ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲတွေကို ဘယ်လို ကျော်ဖြတ်သွားမလဲ ဆိုတာ ထုတ်ပြောလိုက်တဲ့ အန်တိုနီ
|မန်ချက်စတာ ယူနိုက်တက် ကစားသမားသစ် ဖြစ်သူ အန်တိုနီက မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပြုလုပ်ရတဲ့ လေ့ကျင့်ခန်း အစီအစဥ်တွေက အသင်းဟောင်း အိုင်းယတ်စ်မှာ ပြုလုပ်ရတာတွေနဲ့ အရမ်း ကွဲပြားခြားနားပြီး ပြင်းထန်မှု ရှိလို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ လုပ်ဆောင်ထားတယ်လို့
ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။ ဘရာဇီးလ်လက်ရွေးစင် တောင်ပံကစားသမား အန်တိုနီဟာ ဒီနှစ် နွေစျေးကွက် အတွင်းမှာပဲ အိုင်းယတ်စ်ကနေ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ယူရို သန်း ၁၀၀ နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး အသင်းနဲ့ ပွဲဦးထွက်မှာပဲ အာဆင်နယ် အသင်းဘက်ကို တာထွက်သွင်းဂိုး
တစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်၊ အန်တိုနီဟာ အဲ့ဒီပွဲစဥ် နောက်ပိုင်း ကတည်းက မန်ချက်စတာ ယူနိုက်တက် ပွဲတွေကို ဆက်တိုက် ပါဝင်ခွင့် ရလာခဲ့ပြီး အန်တိုနီက မန်ချက်စတာ ယူနိုက်တက် မှာ လေ့ကျင့်ခန်း အစီအစဥ်တွေ လုပ်ဆောင်နေရခြင်းက အသင်းဟောင်း အိုင်းယတ်စ်မှာလို မဟုတ်တော့ပဲ
ကွဲပြားမှုတွေ ရှိနေဖြစ်လို့ ပြင်းထန်တဲ့ စိန်ခေါ်မှုတွေ အတွက် ပြင်ဆင်ထားတယ်လို့ ပြောဆိုလိုက်ပါတယ်၊ အန်တိုနီက
လေ့ကျင့်ရေးတွေက ကွာခြားမှု ရှိပေမယ့်လည်း စိတ်ပိုင်းဆိုင်ရာ အရတော့ ပြင်ဆင်ထားပါတယ်၊ ကျွန်တော်က ပရီးမီးယားလိဂ်ကို အမြဲတမ်းကြည့်နေတာ ဖြစ်လို့ ဒီပြိုင်ပွဲက ဘယ်လောက်ကို ပြင်းထန်လဲဆိုတာ သိနေပါတယ်၊ ပွဲစဥ်တွေက ဘယ်လောက် ပြင်းထန်လဲ ဆိုတာ သိနေတာကြောင့် ရာနှုန်းပြည့် အကောင်းဆုံး
စွမ်းဆောင်နိုင်ဖို့ အတွက် လေ့ကျင့်ပြင်ဆင်မှုတွေ အများကြီး လုပ်ဆောင်ထားပါတယ်၊ အသင်းက အရမ်းကောင်းတဲ့ ကစားသမားတွေနဲ့ စုစည်းထားတာ ဖြစ်လို့ ကစားသမား တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ နားလည်မှုတွေ ဆောက်တည်ရမယ်၊ ကျွန်တော်တို့က တစ်ပွဲပြီးတစ်ပွဲ တစ်နေ့ထက် တစ်နေ့
ပိုပိုပြီး သိလာရတယ်၊ ဒါမှ ကစားသမားတွေကြားက ဟန်ချက်ညီမှု ရှိလာနိုင်မယ်၊ အလုပ်လည်း ဖြစ်လာနိုင်မယ်၊ ဒီမှာ ရှိတဲ့သူတွေကလည်း ကျွန်တော့်ကို နွေးနွေးထွေးထွေး ဝိုင်းကြိုဆိုကြလို့ အိမ်ကို ရောက်နေရသလိုတောင် ခံစားမိတယ်၊ ဒီလိုနဲ့ မန်ချက်စတာမှာ နေသားတကျ ဖြစ်သွားခဲပါတယ်၊ ဒီမှာရှိတဲ့
ဘရာဇီးလ်သားတွေနဲ့ လက်တွဲ လုပ်ကိုင်ရတာ အရမ်းကောင်းသလို တခြား အသင်းသားတွေကလည်း မယုံနိုင်လောက်အောင် ကြိုဆိုကြတယ်၊ ဒါက ကျွန်တော့်ကို လိုက်လျောညီထွေး ဖြစ်အောင် အတော်လေး အကူအညီပေးပါတယ်လို့ အန်တိုနီက ထုတ်ဖော် ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။
credit