တန်ဟက်ဂ်ကို ပညာပြဖို့ ကြိုးစားပေမယ့် မာလာစီယာနဲ့ အချင်းများခဲ့ရတဲ့ ဗန်ဂါး

နယ်သာလန်ဟာ ဘယ်လ်ဂျီယံကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ နေးရှင်းလိဂ် ပွဲစဉ်မှာ နယ်သာလန် နည်းပြ ဗန်ဂါးလ်က ပြိုင်ဘက်အသင်း ကွင်းလယ်လူ ကီဗင်ဒီဘရိုင်းကို ထိန်းချုပ်နိုင်ဖို့ အတွက် အံ့အားသင့်ဖွယ်ရာ ကစားသမား လဲလှယ်မှုကို ပြုလုပ်ခဲ့ပါတယ်၊ ဗဟိုခံစစ်လူ နသန်အကီ နေရာမှာ




ဘယ်အစွန် နောက်ခံလူ မာလာစီယာကို ထည့်သွင်းခဲ့တာ ဖြစ်ပြီး ဒီ နည်းစနစ်ပိုင်းနဲ့ ပတ်သက်လို့ ဗန်ဂါးလ်နဲ့ ကစားသမားကြားမှာလည်း အငြင်းပွားမှုတွေ ဖြစ်ခဲ့ရတဲ့အထိ ပါပဲ၊ မာလာစီယာကို ဘယ်ခြမ်း ဗဟိုနောက်ခံလူ အဖြစ် ဗန်ဂါးလ်က ကစားစေခဲ့တာ ဖြစ်ပြီး full-back ဒါမှမဟုတ် wing-back




အဖြစ်နဲ့သာ ကစားလေ့ရှိတဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား အတွက်တော့ ဒါက ခက်ခဲမှုတခု ဖြစ်ခဲ့ပါတယ်၊ ကွင်းဘေးစည်းနားမှာ ဗန်ဂါးလ်နဲ့ မာလာစီယာကြား အချေအတင် စကားပြောခဲ့ကြရပြီး ဘယ်လိုတွေ ဖြစ်ခဲ့လဲ ဆိုတာကို ဗန်ဂါးလ်က အခုလို ဖွင့်ဟသွားခဲ့ပါတယ်။




ကျနော်က မာလာစီယာကို ဗဟိုခံစစ် နေရာမှာ ကစားစေချင်တယ်၊ ဒါကြောင့်လည်း နသန်အကီ နေရာမှာ သူ့ကို ထည့်လိုက်တာ၊ ကမ္ဘာ့ဖလားမှာ မာတင်အင်ဒီက ပါမှာမဟုတ်ဘူး၊ အဲဒီ နေရာမှာလည်း သူ မကစားနိုင်ဘူး၊ ဒီတော့ ဘယ်သူက အဲဒီ နေရာမှာ ကစားနိုင်မလဲ ဆိုတာကို  ကျနော်ရှာနေတာ




မာလာစီယာကို ဗဟိုခံစစ် ဘယ်ခြမ်းမှာ ကျနော် ထည့်လိုက်တာက ဒီဘရိုင်းက အဲဒီဘက်ကနေ အရမ်း ကစားနေတာ နည်းဗျူဟာကျကျ ဖြေရှင်းဖို့ ကြိုးစားတဲ့ ဒီလေဘလင်း အစား Pitbull တကောင်ရှိနေတာက ပိုကောင်းတယ်လေ၊ ဒီဘရိုင်းက ဘလင်းထက် acceleration ပိုပြီးလုပ်နိုင်တယ်။




ဒီတော့ မာလာစီယာကို ထည့်လိုက်ရတာ၊ ဒီပွဲမတိုင်ခင် သူနဲ့လည်း ဒါကို ဆွေးနွေးပြီးသား၊ သူ အဲဒီနေရာမှာလည်း ကစားနိုင်တယ် လို့ ဆိုပါတယ်၊ ဒါပေမယ့် မာလာစီယာက ကျနော်က ရှေ့ကို ပိုပိုပြီးရောက်နေတာ၊ အဲဒီနေရာမှာ မြန်မြန်ဆန်ဆန် လုပ်နိုင်ဖို့က မလွယ်ဘူး၊ ဒါပေမယ့် တခြားသူတွေက




ကျနော့်ကို မှန်မှန်ကန်ကန် ဖြစ်အောင် ပြင်ဆင်ပေးခဲ့ပါတယ်လို့ ဆိုခဲ့ပါတယ်၊ ပွဲအပြီးမှာ ဒီအကြောင်းကို သူတို့ ထပ်ဆွေးနွေးခဲ့ကြပြီး အားလုံး အဆင်ပြေတယ်လို့ ဗန်ဂါးလ်က ထပ်ပြောခဲ့ပါတယ်၊ ဗန်ဂါးလ်ရဲ့ မာလာစီယာကို နေရာပြောင်းလဲ ကစားစေပြီး ဒီဘရိုင်းကို ထိန်းချုပ်စေခဲ့တဲ့ နည်းလမ်းက လာမယ့်

မန်ချက်စတာဒါဘီ ပွဲစဥ်မှာ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် အတွက်တော့ အထောက်အကူ ဖြစ်လာနိုင်မလား ဆိုတာတော့ စောင့်ကြည့်ရပါမယ်၊ အထောက်အကူ မဖြစ်ရင်တော့ နေရာပြောင်းလဲ ကစားခဲ့မှုက ကစားနေကျ ပုံစံ အတွက် အနှောက်အယှက် ဖြစ်သွားနိုင်တာကြောင့် စိုးရိမ်ရပါတယ်။

credit