မန်ချက်စတာ ယူနိုက်တက် နဲ့ ရက်ရှ်ဖို့ဒ် ရဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားသွားမယ်လို့ ဆိုပါတယ်

0
651

စာချုပ်သစ် ထပ်မံ ချုပ်ဆိုဖို့ ညှိနှိုင်းမှု မအောင်မြင်ပါက မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မားကပ်စ် ရက်ရှ်ဖို့ဒ် နဲ့ပတ်သက်ပြီး အရန် အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်သွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။ မားကပ်စ် ရက်ရှ်ဖို့ဒ် နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ စာချုပ်ဟာ




ဇွန်လမှာ သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် ကစားသမားဟာ ဇန်နဝါရီမှ စတင်ကာ ပြည်ပကလပ်များနဲ့ ညှိနှိုင်းမှုများ ပြုလုပ်နိုင်တယ်လို သတင်းများက ဖော်ပြနေကြပြီး ၎င်းကို PSG အသင်းက စိတ်ဝင်စားနေကြောင်း သိရပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ




တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့ စာချုပ်ပါအချက် တစ်ချက်ကို သက်တမ်းတိုးရန် သဘောတူညီဖို့ ပျက်ကွက်ပါက အသင်းပြောင်းသွားမည် ဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက် ရှိနေပါတယ်။ ရက်ရှ်ဖို့ဒ်ရဲ့ လက်ရှိစာချုပ်ဟာ ဇွန်လမှာ သက်တမ်း ကုန်ဆုံးမှာ ဖြစ်သော်လည်း မန်ချက်စတာ ယူနိုက်တက် အသင်းက ၎င်းကို နောက်ထပ် 12 လ အထိ




သက်တမ်း ထပ်တိုးချုပ်ဆိုခွင့် စာချုပ်မှာ ပါရှိနေပါတယ်။ အသက် 24 နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ရက်ရှ်ဖို့ဒ်ဟာ ခက်ခဲခဲ့တဲ့ 2021/22 ရာသီမှာ အင်္ဂလန် လက်ရွေးစင် အသင်းမှာ ပွဲထွက်ခွင်နေရာကို ဆုံးရှုံးခဲ့ပြီး ပြိုင်ပွဲ အရပ်ရပ်မှာ ငါးဂိုးသာ သွင်းယူနိုင်ခဲ့ပြီးနောက် ၎င်းရဲ့ အနာဂတ်ဟာ ယခုထိ ရှင်းလင်းခြင်း မရှိသေးပါဘူး။




ရက်ရှ်ဖို့ဒ်ဟာ နွေရာသီမှာ မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ အဖြစ် Ralf Rangnick နေရာကို ဆက်ခံခဲ့တဲ့ Erik ten Hag လက်ထက်မှာ ၎င်းရဲ့ ပုံစံကို ပြန်လည် ရှာဖွေတွေ့ရှိခဲ့ပြီး ယခုရာသီ အင်္ဂလန် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နေရာ တစ်နေရာ အတွက် အရေးဆိုရန် အတွက် ပရီးမီးယားလိဂ် ပွဲစဉ် ခြောက်ပွဲကစားပြီး




နှစ်ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်၊ The Express ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက် ဟာ ရက်ရှ်ဖို့ဒ်နဲ့ ငါးနှစ် စာချုပ်သစ်ကို သဘောတူညီရန် မျှော်လင့်လျက်ရှိပြီး မန်ချက်စတာ ယူနိုက်တက် နဲ့ နိုင်ငံလက်ရွေးစင် အသင်းအတွက် ပွဲပေါင်း 309 ပွဲကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ ရက်ရှ်ဖို့ဒ်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှုံးရမှာကို စိုးရိမ်နေပြီး သူ့စာချုပ်ကို သက်တမ်းတိုးလိုက်တာက တခြားနေရာမှာ ဆက်လျှောက်ချင်တယ် ဆိုရင် ဒါမှမဟုတ် ညှိနှိုင်းဖို့ အချိန်ပိုပေးချင်တယ် ဆိုရင်တော့ လာမယ့်နွေရာသီမှာ သူ့အတွက် ပြောင်းရွှေ့ကြေးကို ပေးဆောင်နိုင်စေမှာ ဖြစ်ပါတယ်။

PSG အသင်းဟာ ရက်ရှ်ဖို့ဒ်ရဲ့ အခြေအနေကို စိတ်ဝင်တစား စောင့်ကြည့်နေတယ်လို့ သိရပြီး အခွင့်သင့်တာနဲ့ ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားသွားမယ်လို့ သိရပါတယ်၊ မားကပ် ရက်ရှ်ဖို့ဒ် ဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ စာချုပ်သစ် ချုပ်ဆိုမယ်လို့ ထင်ပါသလား?

credit