင်ရည်များ
|မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကို ထိန်းကျောင်းပေးနေရုံ မကပဲ ဒိန်းမတ် အတွက် နတ်ဘုရား တစ်ပါးရဲ့ အရည်အသွေးမျိုးကိုပါ ထုတ်ပြသွားတဲ့ ပြင်သစ်နဲ့ ပွဲစဉ်မှ အဲရစ်ဆင်ရဲ့ ကြောက်မက်ဖွယ် စွမ်းဆောင်ရည်များ
မန်ချက်စဝာာ ယူနိုက်တက် ကြယ်ပွင့် ဒိန်းမတ် နိုင်ငံသား ကွင်းလယ် ပဲ့ကိုင်ရှင် အဲရစ်ဆင်ဟာ လက်ရွေးစင် အသင်းမှာလည်း တောက်လျှောက် အားလုံး မျှော်လင့်နေတာထက် ပိုပြီး ခြေစွမ်း ပြသသွားနိုင်ခဲ့ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ပြင်သစ်နဲ့ ပွဲစဉ်မှာ ဒိန်းမတ်ဟာ ပြင်သစ်ကို ၂-၀ နဲ့ အနိုင် ရရှိခဲ့ပြီး
ထိပ်တန်း ကွင်းလယ်လူ တစ်ဦးရဲ့ ခြေစွမ်းမျိုးကို ပြသခဲ့တဲ့ အဲရစ်ဆင်ဟာ အားလုံးရဲ့ ချီးကျူးမှုတွေကို ထပ်မံ သိမ်းပိုက် ရယူသွားနိုင်ခဲ့ကာ ရင့်ကျက် တည်ငြိမ်လာတဲ့ ကွင်းလယ်လူ တဦးရဲ့ အသွင်သဏ္ဍာန်သာ ၎င်းဆီမှာ အပြည့်အ၀ ရှိနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ပွဲချိန်အတွင်း အဲရစ်ဆင်ရဲ့ ကြောက်မက်ဖွယ် စွမ်းဆောင်ရည်တွေကတော့
Dribbles ၃ ကြိမ်စလုံး အောင်မြင်ခဲ့ပြီး ပေးပို့မှု ၈၄% အထိ တိကျ သေသပ်ခဲ့ပါတယ်၊ ဒါ့အပြင် ဘောလုံးထိချက် ၈၀ ကြိမ်ထိ ရှိခဲ့ပြီး ဖြတ်တင်ဘော ၉ ကြိမ် ပြုလုပ်နိုင်ခဲ့သလို အရေးပါတဲ့ ပေးပို့မှု ၈ ကြိမ်ကိုလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်၊ မြေပြင် ဘောလုံး ရယူနိုင်မှုမှာတော့ ၄ ကြိမ်ရှိခဲ့ပြီး Long Balls ၂ ကြိမ် အထိ ရှိခဲ့ပါတယ်။
အခွင့်အရေး ဖန်တီးပေးနိုင်မှု ၈ ကြိမ်ဟာဆိုရင် သူ့ရဲ့ အသင်းဖော်အားလုံး စုစုပေါင်း လုပ်ပေးနိုင်တာထက် ပိုများခဲ့တာ ဖြစ်ပြီး အံ့အားသင့်ဖွယ်ရာ စွမ်းဆောင်ရည်ပဲလို့ ကျွမ်းကျင်သူတွေက မှတ်ချက်ပြုခဲ့ကြပါတယ်၊ ပြီးခဲ့တဲ့ ခရိုအေးရှားကို အရေးနိမ့်ခဲ့တဲ့ ပွဲစဥ်မှာလည်း အသင်းရလဒ် မကောင်းခဲ့ပေမယ့်
အဲရစ်ဆင်ဟာ ခြေစွမ်းပြခဲ့ပြီး လှပတဲ့ သွင်းဂိုး တစ်ဂိုးကို ရယူပေးနိုင်ခဲ့ပါသေးတယ်။ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ကတော့ နှလုံးရောဂါကြောင့် ကွင်းထဲလဲကျပြီး ကစားသမားဘ၀ အဆုံးသတ်ပြီလို့ ထင်မှတ်ခဲ့ရပေမယ့် ပြန်လည် ကစားနိုင်ချိန်မှာ အကောင်းဆုံး ပြန်လာနိုင်ခဲ့ပြီး အရင်ကထက်တောင် ပိုပြီး ခြေစွမ်းပြလာခဲ့တာပါ။
ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းကို အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီး နောက် မန်ချက်စတာ ယူနိုက်တက် အဲရစ် တန်ဟက်ဂ် ရဲ့ အားအကိုးရဆုံး ကစားသမားလည်း ဖြစ်လာခဲ့ပြီး ပုံမှန် ပွဲထွက်ခွင့် ရရှိနေသလို အသင်းရဲ့ ကွင်းလယ်ကိုလည်း အကောင်းဆုံး ထိန်းကျောင်းပေးနေသူလည်း ဖြစ်ပါတယ်။
နှလုံးမှာ စက်တပ်ထားပေမယ့် အဲရစ်ဆင်ရဲ့ ခြေစွမ်းကတော့ အသိအမှတ် မပြုဘဲ နေလို့မရအောင် ရှိနေခဲ့ပြီး စက်ရုပ်တရုပ်လို မမောနိုင်မပမ်းနိုင် ကစားနိုင်နေခဲ့ပါတယ်၊ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ယောက်ဆိုတဲ့ အနေအထားကိုလည်း ပြန်လည် ရောက်လာပြီလို့ ပြောလို့ရပါတယ်။
credit